Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းမြို့နယ် လွှစင်ကုန်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီနှင့်SNAဘက်မှ ၂၀ဦးထက်မနည်းသေ

ဒေသတွင်း စစ်ရေးတင်းမာနေ၍ နောင်ပိုအောင် – လွှစင်ကုန်း – အောင်ပင်လမ်းပိုင်း၊ နောင်ပိုအောင် – အထက်အော်သော် – ခုံတန်း လမ်းပိုင်းများကို လတ်တလောကာလ၌ လုံးဝအသုံးမပြုကြရန် HPDF -124က သတိပေးထားသည်။

(ဟုမ္မလင်း HPDF-124 တပ်မှ ရဲဘော်တစ်ဦးကို တွေ့ရစဉ်။ဓာတ်ပုံ - HPDF-124)
(ဟုမ္မလင်း HPDF-124 တပ်မှ ရဲဘော်တစ်ဦးကို တွေ့ရစဉ်။ဓာတ်ပုံ - HPDF-124)

ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ရ

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှ လွှစင်ကုန်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်(SNA) ပူးပေါင်းတပ်မှ ဗိုလ်ကြီးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မုံရွာ – ဟုမ္မလင်း ပြည်တောင်စုလမ်းပိုင်းပေါ်တွင် စစ်ကောင်စီအခိုင်အမာတပ်စွဲထားသည့် လွှစင်ကုန်းစခန်းကို ခန္တီခရိုင် တပ်ရင်း(၁)မှ ဦးဆောင်ပြီး နိုဝင်ဘာ ၂ရက်တွင် စတင်တိုက်ခိုက်ခဲ့သည်။ နိုဝင်ဘာလ ၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယ‌နေ့( နိုဝင်ဘာ ၈ရက်)အထိ ထိန်းချုပ်ထားသည်ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

“အဲဒီစခန်းမှာက စစ်‌ကောင်စီနဲ့ SNA(ရှမ်းနီတပ်ဖွဲ့) ထိုင်ထားတာ။ ဘန်ကာကို အခိုင်အမာဆောက်ထားလို့ တော်တော်လေးတိုက်ယူရတယ်။ သူတို့ဘက်က ၂၀ မကဘူးသေတယ်။ ဆေးရုံကို ပို့တာတွေလည်း ရှိတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများအနက် ဗိုလ်ကြီးအပါအဝင် ငါးဦးကို စစ်တပ်ကုန်း၌ မြေမြှုပ်သဂြိုလ်လိုက်ပြီး ၁၅ ဦးထက်မနည်းကို ဥရုမြစ်အတွင်းသို့ နောင်ပိုအောင်တံတားပေါ်မှ ပစ်ချမျောလိုက်ကြောင်း ဒေသခံများက ပြောသည်။

“ရာထူးအကြီးတွေကို သေချာမြေမြှုပ်ပေးတယ်။ အငယ်‌တွေကို နောင်ပိုအောင် တံတားကနေ ပစ်ချလိုက်တာဟုတ်တယ်။ သေဆုံးသတင်းကို လိမ်ချင်လို့ အလောင်းဖျောက်တဲ့ သဘောလို့ ထင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်းလည်း သတင်းရရှိသည်။

လက်ရှိတွင် လွှစင်ကုန်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး ဆတ်ကရားစခန်းကို ဆက်လက်တိုက်ခိုက်နေသည်။ တိုက်ပွဲကို ခန္တီးခရိုင်း တပ်ရင်း(၁)၊ HPDF -124၊ HPDF မိုးကြိုးအဖွဲ့၊ CDM ရဲများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးအဖွဲ့တို့က တိုက်ခိုက်နေကြောင်း သိရသည်။

ဒေသတွင်း စစ်ရေးတင်းမာနေ၍ နောင်ပိုအောင် – လွှစင်ကုန်း – အောင်ပင်လမ်းပိုင်း၊ နောင်ပိုအောင် – အထက်အော်သော် – ခုံတန်း လမ်းပိုင်းများကို လတ်တလောကာလ၌ လုံးဝအသုံးမပြုကြရန် HPDF -124က သတိပေးထားသည်။

ထို့အပြင် နောင်ပိုအောင်တိုက်နယ်အတွင်းရှိ လွှစင်ကုန်းကျေးရွာတွင် တိုက်ပွဲများဆက်လက် ပြင်းထန်လျက်ရှိသောကြောင့် ပြည်သူများ စစ်ရေးသတိအမြဲရှိကြရန်နှင့် တားမြစ်ချက်များကို တိတိကျကျ လိုက်နာပေးကြရန် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် SNA က တပ်သားသုံးဦး အလင်းဝင်ပူးပေါင်းလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရ်ိုင်အမှတ် (၃)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။