Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နည်းပညာမြင့် ရေငုပ်သင်္ဘောသစ်ကနေ တိုက်ချင်းပစ်ဒုံးကျည် အောင်အောင်မြင်မြင် စမ်းသပ်ခဲ့ကြောင်း ရုရှားကြေညာ

ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားနဲ့ အနောက်မဟာမိတ် နိုင်ငံတွေကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ရုရှားက အခုလိုမျိုး အရေးကြီးတဲ့ စစ်ရေးနည်းပညာသစ်ကို လက်တွေ့ စမ်းသပ်ခဲ့တာပါ။

နည်းပညာမြင့် ရေငုပ်သင်္ဘောသစ်ကနေ တိုက်ချင်းပစ်ဒုံးကျည် အောင်အောင်မြင်မြင် စမ်းသပ်ခဲ့ကြောင်း ရုရှားကြေညာ
နည်းပညာမြင့် ရေငုပ်သင်္ဘောသစ်ကနေ တိုက်ချင်းပစ်ဒုံးကျည် အောင်အောင်မြင်မြင် စမ်းသပ်ခဲ့ကြောင်း ရုရှားကြေညာ

အဆင့်မြင့် နည်းပညာတွေနဲ့ တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘော အသစ်ကနေ မဟာဗျူဟာ တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှားစစ်တပ်က ကြေညာပါတယ်။

ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားနဲ့ အနောက်မဟာမိတ် နိုင်ငံတွေကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ရုရှားက အခုလိုမျိုး အရေးကြီးတဲ့ စစ်ရေးနည်းပညာသစ်ကို လက်တွေ့ စမ်းသပ်ခဲ့တာပါ။

ဒုံးကျည် ပစ်လွှတ်ခဲ့တဲ့ Imperator Alexander III ရေငုပ်သင်္ဘောဟာ ရုရှားရဲ့ Borei အမျိုးအစား ရေငုပ်သင်္ဘော အသစ်တွေထဲက တစ်စီး ဖြစ်ပါတယ်။ Borei တစ်စီးစီမှာ နျူကလီးယား ထိပ်ဖူးတွေ တပ်ဆင်ထားတဲ့ Bulava ဒုံးကျည် ၁၆ စင်းကို သယ်ယူနိုင်မှာဖြစ်ပြီး လာမယ့် ဆယ်စုနှစ်တွေအတွင်း ရေတပ်ရဲ့ အဓိက ရေငုပ်သင်္ဘော တပ်ဖွဲ့ကို Boreiတွေနဲ့ စုဖွဲ့ဖို့ ရုရှားက ရည်ရွယ်ထားပါတယ်။

ရေငုပ်သင်္ဘောက ပင်လယ်အောက်မှာ ငုပ်လျှိုးနေရင်း Bulava ဒုံးကျည်ကို ပစ်ခတ်ခဲ့တဲ့ လက်နက် စမ်းသပ်မှုကိုတော့ ရုရှား မြောက်ပိုင်းက ပင်လယ်ဖြူကနေ ပြုလုပ်ပြီး နိုင်ငံရဲ့ အရှေ့ဖက်စွန်း၊ ကမ်ချတ်ကာ ဒေသမှာရှိတဲ့ ပစ်မှတ်ကို တိတိကျကျ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်နက် စမ်းသပ်တဲ့ နေ့ရက် အတိအကျကိုတော့ ရုရှားစစ်တပ်က ထုတ်မပြောခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ရုရှားကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ တိုက်ချင်းပစ် မဟာဗျူဟာ ဒုံးကျည် တစ်စင်းကို ရေအောက်ကနေ ပစ်ခတ်ခြင်းဟာ Imperator Alexander IIIရဲ့ စွမ်းဆောင်ရည်ဆိုင်ရာ နောက်ဆုံး အဆင့် စမ်းသပ်မှုဖြစ်ပြီး မကြာခင်မှာ ရေတပ်ကို အလုံးအရင်း တပ်တော်ဝင်လာနိုင်မယ်လို့ သိရပါတယ်။ ရုရှားရေတပ်မှာ လောလောဆယ် Borei အဆင့် ရေငုပ်သင်္ဘော သုံးစီးအမှုထမ်းနေပြီး နောက်ထပ် တစ်စီးကလည်း အပြီးသတ် စမ်းသပ် ခုတ်မောင်းမှုတွေ လုပ်ဆောင်နေသလို နောက်ထပ် အရေအတွက် တချို့ကိုတော့ ဆောက်လုပ်နေဆဲလို့ ဝန်ကြီးဌာနက ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။