Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့ထွေအုပ်ရုံး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

(၄၀)မမတစ်လုံးသည် ရုံးအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦး ထိခိုက်ဒဏ်ရာရှိသည်ဟု MBT တပ်ဖွဲ့က အသိပေးသည်။

(ရေစကြိုမြို့ထွေအုပ်ရုံးအား ရဲဘော်တစ်ဦးက (၄၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - MBT)
(ရေစကြိုမြို့ထွေအုပ်ရုံးအား ရဲဘော်တစ်ဦးက (၄၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - MBT)

မကွေးတိုင်း၊ ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်စွဲရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအယး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

နိုဝင်ဘာ ၂၄ ရက် နေ့လယ် ၂ နာရီခန့်က ရေစကြိုမြို့ထွေအုပ်ရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား အနီးကပ်သွားရောက်တိုက်ခိုက်ခဲ့ကြောင်း MBTတပ်ဖွဲ့၏ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

(၄၀)မမတစ်လုံးသည် ရုံးအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦး ထိခိုက်ဒဏ်ရာရှိသည်ဟု MBT တပ်ဖွဲ့က အသိပေးသည်။

“၅ မိနစ်လောက်ပဲ အပြန်အလှန်ပစ်ခတ်တယ်။ ဒဏ်ရာရသွားတဲ့ သုံးယောက်ကို ရေစကြိုပြည်သူ့စစ်ခေါင်းဆောင်(ပျူစောထီးခေါင်းဆောင်)မောင်မြင့်ရဲ့ဂျစ်ကားနဲ့ ရေစကြိုပြည်သူ့ဆေးရုံကြီးကို ခေါ်သွားတယ်။”ဟု ဗိုလ်မိုက်ခဲက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါထွေအုပ်ရုံးအတွင်းမှ စစ်အုပ်စုကလည်း (၆၀)မမ များဖြင့် ခုနစ်ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို MBTနှင့်YSO TPG မြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီ စစ်ကြောင်းတစ်ခုသည် နိုဝင်ဘာ၂၄ ရက်နံနက်ပိုင်းမှစတင်ကာရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ပြည်သူအချို့ကို ဖမ်းဆီးထား၍ ကျေးရွာများမှ ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

Facebook