Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူ နှင့် ရေစကြိုမှ ပျူရွာ၃ရွာအား ​တော်လှန်​​ရေးအဖွဲ့များ နှစ်ရက်ဆက်တိုက်ခိုက်

ဂွေးချိုပျူရွာကို နံနက် ၅နာရီခွဲခန့်တွင် ဒေသတွင်းတော်လှန်ရေးအင်အားစုများက ရွာ၏ အရှေ့ဘက်နှင့် မြောက်ဘက်မှ နှစ်ဖွဲ့ခွဲကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(သိမ်းဆည်းရမိသောသေနတ်တစ်လက်အားတွေ့ရစဥ်။ ဓါတ်ပုံ-ပခုက္ကူပကဖ)
(သိမ်းဆည်းရမိသောသေနတ်တစ်လက်အားတွေ့ရစဥ်။ ဓါတ်ပုံ-ပခုက္ကူပကဖ)

မကွေးတိုင်း၊ပခုက္ကူနှင့် ရေစကြိုမြို့နယ်များတွင် စစ်ကောင်စီလက်အောက်ခံ ပျူရွာ၃ရွာအား ၂ ရက်ဆက်တိုက် တိုက်ခိုက်ရာ ပျူစောထီး ၃ ဦး ထက်မနည်းသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

နိုဝင်ဘာလ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်ကပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူ‌‌ရွာအား မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တပ်ခွဲ(၁)နှင့် ပခုက္ကူ ခရိုင် တပ်ရင်း (၁၃)တို့ပူးပေါင်း၍ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် ပျူစောထီးအဖွဲ့ဝင် ၃ ဦး နေရာတင် ပွဲချင်းပြီးသေဆုံးပြီး ရှော့ဂန်းတစ်လက် သိမ်းဆည်းခဲ့ကြောင်း ပခုက္ကူပကဖအဖွဲ့၏ တာဝန်ခံက ပြောသည်။

“ကြာတာက၂၀ မိနစ်ပါ။ ပျူအိမ်နဲ့ ပျုဂိတ်ကို ပျူရွာထဲထိသွားတိုက်တာပါ။”ဟု ပခုက္ကူပကဖအဖွဲ့၏ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ပျူ​စောထီးများ​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

အလားတူ နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ရေစကြိုမြို့နယ်ရှိ ပျူရွာများဖြစ်သော ဂွေးချိုနှင့် မင်းရွာတို့ကို ဒေသတွင်း PDF များက သွားရောက်တိုက်ခိုက်ခဲ့သည်။

ဂွေးချိုပျူရွာကို နံနက် ၅နာရီခွဲခန့်တွင် ဒေသတွင်းတော်လှန်ရေးအင်အားစုများက ရွာ၏ အရှေ့ဘက်နှင့် မြောက်ဘက်မှ နှစ်ဖွဲ့ခွဲကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မင်းရွာပျူရွာကိုမူ ဒရုန်းဖြင့် နေ့လယ်ပိုင်းတွင် ဗုံးသီး ၈ လုံး၊ ညပိုင်းတွင် ၁၉ လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဂွေးချိုနှင့် မင်းရွာတိုက်ခိုက်မှုများတွင် ပျူများထိခိုက်မှုရှိနိုင်သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များကဆိုသည်။ ထိုဖြစ်စဥ်များအားတော်လှန်ရေးအင်အားစုများက ထုတ်ပြန်ခြင်းမရှိသေးပေ။

ရေစကြိုမြို့နယ်၊ မင်းရွာသည် တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လေ့ရှိပြီး နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ထိုမင်းရွာပျူစခန်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အနီးဝန်းကျင်ရွာများမှ ကျွဲနွားအချို့ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။