Connect with us

Hi, what are you looking for?

သတင်း

ဆန္ဒပြပွဲပြုလုပ်ခဲ့သည့် မြောက်ဒဂုံ (၄၀)ဈေးကို စစ်ကောင်စီ ဖျက်ဆီး

စစ်ကောင်စီမှ လုံခြုံရေး အထူးတင်းကြပ်ထားသည့် ကြားမှ ယမန်နေ့က လူထုသပိတ်တိုက်ပွဲတရပ်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုနှင့်အတူ ကိုနန်းလင်းနှင့် သပိတ်အင်အားစုများက ယမန်နေ့တွင် မြောက်ဒဂုံဈေး၌ ပြုလုပ်ခဲ့သည်။

(စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖျက်ဆီးထားသည့် မြောက်ဒဂုံ (၄၀) ဈေး။ ဓာတ်ပုံ - CJ
(စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖျက်ဆီးထားသည့် မြောက်ဒဂုံ (၄၀) ဈေး။ ဓာတ်ပုံ - CJ

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ်ခဲ့သည့် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် (၄၀) စျေးရှိ စျေးဆိုင်များအား စစ်ကောင်စီက ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

အဆိုပါ စျေးပတ်ဝန်းကျင်ကို ယမန်နေ့ ညပိုင်းနှင့် ယနေ့ နံနက်က စစ်ကောင်စီတပ်သားများနှင့် အရပ်ဝတ်ဖြင့် အင်အားအများအပြား ရောက်ရှိလာပြီး အကြမ်းဖက်ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း မြောက်ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

“မနေ့က ဆန္ဒပြပွဲလုပ်သွားလို့ ဆိုပြီး (၄၀)စျေးကို ညထဲက စစ်သားတွေ လာဖျက်သွားကြတယ်။ ခုမနက်လည်း လမ်းဘေးစျေးသည်တွေက မသိတော့ လာဖွင့်တာကို ထပ်ဖျက်ဆီးသွားတယ်။ စျေးဆိုင်တွေကိုလည်း ပေးမဖွင့်ဘူး။ ပိတ်ခိုင်းထားတယ်။ အနီးအနားမှာလဲ စစ်သားနဲ့ အရပ်ဝတ်တွေ အများကြီး စောင့်နေကြတယ်” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ဖျက်ဆီးခံရသည့်အတွက် ဝမ်းနည်းမိကြောင်းနှင့် ပြည်သူများအား အနူးအညွတ်တောင်းပန်အပ်ကြောင်း ရန်ကုန်သပိတ်အင်အားစုမှ ကိုရဲညီထက်က လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“မနေ့က သပိတ်မှာ ဟောခဲ့တဲ့ ကိုနန်းလင်းစကားလိုပဲ နှလုံးတုန်၊ ရင်တုန်ဖြစ်ရပြီး အခုလို စျေးပစ္စည်းတွေဆုံးရှုံးရတာ၊ နစ်နာရတာတွေ အတွက် တောင်းပန်ပါတယ်။ ဒီလုပ်ရပ်ဟာ စစ်တပ်ဟာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြားသွေးကွဲအောင်လုပ်တဲ့ လမ်းစဉ်ပါပဲ။ ကျွန်တော်တို့ကို မြင်တာနဲ့ ပြည်သူတွေမှာ စိုးရိမ်စိတ်ဖြစ်လာအောင် စစ်တပ်က ပုံဖော်လုပ်ယူနေတာပါ။ လှည်းတန်းဈေးမှာ လုပ်ခဲ့တုန်းကလည်း ဈေးတစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ဖူးပါတယ်။ အခုလည်း ဒီနည်းလမ်းကို ထပ်လုပ်ပြီး အဓမ္မအနိုင်ကျင့်ပြုလုပ်ခဲ့တာပါ။ ပြည်သူတွေကို ဒီကောင်တွေဟာ အကြောက်တရားနဲ့ ဖိနှိပ်ပြီး အာဏာတည်မြဲဖို့ ကြိုးစားနေတာဖြစ်တယ်” ဟု ကိုရဲညီထက်က ရေးသားခဲ့သည်။

ဆက်လက်၍ “စစ်တပ်ဟာ သေချာပေါက်ကျရှုံးနေပါပြီ။ ဒီကောင်တွေရဲ့ နိဂုံးဟာ ကျရှုံးခြင်းပါပဲ။ ဒီကောင်တွေဟာ ရန်ကုန်ကို ဘယ်တော့မှ အုပ်ချုပ်လို့မရစေရပါဘူး။ ရန်ကုန်မှ မဟုတ်ပါဘူး။ မြန်မာပြည်တစ်ပြည်လုံး ဘယ်နေရာ ဘယ်ဒေသမှ အုပ်ချုပ်၍ မရစေရပါဘူး။ လုံးဝ အုပ်ချုပ်ခွင့်မရစေရပါဘူး” ဟု ကိုရဲညီထက်က အသိပေးဖော်ပြခဲ့သည်။

စစ်ကောင်စီမှ လုံခြုံရေး အထူးတင်းကြပ်ထားသည့် ကြားမှ ယမန်နေ့က လူထုသပိတ်တိုက်ပွဲတရပ်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုနှင့်အတူ ကိုနန်းလင်းနှင့် သပိတ်အင်အားစုများက ယမန်နေ့တွင် မြောက်ဒဂုံဈေး၌ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ အသက်(၃၁) နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမားတစ်ဦး နေအိမ်ရှေ့တင် ပျောက်ဆုံးသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ဆန္ဒပြပွဲတွေကနေ အဓိကရုဏ်း အခြေအနေတွေအသွင် ကူးပြောင်းသွားပြီးတဲ့နောက် အင်ဒိုနီးရှားရဲ့ မြို့တော် ဂျကာတာမှာ ပို့ဆောင်ဆက်သွယ်ရေး ပြဿနာတွေ ကြုံတွေ့နေရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook