Connect with us

Hi, what are you looking for?

News

ပြည်သူများ စစ်ဘေးရှောင်နေရချိန်တွင် ဝဥနှင့်ရွက်သီးခြံများခိုးလျှင် အရေးယူမည်ဟု CDF မင်းတပ်သတိပေး

လက်ရှိတွင် ဝဥအဝယ်ရှိသော်လည်း စျေးကောင်းမရကြောင်း၊ ရသည့်စျေးဖြင့်ရောင်းလျှင် တောင်သူများ နစ်နာသည့်အတွက် ဖြစ်နိုင်လျှင် မရောင်းသင့်သေးကြောင်း ဝဥစိုက်ပျိုးသူအချို့က ပြောသည်။

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်မြို့တွင် ပြည်သူများ အကြမ်းဖက်စစ်ကောင်စီ၏ ဘေးရန်ကြောင့် မြို့ပေါ်စွန့်ခွာနေရချိန် ဝဥနှင့်ရွက်သီးခြံများအား ခိုးယူသည့်မသမာသူများကို ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF-Mindat)မှ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးသည်။

မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် မြို့ပေါ်ရှိ ပြည်သူများသည် နေအိမ် အိုးအိမ် စည်းစိမ်များကို စွန့်ခွာကာ ကျေးရွာများရှိ စစ်ဘေးရှောင်စခန်းများနှင့် နီးစပ်ရာဆွေမျိုးများထံ ခိုလှုံနေရချိန် မြို့ပေါ်တွင် ဝဥနှင့်ရွက်သီးများကို ရောင်းဝယ်လျက်ရှိကြောင်း၊ ဝဥခြံပိုင်ရှင်များအနေဖြင့် မိသားစုစားဝတ်နေရေးအတွက် မိမိတို့ခြံထွက် ဝဥနှင့်ရွက်သီးများကို ရောင်းချနေသည်မှာ မှန်သော်လည်း အဝေးရောက်စစ်ဘေးရှောင် ဝဥခြံပိုင်ရှင်များ၏ ခြံအတွင်းရှိ ဝဥနှင့်ရွက်သီးများကို မသမာသူများက ခိုးယူရောင်းချမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လက်ရှိကာလသည် ပြည်သူအားလုံးခက်ခဲနေသည့် ကာလဖြစ်သည့်အတွက် ဝဥနှင့်ရွက်သီးများ ရောင်းဝယ်ဖောက်ကားမှုကို မတားမြစ်သော်လည်း မသမာသူများက ဝဥနှင့်ရွက်သီးများ ခိုးယူရောင်းချမှုကို ကာကွယ်ရန် ခြံပိုင်ရှင်များအနေဖြင့် မိမိတို့ခြံအတွင်း ခိုးယူခံရမှုများကို မှတ်တမ်းဓါတ်ပုံ၊ ဗွီဒီယို ခိုင်လုံသော မျက်မြင်သက်သေများနှင့်အတူ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ တိုင်တန်းလာပါက ခိုးယူသည့်မသမာသူများကို ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF-Mindat)မှ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

“ထုတ်ပြန်ချက်အတွက် အများကြီးဝမ်းသာပါတယ်။ စဉ်းစားမိတာတစ်ခုက မြို့ထဲနေကြတဲ့သူတွေတောင် အစစ်အဆေးတွေကြောင့် ခြံတောင်မသွားရဲကြဘူး။ သူခိုးတွေကတော့ အေးဆေးပဲ။ မှတ်တမ်းပုံတို့၊ မျက်မြင်တို့ရဖို့က ခက်တယ်။ ဝယ်တဲ့သူကလည်းအားလုံး စိစစ်ပေးမှာမဟုတ်ဘူး။ ဖြစ်နိုင်ရင် အရောင်းအဝယ်ကို ခဏ တားမြစ်ထားရင် တော့ပိုထိရောက်မလားပဲ။ အဲဒါဆို ခိုးတဲ့သူလည်းရှိမှာမဟုတ်ဘူး။ အားလုံးက ဒီဝဥလေးပဲ အားကိုးရတာ။ အဝေးရောက်နေတဲ့သူတွေဆို စိတ်ပူနေကြရတယ်။”ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ဝဥအဝယ်ရှိသော်လည်း စျေးကောင်းမရကြောင်း၊ ရသည့်စျေးဖြင့်ရောင်းလျှင် တောင်သူများ နစ်နာသည့်အတွက် ဖြစ်နိုင်လျှင် မရောင်းသင့်သေးကြောင်း ဝဥစိုက်ပျိုးသူအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

Facebook