Connect with us

Hi, what are you looking for?

News

မုံရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ပျူစောထီးတစ်ဦးအသတ်ခံရ၊ ဆည်မြောင်းရုံးကိုဗုံးခွဲတိုက်ခိုက် အစောင့်ရဲများထွက်ပြေး

“သပိတ်စစ်ကြောင်းတော်တော်များများကိုလည်းသူက သတင်းပေးဖမ်းခိုင်းတယ်။ သူ့ကြောင့် အမျိုးသမီးငယ်တချို့လည်းအဖမ်းခံရတာရှိတယ်။ စစ်တပ်နဲ့လည်းပတ်သက်ဆက်နွယ်မှုရှိတယ်။ စစ်သားတွေဆိုရင်လည်းအခမဲ့ကွမ်းထုပ်ပေးတယ်သူက”ဟု PDF – South Monywaမှ အဖွဲ့ဝင်တစ်ဦးက People’s Spring သို့ပြောသည်။

မုံရွာမြို့တွင် ၂၄ နာရီအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် နှစ်ကြိမ်တိုင် ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်သားနှစ်ဦးနှင့် စစ်ကောင်စီသတင်းပေး အမျိုးသားတစ်ဦး သတ်ဖြတ်ခံရကြောင်း မုံရွာဒေသခံများက ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၇ ရက်) ည ၇နာရီ ၃၈ မိနစ်ဝန်းကျင်တွင် မုံရွာမြို့လယ် နာရီစင်အနီး ဖြတ်သန်းသွားသော စစ်ကားတစ်စီးအား PDF – South Monywaကဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးကြောင်း ထိုအဖွဲ့က အတည်ပြုသည်။

ယနေ့ (အောက်တိုဘာလ ၈ ရက်) နေ့လယ်၁၂နာရီဝန်းကျင်တွင်လည်း မုံရွာမြို့ ပြည်ထောင်စုလမ်း ကန်သာယာရှေ့ဘက်ခြမ်းတွင် ဖွင့်လှစ်ထားသော ဖက်တီးကွမ်းယာဆိုင်ပိုင်ရှင် ဖတ်တီးဆိုသူ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ဖြတ်ခံခဲ့ရသည်။ ဖက်တီးဆိုသူမှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်ကာ စစ်ကောင်စီအား သတင်းပေးနေသောကြောင့် မဟာမိတ်အဖြစ် လက်တွဲထားသော Monywa Heroes Group (MHG) မှ ဗိုလ်နာရွှဲ့ဆွမ်နှင့်ပူးပေါင်းကာ သုတ်သင်ရှင်းလင်းခဲ့ကြောင်း PDF – South Monywaက သတင်းထုတ်ပြန်သည်။

“သပိတ်စစ်ကြောင်းတော်တော်များများကိုလည်းသူက သတင်းပေးဖမ်းခိုင်းတယ်။ သူ့ကြောင့် အမျိုးသမီးငယ်တချို့လည်းအဖမ်းခံရတာရှိတယ်။ စစ်တပ်နဲ့လည်းပတ်သက်ဆက်နွယ်မှုရှိတယ်။ စစ်သားတွေဆိုရင်လည်းအခမဲ့ကွမ်းထုပ်ပေးတယ်သူက”ဟု PDF – South Monywaမှ အဖွဲ့ဝင်တစ်ဦးက People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့ညနေပိုင်းတွင်လည်း PDF – South Monywa နှင့် မဟာမိတ်အဖွဲ့ Monywa Heroes Group (MHG) တို့ ပူးပေါင်း၍ မုံရွာမြို့ ဆည်မြောင်းလမ်း ဆည်မြောင်းရုံးတွင် ဖောက်ခွဲမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း၊ ဆည်မြောင်းဝင်းရှေ့မှ ဘန်ကာ မီးလောင် ပြိုပျက်ခဲ့ကာ ရဲများရုံးအတွင်း ဝင်ပြေးခဲ့ပြီး
မိမိတို့အဖွဲ့ဝင်များထိခိုက်ဒါဏ်ရာရရှိမှု လုံးဝ မရှိကြောင်း PDF – South Monywaက သတင်းထုတ်ပြန်ထားသည်။

မုံရွာမြို့ ပြည်သူများအနေဖြင့် အရေးကြီးအကြောင်း အရာများမရှိပဲ ပြင်ပသို့ထွက်ခြင်းနှင့် စစ်ကောင်စီတပ်များအား ရှောင်ရှားနေထိုင်ပေးခြင်းဖြင့်တော်လှန်ရေး၏ အဆုံးသတ်တိုက်ပွဲအတွင်းမှာ ပူးပေါင်းပါဝင်ကူညီပေးရန် PDF – South Monywaက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။