Connect with us

Hi, what are you looking for?

သတင်း

ကော်သူးလေဖက်ဒရယ်ယူနစ် အစိုးရဖွဲ့စည်းရေး KNUအဖွဲ့အတွင်း ပြင်ဆင်မှုပြုလုပ်မည်ဟု အသိပေး

KNU အနေဖြင့် ကော်သူးလေဖက်ဒရယ်ယူနစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ၂၀၂၃ ဩဂုတ် ၁၀ရက်နေ့ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့သည်။

(KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား တွေ့ရစဥ်။ ဓာတ်ပုံ - KPK)
(KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား တွေ့ရစဥ်။ ဓာတ်ပုံ - KPK)

“ကျနော်တို့ ပြောနေတာက ဒီဟာက သီးသန့်အစိုးရမဟုတ်ဘူး။ ပြည်ထောင်စုထဲမှာ ဖွဲ့စည်းတဲ့ ပြည်ထောင်စု အဖွဲ့ဝင်တစ်ခုကိုပြောနေတာဖြစ်တယ်” – ပဒိုစောတောနီး

ကရင်အမျိုးသားအစည်းအရုံး(KNU)အဖွဲ့အနေဖြင့် ကော်သူးလေဖက်ဒရယ်ယူနစ် အစိုးရ ဖွဲ့စည်းရေးအတွက် အဖွဲ့တွင်း ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

“ကျနော်တို့ ပြောနေတာက ဒီဟာက သီးသန့်အစိုးရ မဟုတ်ဘူး။ ပြည်ထောင်စုထဲမှာ ဖွဲ့စည်းတဲ့ ပြည်ထောင်စု အဖွဲ့ဝင်တစ်ခုကိုပြောနေတာဖြစ်တယ်”ဟုလည်း ပဒိုစောတောနီးကပြောသည်။

KNU အနေဖြင့် ကော်သူးလေဖက်ဒရယ်ယူနစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ၂၀၂၃ ဩဂုတ် ၁၀ရက်နေ့ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့သည်။

“အဲဒီ ရည်မှန်းချက်ကို ကျနော်တို့ အကောင်အထည်ဖော်တဲ့အခါ ကျနော်တို့ ကော်သူးလေက ဖက်ဒရယ်ယူနစ် တစ်ခုအနေနဲ့ ပါဝင်မှာဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ တည်ဆောက်တဲ့အခါ ပါးစပ်နဲ့ပြောလို့ ဘာမှ ဖြစ်လာမှာလည်း မဟုတ်ဘူးလေ။ လက်တွေ့လုပ်ဆောင်ရမယ့် အပိုင်းတွေရှိတယ်။ ဆိုတော့ အဓိက ကျတဲ့ဟာက ဘာလဲဆိုတော့ နိုင်ငံရေးကဏ္ဍမှာရော အုပ်ချုပ်ရေး လုံခြုံရေး အဖွဲ့အစည်းထဲမှာ ပြုပြင်ပြောင်းလဲရေးတွေပေါ့နော် အဲဒါတွေအကုန်လုံး ကျနော်တို့ လုပ်ဆောင်ရမှာဖြစ်တယ်”ဟု ပဒိုစောတောနီးက ပြောပြသည်။

Public Service Announcement

Public Service Announcement

ကော်သူးလေ ဖက်ဒရယ်ယူနစ်ရည်မှန်းချက်များအား အကောင်အထည်ဖော်ရေးနှင့် ပတ်သက်သည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် အဖွဲ့အစည်းတွင်း ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ၊ မူဝါဒများ အား သက်ဆိုင်ရာ ကော်မတီနှင့် ဌာန အသီးသီးကစတင် အကောင်အထည်ဖော်နိုင်ရေးအတွက် နိုဝင်ဘာ ၃ရက်မှ ၅ရက်အတွင်း ကျင်းပခဲ့သည့် KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး၌ အတည်ပြုဆုံးဖြတ်ခဲ့သည်ဟု KNUက ယမန်နေ့တွင် ထုတ်ပြန်သည်။

“အထူးသဖြင့် ကျနော်တို့ အုပ်ချုပ်ရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ကျနော်တို့ အုပ်ချုပ်ရေးဌာန ၁၂ခုရှိတယ်။ အဲဒါအပြင် ကျနော်တို့နဲ့ ဆက်နွယ်ပြီးတော့ ကော်မတီတွေ ဖွဲ့စည်းထားတာရှိတယ်။ လူ့အခွင့်အရေး ကော်မတီရှိသလိုမြေယာကော်မတီရှိတယ်။ တရားစီရင်ရေးကော်မတီရှိတယ်။ အဲဒီလို ကော်မတီမျိုးက အားလုံး ၁၆ခုရှိတယ်”ဟု ပဒိုစောတောနီးက ပြောပြပြီး ယင်း ဌာန ကော်မတီ အသီးသီးက ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်နိုင်ရေး လုပ်ဆောင်သွားရမည်ဖြစ်သည်ဟု အသိပေးသည်။

ဆက်လက်၍ ပဒိုစောတောနီးက “အုပ်ချုပ်ရေးလုပ်ငန်းလုပ်ပြီဆိုရင်အစိုးရတစ်ရပ်လိုဖြစ်သွားပြီ။ အစိုးရတစ်ရပ်ဆိုရင် အုပ်ချုပ်ရေးက တော်လှန်ရေးကာလမှာခက်ခက်ခဲခဲကြပ်ကြပ်တည်းတည်းနဲ့ပဲ မပြည့်မစုံတဲ့ မူဝါဒတွေ လမ်းညွှန်မှုတွေနဲ့ပဲ သွားနေရတယ်။တစ်ဖက်ကနေ တိုက်ပွဲဆင်ရင်းနဲ့ တစ်ဖက်ကနေ အုပ်ချုပ်ရေးကို ခက်ခက်ခဲခဲလုပ်နေရတဲ့အပိုင်းရှိတယ်။ဒါပေမဲ့ ကော်သူးလေဖက်ဒရယ်ယူနစ်တစ်ခုအနေနဲ့ အစိုးရ တစ်ရပ်ဖော်ဆောင်တဲ့အခါ အထူးသဖြင့်ပြည်ထောင်စု အစိုးရ အဖွဲ့ဝင် တစ်ရပ်အနေနဲ့ ဖော်ဆောင်တဲ့အခါမှာ အုပ်ချုပ်ရေးလုပ်ငန်းကိုစနစ်တကျဖြစ်ဖို့လိုတယ်”ဟု ပြောသည်။

၎င်းဆက်လက်ပြီး “အုပ်ချုပ်ရေးဆိုတာ ကလည်း ပြည်သူလူထုရဲ့ ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ရမှာပဲဖြစ်တယ်။ အဲဒါကြောင့် မူဝါဒ ကောင်းကောင်းရှိသွားဖို့လိုတယ်။အဲဒီမူဝါဒ ကောင်းကောင်းရှိထားတာနဲ့အညီအဲဒီမူဝါဒကို အကောင်အထည်ဖော်ဖို့ဆိုရင် ယန္တရားတွေအကုန်လုံးရှိဖို့လိုတယ်။နော်ပြီးလူ့စွမ်းအားအရင်းအမြစ် အကုန်လုံးရှိရမယ်”ဟု ပဒိုစောတောနီးက ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။