Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် (၂၅၈)တပ်ရင်းမှ စစ်သားသုံးဦးအားဖမ်းဆီးရာ ပြန်လည်ခုခံ၍ပစ်ခတ်ရာ တစ်ဦးသေ၊ လက်နက်နှင့် ခဲယမ်းအချို့ရရှိ

ယမန်နေ့ (ဒီဇင်ဘာ ၆ ရက်) နံနက် ၉ နာရီခန့်က ရေစကြိုမြို့ရှိ (၂၅၈)တပ်ရင်းမှ စစ်သားသုံးဦးထွက်လာ၍ ရဲဘော်များက သွားရောက်ဖမ်းဆီးခဲ့ကြောင်း ရေစကြို(ပကဖ)ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - ရေစကြိုပကဖ
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - ရေစကြိုပကဖ

မကွေးတိုင်း၊ ရေစကြိုမြို့တွင် စစ်ကောင်စီ​၏ (၂၅၈)တပ်ရင်းမှ စစ်သား သုံးဦးအား ဖမ်းဆီးရာ ပြန်လည်ခုခံ၍ ပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့်ကျည်များ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဒီဇင်ဘာ ၆ ရက်) နံနက် ၉ နာရီခန့်က ရေစကြိုမြို့ရှိ (၂၅၈)တပ်ရင်းမှ စစ်သားသုံးဦးထွက်လာ၍ ရဲဘော်များက သွားရောက်ဖမ်းဆီးခဲ့ကြောင်း ရေစကြို(ပကဖ)ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ဖမ်းဆီးချိန် ခုခံ၍ ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး MA1တစ်လက်နှင့် ကျည်ဘောက်သုံးဘောက်၊ ကျည် ၆၇တောင့်နှင့် စစ်အသုံးအဆောင်များသိမ်းဆည်းရမိကြောင်း ရေစကြို(ပကဖ)က အသိပေးသည်။

“သူတို့ သုံးယောက်ကို ပကဖရဲဘော်တွေက လမ်းကြောင်းတွေပိတ်ပြီး စောင့်နေတာ။ တွေ့တာနဲ့ တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းလိုက်တာ။ နေရာမှာတင်သေသွားတယ်။ ထွက်ပြေးတဲ့နှစ်ယောက်မှာ တစ်ယောက်ကတော့ ဒဏ်ရာတွေရသေးတယ်။”ဟု ရေစကြို(ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကပင် ပခုက္ကူ-ရေစကြိုလမ်းပိုင်းရှိ ကျောက်လှေခါးရွာတိုးဂိတ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တိုးဂိတ်ပျက်စီးခဲ့သေးသ​ည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

Facebook