Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် မြို့နယ်သံဃနာယကအတွင်းရေးမှူးဆရာတော်တစ်ပါး စစ်တပ် ဖမ်းဆီးနှိပ်စက်ခံရ၍ ပျံလွန်တော်မူ

ဆရာတော်အား စစ်ကောင်စီက မည်သည့်အတွက်ကြောင့်ဖမ်းဆီးခဲ့သည်ကို မသိရသေးကြောင်း၊ ဆရာတော်သည် အာဏာသိမ်းကာလအစောပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများတွင် စိတ်အားထက်သန်ခဲ့သူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

(ဖမ်းဆီးနှိပ်စက်ခံရ၍ ပျံလွန်တော်မူခဲ့သည့် ဆရာတော်ဥုးဝါယမအား ဖူးတွေ့ရစဥ်။ ဓာတ်ပုံ-ရောင်နီနွေဦး)
(ဖမ်းဆီးနှိပ်စက်ခံရ၍ ပျံလွန်တော်မူခဲ့သည့် ဆရာတော်ဥုးဝါယမအား ဖူးတွေ့ရစဥ်။ ဓာတ်ပုံ-ရောင်နီနွေဦး)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်သံဃနာယကအဖွဲ့အတွင်းရေးမှူးဆရာတော်တစ်ပါး စစ်ကောင်စီတပ်၏ ဖမ်းဆီးနှိပ်စက်ခံရ၍ ပျံလွန်တော်မူခဲ့ကြောင်း အဆိုပါမြို့နယ်သတင်းရင်းမြစ်များက ပြောသည်။

မတ္တရာမြို့နယ်၊ ထန်းပင်ကုန်ကျေးရွာမှ ကျောင်းထိုင်​ဆရာတော်ဖြစ်သူ၊ မတ္တရာမြို့နယ် သံဃနာယကအဖွဲ့ အတွင်းရေးမှူးဆရာတော်လည်းဖြစ်သူ သက်တော်(၇၀)နှစ်အရွယ်ရှိ ဥူးဝါယမအား ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၁၂ ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည်။

ထို့နောက် နှစ်ရက်အကြာတွင် ဆရာတော်အား မတ္တရာမြို့နယ်၊ ဇီးဖြူပင်ကုန်းကျေးရွာအနီးတွင် နံကြားနှင့် လည်ပင်း ဓားဒဏ်ရာများဖြင့် စစ်တပ်က လာရောက်စွန့်ပစ်သွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဆရာတော်ရရှိခဲ့သည့် ဒဏ်ရာများကြောင့် ဆေးဝါးကုသမှုခံယူခဲ့သော်လည်း ယခု ဇန်နဝါရီ ၁၈ရက်တွင် ပျံလွန်တော်မူသွားခဲ့ကြောင်း မတ္တရာ(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“လည်ပင်းက ဓားဒဏ်ရာကြောင့် ဆရာတော်က ၁၈ ရက်နေ့က ဆေးရုံတစ်ခေါက်သွားတာ။ မတ္တရာဆေးရုံမှာပဲ ဆေးမမီဘဲ ပျံလွန်တော်မူသွားတယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

ဆရာတော်အား စစ်ကောင်စီက မည်သည့်အတွက်ကြောင့်ဖမ်းဆီးခဲ့သည်ကို မသိရသေးကြောင်း၊ ဆရာတော်သည် အာဏာသိမ်းကာလအစောပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများတွင် စိတ်အားထက်သန်ခဲ့သူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ထန်းပင်ကုန်းကျောင်းတိုက်၌ပင် ပြုလုပ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးစဥ်က ဆရာတော်​၏ ကျောင်းပိုင် ကားနှစ်စီးအား စစ်ကောင်စီတပ်က သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။

ယခုဖြစ်စဥ်နှင့်ပတ်သက်၍ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) ဆရာတော်များ ရေငုံနူတ်ပိတ်နေခြင်းအား ဝေဖန်မှုများ မြင့်တက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။