Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရေတပ်ပစ်ခတ်၍ ပုဏ္ဏားကျွန်းမြို့မဈေး တစ်ဈေးလုံး မီးလောင်ဆုံးရှုံး

စစ်ကောင်စီတပ်သည် ရခိုင်လူထုကို ဦးတည်၍ ပစ်မှတ်ထားသတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း AAက နိုဝင်ဘာလ ၁၆ရက် တွင် သတင်းထုတ်ပြန်သည်။

ပုဏ္ဏားကျွန်းဈေးမီးလောင်နေသည်ကို ယမန်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - CJ
ပုဏ္ဏားကျွန်းဈေးမီးလောင်နေသည်ကို ယမန်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဆိုင်ခန်း ၁၅၀ခန့်ရှိသော ပုဏ္ဏားကျွန်းမြို့ရှိ မြို့မဈေးသည် စစ်ကောင်စီရေတပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် တစ်ဈေးလုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း အဆိုပါ မြို့ခံများက ပြောသည်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ရှိ မြို့မဈေးသည် ယမန်နေ့(နိုဝက်ဘာ၂၄ရက်) ညနေ ၃နာရီခန့်ကလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင် ခဲ့ခြင်းဖြစ်သည်။

“တစ်ခန်းမှ အကောင်းပြန်မရပါဘူး။ အကုန်လောင်သွားတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။

ပုဏ္ဏားကျွန်းဈေးမီးလောင်နေသည်ကို ယမန်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - CJ
ပုဏ္ဏားကျွန်းဈေးမီးလောင်နေသည်ကို ယမန်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ – CJ

ယမန်နေ့က ဈေးမီးလောင်နေစဉ် မီးငြိမ်းသတ်ရန် လာသည့် မီးသတ်ကားများအား ပုဏ္ဏားကျွန်း အခြေစိုက် ခမရ(၅၅၀)တပ်ရင်းက သေနတ်ဖြင့်ပစ်ခတ် တားဆီးခဲ့သောကြောင့် မီးမထိန်းနိုင်ခဲ့ခြင်းဟု ရက္ခိုင့်တပ်တော်(AA)နှင့် နီးစပ်သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့ညက စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့မှအရပ်သားတစ်ဦး ဒဏ်ရာရခဲ့သည်ဟုသတင်းရရှိသည်။

ပုဏ္ဏားကျွန်းဈေးမီးလောင်နေသည်ကို ယမန်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - CJ
ပုဏ္ဏားကျွန်းဈေးမီးလောင်နေသည်ကို ယမန်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ – CJ

စစ်ကောင်စီတပ်သည် ရခိုင်လူထုကို ဦးတည်၍ ပစ်မှတ်ထားသတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း AAက နိုဝင်ဘာလ ၁၆ရက် တွင် သတင်းထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို အမြဲတမ်းကာကွယ်ပေးလျက်ရှိပြီး ပြည်သူလူထုအားဒုက္ခရောက်ရန် ပြုလုပ်သော မည်သူ့ကိုမဆို တားဆီးတိုက်ဖျက်သွားမည်ဖြစ်ပြီး အာရက္ခပြည်သူလူထုများအား သတ်ဖြတ်နေသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များကိုလည်း လက်စားချေ တုံ့ပြန်သွားမည်ဟု AAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ လက်နောက်ပြန်လက်ထိပ်ခတ်ပြီး​တော့၊ ခြေထောက်တွေကို ချည်နှောင်ကာ အဓမ္မပြု ကျင့်၊ အလောင်းဖျောက်ခံခဲ့ရတဲ့အမှုအတွက် ဖမ်းဆီးထားတဲ့ သုံးယောက်လုံးက ဝန်ခံထားပြီး ဥပဒေရုံးရဲ့ ဥပဒေအကြံပြုချက်နဲ့အညီ အမြန်ဆုံးရုံးတင်သွားမယ်လို့ အာရက္ခတပ်တော်(AA)ရဲတပ်ဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို