Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အဂတိကိစ္စအတွက် စုံစမ်းမှုတွေ ခံနေရသူ ပေါ်တူဂီ ဝန်ကြီးချုပ် ရာထူးက ရုတ်တရက် နုတ်ထွက်

ကော်စတာဟာ လစ်သီယမ် ဓာတ်သတ္တု တူးဖော်ခွင့် ကိစ္စတစ်ခုနဲ့ ဟိုက်ဒရိုဂျက် ဓာတ်ငွေ့စက်ရုံ ပရောဂျက် တစ်ခုကို အကြောင်းပြုပြီး အဂတိ လိုက်စားမှု အရှုပ်အထွေး စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။

အဂတိကိစ္စအတွက် စုံစမ်းမှုတွေ ခံနေရသူ ပေါ်တူဂီ ဝန်ကြီးချုပ် ရာထူးက ရုတ်တရက် နုတ်ထွက်
အဂတိကိစ္စအတွက် စုံစမ်းမှုတွေ ခံနေရသူ ပေါ်တူဂီ ဝန်ကြီးချုပ် ရာထူးက ရုတ်တရက် နုတ်ထွက်

အဂတိ လိုက်စားမှု စွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေး ခံနေရတဲ့ ပေါ်တူဂီ ဝန်ကြီးချုပ်ဟာ ရာထူးကနေ ရုတ်တရက် နုတ်ထွက်သွားခဲ့ပါတယ်။

အစိုးရ ရှေ့နေတွေက သူ့ရဲ့ ညာလက်ရုံးဖြစ်သူ အစိုးရ ဝန်ထမ်းရေးရာ အကြီးအကဲကို အဂတိမှုနဲ့ ဖမ်းဆီးခဲ့ပြီး နာရီပိုင်းအကြာ နိုဝင်ဘာ ၇ ရက်မှာ အန်တိုနီယို ကော်စတာက ရာထူးကနေ နုတ်ထွက်သွားတာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ အများမျှော်လင့်မထားတဲ့ အခြေအနေ ဖြစ်တာကြောင့် ပေါ်တူဂီ တစ်နိုင်ငံလုံး တအံ့တဩ ဖြစ်နေကြပါတယ်။

အခု ဖမ်းဆီးမှုမှာ ကော်စတာဟာလည်း အဆက်အစပ်ရှိတဲ့ စုံစမ်းစစ်ဆေးမှု ပစ်မှတ် တစ်ခုလို့ အစိုးရ ရှေ့နေတွေက ပြောကြားထားပါတယ်။ ကော်စတာဟာ သမ္မတ မာဆယ်လို ရိုဘယ်လို ဒီဆော်ဆာနဲ့ တွေ့ဆုံပြီးနောက် ရာထူးက နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ကော်စတာက သူ့ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချမှတ်ခဲ့သလို ဝန်ကြီးချုပ် နေရာအတွက် စတုတ္ထ သက်တမ်း ဆက်လက် ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။ နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟာ ဖြူစင်မှု၊ ဂုဏ်သိက္ခာပိုင်းမှာ အစွန်းအထင်း မရှိဖို့လိုကြောင်း၊ ရာဇဝတ်ကြောင်းတွေနဲ့ ဆက်နွှယ်ပြီး သင်္ကာမကင်း စုံစမ်းစစ်ဆေးမှုတွေ ခံနေရဖို့တောင် မဖြစ်သင့်ကြောင်း ကော်စတာက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကော်စတာဟာ လစ်သီယမ် ဓာတ်သတ္တု တူးဖော်ခွင့် ကိစ္စတစ်ခုနဲ့ ဟိုက်ဒရိုဂျက် ဓာတ်ငွေ့စက်ရုံ ပရောဂျက် တစ်ခုကို အကြောင်းပြုပြီး အဂတိ လိုက်စားမှု အရှုပ်အထွေး စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။

အသက် ၆၂ နှစ်အရွယ် ကော်စတာဟာ ပေါ်တူဂီ ဝန်ကြီးချုပ် ရာထူးကို ၂၀၁၅ ခုနှစ်ကတည်းက တာဝန်ယူထားခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပေါ်တူဂီ အသင်းဟာ ခရိုအေးရှား အသင်းနဲ့ ခက်ခဲတဲ့ ပွဲစဉ်ကို ဖြတ်သန်းပြီးတဲ့နောက် ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ဆီ ရောက်ရှိလာနိုင်ခဲ့ပါတယ်။ ဒီပွဲက ပရိသတ်တွေအတွက် ဖျော်ဖြေမှုတွေ ပေးနိုင်ခဲ့သလို နောက်ဆုံးမိနစ် သွင်းဂိုး ပယ်ဖျက်ခံရမှုလို ပြဇာတ်ဆန်တဲ့ အလှည့်အပြောင်းတွေကိုပါ မြင်တွေ့စေခဲ့ရပါတယ်။