Connect with us

Hi, what are you looking for?

သတင်း

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုံအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဂိုထောင်တစ်လုံးမီးလောင်

ယနေ့(နိုဝင်ဘာ ၂၇ရက်)နံနက် ၂နာရီခန့်မှစ၍ ၁၀၅မိုင်အနီး တိုက်ပွဲငြိမ်သက်နေရာမှ နေ့လယ် ၂နာရီတွင် ပစ်ခတ်သံများပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်။

မူဆယ် ၁၀၅မိုင်တွင် ယမန်နေ့ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ
မူဆယ် ၁၀၅မိုင်တွင် ယမန်နေ့ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုံအတွင်း ယနေ့ နေ့လယ် ၂နာရီက လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး ဂိုထောင်တစ်လုံးမီးလောင်နေသည်။

စစ်ကောင်စီ ဗျူဟာကုန်းဖက်မှ နေ့လယ် ၂နာရီတွင် ပစ်ခတ်သော လက်နက်ကြီးသည် ကုန်သွယ်ရေးဇုံအတွင်း တနေရာကျရောက်လပေါက်ကွဲခြင်းဟု ဒေသခံများက ပြောသည်။

မူဆယ် ၁၀၅မိုင်တွင် ယမန်နေ့ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ
မူဆယ် ၁၀၅မိုင်တွင် ယမန်နေ့ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ

“ကားကွင်းဘေးက ဂိုထောင်တစ်လုံး မီးလောင်နေတယ်။ဒရုန်းတွေ၊ လက်နက်ကြီးတွေ ဆက် ပစ်နေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

(၁၀၅)မိုင်ကုန်သွယ်ရေး‌ဇုံတွင် ယမန်နေ့ နိုဝင်ဘာ ၂၆ ရက် နေ့လယ်မှစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ည ၈ နာရီခွဲခန့်တွင် ကုန်တင်ကားဝင်းအတွင်း ဗုံးသုံးလုံးကျရောက်ပေါက်ကွဲခဲ့သည်။

Public Service Announcement

Public Service Announcement

မူဆယ် ၁၀၅မိုင်တွင် ယမန်နေ့ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ
မူဆယ် ၁၀၅မိုင်တွင် ယမန်နေ့ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ

စစ်ကောင်စီသည် (၁၀၅)မိုင်ကုန်သွယ်ရေးဇုံနှင့်ပတ်ဝန်းကျင်ကို မဆုံးရှုံးစေရေးအတွက် တပ်မ (၉၉)လက်အောက်ခံတပ်ရင်းများဖြင့် အင်အားဖြည့်တင်းနေသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် (၁၀၅)မိုင်ကုန်သွယ်ရေးဇုံနှင့် အနီးဝန်းကျင်ရှိ နဂါးရုံ၊ ရပ်တော်မူဘုရားတို့တွင် ဝင်ရောက်တပ်စွဲလိုက်ကြောင်း သတင်းရရှိသည်။

မူဆယ် ၁၀၅မိုင်တွင် ယမန်နေ့ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ
မူဆယ် ၁၀၅မိုင်တွင် ယမန်နေ့ကဖြစ်ခဲ့သောတိုက်ပွဲအတွင်း ဈေးဆိုင်ခန်းများနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ

ယမန်‌နေ့ညက တိုက်ပွဲတွင် (၁၀၅)မိုင် ကုန်သွယ်ရေးဇုံအနီးမှ ဒေသခံအမျိုးသားတစ်ဦး သေနတ်ကျည်ထိမှန်သေဆုံးခဲ့သည်။

ယနေ့(နိုဝင်ဘာ ၂၇ရက်)နံနက် ၂နာရီခန့်မှစ၍ ၁၀၅မိုင်အနီး တိုက်ပွဲငြိမ်သက်နေရာမှ နေ့လယ် ၂နာရီတွင် ပစ်ခတ်သံများပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။