Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ပျူစောထီးတစ်ဦးအသတ်ခံရ၊ ဆည်မြောင်းရုံးကိုဗုံးခွဲတိုက်ခိုက် အစောင့်ရဲများထွက်ပြေး

“သပိတ်စစ်ကြောင်းတော်တော်များများကိုလည်းသူက သတင်းပေးဖမ်းခိုင်းတယ်။ သူ့ကြောင့် အမျိုးသမီးငယ်တချို့လည်းအဖမ်းခံရတာရှိတယ်။ စစ်တပ်နဲ့လည်းပတ်သက်ဆက်နွယ်မှုရှိတယ်။ စစ်သားတွေဆိုရင်လည်းအခမဲ့ကွမ်းထုပ်ပေးတယ်သူက”ဟု PDF – South Monywaမှ အဖွဲ့ဝင်တစ်ဦးက People’s Spring သို့ပြောသည်။

မုံရွာမြို့တွင် ၂၄ နာရီအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် နှစ်ကြိမ်တိုင် ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်သားနှစ်ဦးနှင့် စစ်ကောင်စီသတင်းပေး အမျိုးသားတစ်ဦး သတ်ဖြတ်ခံရကြောင်း မုံရွာဒေသခံများက ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၇ ရက်) ည ၇နာရီ ၃၈ မိနစ်ဝန်းကျင်တွင် မုံရွာမြို့လယ် နာရီစင်အနီး ဖြတ်သန်းသွားသော စစ်ကားတစ်စီးအား PDF – South Monywaကဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးကြောင်း ထိုအဖွဲ့က အတည်ပြုသည်။

ယနေ့ (အောက်တိုဘာလ ၈ ရက်) နေ့လယ်၁၂နာရီဝန်းကျင်တွင်လည်း မုံရွာမြို့ ပြည်ထောင်စုလမ်း ကန်သာယာရှေ့ဘက်ခြမ်းတွင် ဖွင့်လှစ်ထားသော ဖက်တီးကွမ်းယာဆိုင်ပိုင်ရှင် ဖတ်တီးဆိုသူ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ဖြတ်ခံခဲ့ရသည်။ ဖက်တီးဆိုသူမှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်ကာ စစ်ကောင်စီအား သတင်းပေးနေသောကြောင့် မဟာမိတ်အဖြစ် လက်တွဲထားသော Monywa Heroes Group (MHG) မှ ဗိုလ်နာရွှဲ့ဆွမ်နှင့်ပူးပေါင်းကာ သုတ်သင်ရှင်းလင်းခဲ့ကြောင်း PDF – South Monywaက သတင်းထုတ်ပြန်သည်။

“သပိတ်စစ်ကြောင်းတော်တော်များများကိုလည်းသူက သတင်းပေးဖမ်းခိုင်းတယ်။ သူ့ကြောင့် အမျိုးသမီးငယ်တချို့လည်းအဖမ်းခံရတာရှိတယ်။ စစ်တပ်နဲ့လည်းပတ်သက်ဆက်နွယ်မှုရှိတယ်။ စစ်သားတွေဆိုရင်လည်းအခမဲ့ကွမ်းထုပ်ပေးတယ်သူက”ဟု PDF – South Monywaမှ အဖွဲ့ဝင်တစ်ဦးက People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့ညနေပိုင်းတွင်လည်း PDF – South Monywa နှင့် မဟာမိတ်အဖွဲ့ Monywa Heroes Group (MHG) တို့ ပူးပေါင်း၍ မုံရွာမြို့ ဆည်မြောင်းလမ်း ဆည်မြောင်းရုံးတွင် ဖောက်ခွဲမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း၊ ဆည်မြောင်းဝင်းရှေ့မှ ဘန်ကာ မီးလောင် ပြိုပျက်ခဲ့ကာ ရဲများရုံးအတွင်း ဝင်ပြေးခဲ့ပြီး
မိမိတို့အဖွဲ့ဝင်များထိခိုက်ဒါဏ်ရာရရှိမှု လုံးဝ မရှိကြောင်း PDF – South Monywaက သတင်းထုတ်ပြန်ထားသည်။

မုံရွာမြို့ ပြည်သူများအနေဖြင့် အရေးကြီးအကြောင်း အရာများမရှိပဲ ပြင်ပသို့ထွက်ခြင်းနှင့် စစ်ကောင်စီတပ်များအား ရှောင်ရှားနေထိုင်ပေးခြင်းဖြင့်တော်လှန်ရေး၏ အဆုံးသတ်တိုက်ပွဲအတွင်းမှာ ပူးပေါင်းပါဝင်ကူညီပေးရန် PDF – South Monywaက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။