Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့ကို စစ်ကောင်စီဂျက်ဖိုက်တာသုံးစီးဖြင့် ဗုံးကြဲ

မြစ်ကြီးနားလေဆိပ်မှ တက်လာသော ဂျက်ဖိုက်တာသုံးစင်းဖြင့်ထီးချိုင့် မြို့ပေါ်ကိုဗုံးကြဲသွားခြင်းဟု တော်လှန်ရေးအင်အားစုများကအသိ​ပေးထားသည်။

(ထီးချိုင့်မြို့ တစ်​နေရာ /ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ)
(ထီးချိုင့်မြို့ တစ်​နေရာ /ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-CJ)

ထီးချိုင့်မြို့ပေါ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာသုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်အချို့နှင့်ပြည်သူအချို့ သေဆုံးထိခိုက်မှုရှိကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ထီးချိုင့်မြို့အမှတ်၁ ရပ်ကွက်ရှိ ရွှေဂူတောင်ဘုန်းတော်ကြီးကျောင်း နှင့်လျောင်းတော်မူဘုန်းတော်ကြီးကျောင်းကို ယနေ့ (နိုဝင်ဘာလ ၈ရက်) ညနေ ၄နာရီ ၅၀မိနစ်ခန့်တွင် ဂျက်ဖိုက်တာ သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်သွားခြင်းဟု ဒေသခံများကပြောသည်။

“ဂျက်ဖိုက်တာ သုံးစီးကြဲသွားပြီ။ လူတွေထိခိုက်မှုရှိတယ်” ဟု ဒေသခံတစ်ဦးက​ပြောသည်။

“စကစမှ တိုက်လေယာဉ် ၃စီးဖြင့် ထီးချိုင့်မြို့ပေါ်အား လေကြောင်း တိုက်ခိုက်ရာ ရွှေဂူတောင်ဘုန်းတော်ကြီးကျောင်း နှင့်လျောင်းတော်မူဘုန်းတော်ကြီးကျောင်ရှိ သီတင်းသုံးနေသော သံဃာတော်များနှင့် ပြည်သူများ သေဆုံးကြောင်း ကနဦး သိရသည်” ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ညနေ ၅နာရီ ၂၅ မိနစ်တွင် သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မြစ်ကြီးနားလေဆိပ်မှ တက်လာသော ဂျက်ဖိုက်တာသုံးစင်းဖြင့်ထီးချိုင့် မြို့ပေါ်ကိုဗုံးကြဲသွားခြင်းဟု တော်လှန်ရေးအင်အားစုများကအသိ​ပေးထားသည်။

ထီးချိုင့်မြို့တွင် ယ​နေ့ည​နေပိုင်း၌ ပစ်ခတ်သံများကြားရပြီးတိုက်ပွဲဖြစ်ပွား​နေ​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။