Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ

Southern YSO PDFသည် ထပ်မံ၍ လက်နက်အပ်အလင်းဝင်ရောက်မည့် စစ်ကောင်စီတပ်သားများအား နွေးထွေးစွာကြိုဆိုနေကြောင်း အသိပေးထားသည်။

(လက်နက်နှင့်အတူအလင်းဝင်လာသော ရဲတပ်သားအား ဆုချီးမြှင့်နေစဥ်။ ဓာတ်ပုံ-Southern YSO PDF)
(လက်နက်နှင့်အတူအလင်းဝင်လာသော ရဲတပ်သားအား ဆုချီးမြှင့်နေစဥ်။ ဓာတ်ပုံ-Southern YSO PDF)

ရန်ပုံငွေနည်းနေသော်လည်း ချေးငှားပြီး ကျပ်သိန်း ၈၀ဆုချီးမြှင့်

မကွေးတိုင်း၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ၍ ရန်ပုံငွေအင်အားနည်းပါးနေသော်လည်း ချေးငှားပြီး ကျပ်သိန်း ၈၀ဆုချီးမြှင့်လိုက်ကြောင်း Southern YSO PDF၏ တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်က ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် G3သေနတ်တစ်လတ်၊ကျည်ဘောက် ၄ခု၊ကျည် ၁၂၇တောင့်၊လက်ထိပ် တစ်ခုတို့ဖြင့် အလင်းဝင်ရောက်လာခဲ့ကြောင်း၊ အဆိုပါ ရဲတပ်သားအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၈၀ချီးမြှင့်ခဲ့ပြီး ၎င်းသွားရောက်လိုသောအရပ်သို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးခဲ့ကြောင်း Southern YSO PDF၏ တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

၎င်းအား ဆုချေးမြှင့်ရန် ငွေကြေးမလုံလောက်ခဲ့၍ ​ငွေချေးငှားခဲ့ရပြီး ပြည်သူများတက်နိုင်သရွေ့ ပူးပေါင်းပါဝင်ပေးရန် Southern YSO PDFက မေတ္တာရပ်ခံထားသည်။

“ပြီးခဲ့တဲ့လကလည်း ရဲဘော်တစ်ယောက်က အူသုံးပေလောက်ဖြတ်ရပြီး အစားထိုးကုရတဲ့အခြေအနေမှာ သိန်း၁၄၀လောက် ကုန်သွားတယ်။ ဒီဘက်က CDMဝင်လာတာရောကြောင့် ဘေးကနေငွေဆွဲပြီး ရှိသလိုလေးလုပ်လိုက်ရတာ။ ကျန်းမာရေးကလည်း ငွေတအားကုန်သွားတာ။အဲဒီမှာငွေမလုံလောက်မှုတွေဖြစ်ပြီး ဘေးကနေချေးငှားနေရတဲ့အနေအထားဖြစ်သွားတာ။”ဟု တာဝန်ခံကိုအောင်မောင်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါရဲတပ်သားသည် စစ်တပ်က ပြည်သူများအား သတ်ဖြတ်ခြင်း၊ ပြည်သူများ၏ အိုးအိမ်စည်းစိမ်များကို မီးရိူ့ဖျက်ဆီးလုယက်ခြင်းတို့ကြောင့် စစ်တပ်အောက်၌ အလုပ်မလုပ်လိုတော့၍ ပြည်သူ့ရင်ခွင်ဆီသို့ ဝင်ရောက်ခိုလှုံလာခြင်းဖြစ်ကြောင်း အဆိုပါရဲတပ်သားက ပြောခဲ့သည်ဟု သိရသည်။

Southern YSO PDFသည် ထပ်မံ၍ လက်နက်အပ်အလင်းဝင်ရောက်မည့် စစ်ကောင်စီတပ်သားများအား နွေးထွေးစွာကြိုဆိုနေကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။