Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းမြို့နယ်၌ တိုက်ပွဲပြင်းထန်၊ လမ်းပိုင်းအချို့အား ပိတ်ထားကြောင်း PDF အသိပေး

လက်ရှိစစ်ရေးအရ တော်လှန်ရေးတပ်ပေါင်းစုအနေဖြင့် လွှစင်ကုန်းတစ်ရွာလုံးကို သိမ်းပိုက်ထားပြီး စစ်ကောင်စီခံစစ်စခန်းကို ပိတ်ဆို့ထားသည်ဟု သည်။

စစ်ကောင်စီနှင့် တိုက်ပွဲအတွင်းမှ ဟုမ္မလင်း PDFမှ ရဲဘော်အား တွေ့ရစဥ်။ ဓာတ်ပုံ - ဟုမ္မလင်း PDF
စစ်ကောင်စီနှင့် တိုက်ပွဲအတွင်းမှ ဟုမ္မလင်း PDFမှ ရဲဘော်အား တွေ့ရစဥ်။ ဓာတ်ပုံ - ဟုမ္မလင်း PDF

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ လွှစင်ကုန်းကျေးရွာ၌ တိုက်ပွဲပြင်းထန်နေကြောင်း ဟုမ္မလင်း PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့ (နိုဝင်ဘာ ၇ ရက်)ကစ၍ ဟုမ္မလင်းမြို့နယ်ရှိ နောင်ပိုအောင် – လွှစင်ကုန်း – အောင်ပင်လမ်းပိုင်း၊ နောင်ပိုအောင် – အထက်အော်သော် – ခုံတန်းကျေးရွာ လမ်းပိုင်းများအား အသုံးမပြုကြရန် တားမြစ်လိုက်သည်။

“ဒီလ ၂ ရက်နေ့ကတည်းက တိုက်ပွဲစတာပေါ့။စကစနဲ့ SNA(ရှမ်းနီပြည်သူ့စစ်)က လွှစင်ကုန်း‌ရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ဘန်ကာတွေ ဆောက်ပြီး အခိုင်အမာခံစစ်ပြင်ထားတာ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

လက်ရှိစစ်ရေးအရ တော်လှန်ရေးတပ်ပေါင်းစုအနေဖြင့် လွှစင်ကုန်းတစ်ရွာလုံးကို သိမ်းပိုက်ထားပြီး စစ်ကောင်စီခံစစ်စခန်းကို ပိတ်ဆို့ထားသည်ဟု သည်။

Public Service Announcement

Public Service Announcement

လွှစင်ကုန်းရွာမှ နောင်ပိုအောင်ကျေးရွာကို ဖြတ်သန်းပြီးပါက ဟုမ္မလင်းမြို့သို့ရောက်ရှိနိုင်သည်။ထို့ကြောင့် စစ်ကောင်စီက လွှစင်ကုန်းကျေးရွာအား ခံစစ်အဖြစ်လက်မလွှတ်ရရေး ကြိုးပမ်းနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုအကျိုးအတွက်ဖိတ်ခေါ်ချက်ဟု ခေါင်းစဉ်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အပါအဝင် လက်နက်ကိုင်အဖွဲ့များ ရွေးကောက်ပွဲလမ်းကြောင်းကို ပူးပေါင်းရန် ဖိတ်ခေါ်ချက် ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ၏ လုပ်ရပ်သည် တော်လှန်ရေးအင်အားစုများအား သွေးခွဲရေးဗျူဟာဖြစ်ကြောင်း PDF၊ ဒေသကာကွယ်ရေးတပ်နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့အနီးတနေရာတွင် ယနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်အတွင်း ယနေ့ည တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်သံများ ဆူညံနေသည်။

သတင်း

ကရင်နီပြည်နယ်က ဖားဆောင်းမြို့သိမ်းတိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေပြီး ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ဦး၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။