Connect with us

Hi, what are you looking for?

သတင်း

မုံးကို စစ်ကောင်စီဗျူဟာစခန်းကုန်းကို ယနေ့နေ့လယ်တွင် MNDAAနှင့် AA သိမ်းပိုက်

“မုံးကိုး စကစ ဗျူဟာစခန်းကုန်း ကျသွားကြီ MNDAAနဲ့ AAက သိမ်းတာ။၁၀၅မမ ၂ခုသိမ်းရတယ်ပြောတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(စစ်ကောင်စီတပ်စခန်းတစ်ခုကို MNDAAက သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
(စစ်ကောင်စီတပ်စခန်းတစ်ခုကို MNDAAက သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ မုံးကိုးရှိ စစ်ကောင်စီ ဗျူဟာစခန်းကုန်းကို ကိုးကန့်တပ်မတော်(MNDAA)နှင့် ရက္ခိုင့်တပ်တော်(AA) တို့က ယနေ့တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“မုံးကိုး စကစ ဗျူဟာစခန်းကုန်း ကျသွားကြီ MNDAAနဲ့ AAက သိမ်းတာ။၁၀၅မမ ၂ခုသိမ်းရတယ်ပြောတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၏ အရေးပါသည့် ဗျူဟာစခန်းကုန်းသိမ်းပိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး MNDAA ကလည်း အတည်ပြုသည်။

(စစ်ကောင်စီတပ်စခန်းတစ်ခုကို MNDAAက သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
(စစ်ကောင်စီတပ်စခန်းတစ်ခုကို MNDAAက သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – The Kokang)

“သိမ်းပိုက်နိုင်ခဲ့ပြီဗျ။ ဒီနေ့လည်ပိုင်း ၁၂နာရီ ၄၀မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါပြီ”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။

Public Service Announcement

Public Service Announcement

‘၁၀၂၇ စစ်ဆင်ရေး’ကာလအတွင်း MNDAAနှင့် AA တို့ ပူးပေါင်းပြီး ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်လျက်ရှိရာ နေ့စဉ် စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆင်ရေး ၁၂ရက်တာ အတွင်း စစ်ကောင်စီတပ်စခန်း ၁၁၃ ခုထက်မနည်းကိုသိမ်းပိုက်ထားသည်။ ထို့ပြင် တအာင်းတပ်မတော်(TNLA) ကလည်း စစ်ကောင်စီတပ်စခန်း ၃၀ကျော်ကို သိမ်းပိုက်ထားသည်။

စစ်ကောင်စီတပ်ထံမှ သံချပ်ကာယာဉ်နှင့် လေယာဉ်ပစ်စက်သေနတ်များ၊ လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းများစွာ ရရှိထားပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ဖမ်းဆီးခံရသူ အများအပြားရှိခဲ့သည်။ ထို့ပြင် ညီနောင်မဟာမိတ်များထံ လက်နက်ချ အလင်းဝင်ရောက်သူ အများအပြားရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။