Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းနယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ပြည်သူတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

လက်ယက်ကုန်းရွာကို ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာ၁၆ ရက်ကလည်း လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်ခဲ့၍ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းရှိ ကလေးငယ် ၆ ဦးအပါအဝင် ပြည်သူ၁၁ဦးသေဆုံးခဲ့သေးသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်းကျေးရွာသို့ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

လက်ယက်ကုန်းရွာနေ အသက်(၄၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း၊ ထို့အပြင် အခြား မိသားစုတစ်စုမှ သုံးဦးထိခိုက်ဒဏ်ရာရကာ တစ်ဦးမှာစိုးရိမ်ရကြောင်း ၎င်းအဖွဲ့က ပြောသည်။

“ရေဦးက စစ်သား ၂၀လောက်က ရေဦးကြာဖူးဝိုင်းကနေ လက်နက်ကြီးနဲ့ ရမ်းပစ်တာ။ လက်ယက်ကုန်းကျေးရွာထဲ လက်နက်ကြီးနှစ်လုံးကျတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

လက်ယက်ကုန်းရွာကို ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာ၁၆ ရက်ကလည်း လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်ခဲ့၍ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းရှိ ကလေးငယ် ၆ ဦးအပါအဝင် ပြည်သူ၁၁ဦးသေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။