Connect with us

Hi, what are you looking for?

သတင်း

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ်နားမသွားကြဖို့ သတိပေး

သတိပေးချက်ထဲမှာတော့ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေ အခြေချတည်ရှိရာနေရာ ၊ တပ်စွဲရာနေရာ ၊ လှုပ်ရှားရာနေရာတွေအနီး မသွားလာဖို့ သတိပေးတာတွေ့ရပါတယ်။

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ်နားမသွားကြဖို့ သတိပေး
ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ်နားမသွားကြဖို့ သတိပေး

KNU တပ်မဟာ ၆ စစ်ရေးလှုပ်ရှားရာ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲရာနေရာတွေအနီး သွားလာတာတွေမလုပ်ကြဖို့ကို ဒေသခံတွေကို အဲဒီမြို့ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့မှာသတိပေးလိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ခပ်ဝေးဝေး မှာသာနေထိုင်ကြဖို့ နိုဝင်ဘာလ ၈ ရက် ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားတာပါ။

ဒီလိုသတိပေးချိန်ဟာ ကြာအင်းဆိပ်ကြီးမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာနေရာတွေကို ဒရုန်းနဲ့တိုက်ခိုက်တာတွေရှိလာချိန်နဲ့တိုက်ဆိုင်နေပါတယ်။

သတိပေးချက်ထဲမှာတော့ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေ အခြေချတည်ရှိရာနေရာ ၊ တပ်စွဲရာနေရာ ၊ လှုပ်ရှားရာနေရာတွေအနီး မသွားလာဖို့ သတိပေးတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကြာအင်းဆိပ်ကြီးမြို့ဟာ ထိုင်း − မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိပါတယ်။ မြို့ပေါ်က စစ်ကောင်စီရဲ့ တပ်စွဲတဲ့နေရာတွေကို အခုလဆန်းပိုင်းမှာ KNU နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်တာရှိထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။