Connect with us

Hi, what are you looking for?

News

ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်အတည်ပြုချက်ကို ကျေးဇူး တင်ကြောင်း CRPH သဝဏ်လွှာပေးပို့

ဥရောပ ပါလီမန်က အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ကို ထောက်ခံအားပေးရေးအဆိုအား မဲအပြတ်အသတ်နဲ့ ဆုံးဖြတ် အတည်ပြုခဲ့တဲ့အပေါ် CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်က ကျေးဇူးတင်လွှာပေးပို့ခဲ့တာဖြစ်ပါတယ်။

ဥရောပပါလီမန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် ကျေးဇူးတ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)ဥက္ကဌ ဦးအောင်ကြည်ညွန့်က သဝဏ်လွှာပေးပို့ခဲ့တယ်လို့ CRPH က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

ဥရောပ ပါလီမန်က အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ကို ထောက်ခံအားပေးရေးအဆိုအား မဲအပြတ်အသတ်နဲ့ ဆုံးဖြတ် အတည်ပြုခဲ့တဲ့အပေါ် CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်က ကျေးဇူးတင်လွှာပေးပို့ခဲ့တာဖြစ်ပါတယ်။

CRPH ဟာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းအနေနဲ့ လွှတ်တော်ဆိုင်ရာသံတမန်ရေးကတဆင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်အသက်သွင်းရေး၊ စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေးပြန်လည်စတင်နိုင်ရေးအတွက် ဥရောပပါလီမန်နဲ့အနီးကပ်ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က ဥရောပပါလီမန်ဟာ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုကို ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ ၂၀၂၀ နိုဝင်ဘာ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲရလဒ်တွေကို တပ်မတော်က အပြည့် အ၀လေးစားဖို့ တောင်းဆိုကြောင်း အချက်တွေပါဝင်တဲ့ အဆိုတရပ်ကို တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဆုံးဖြတ်ချက်မှာ အရပ်သားအစိုးရကို ချက်ချင်းအာဏာပြန်လွှဲဖို့၊ နိုင်ငံတော်အရေးပေါ်ကြေညာချက်ကို အဆုံးသတ်ဖို့၊ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပေါ် အကြမ်းဖက်အသုံးပြုမှုတွေကို အဆုံးသတ်ဖို့၊ လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်ကို လေးစားဖို့ အချက်တွေလည်း ပါဝင်ပါတယ်။

နောက်ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါ အဝင်အခြားသော မတရားသဖြင့်ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဥရောပပါလီမန်က တောင်းဆိုပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်နဲ့ ဥရောပ လုံခြုံရေး အရာရှိတွေ နယ်စပ်ဖြတ်သန်းပြီး မကြာခင်မှာပဲ ယူကရိန်း-ပိုလန် နယ်စပ်မှာ ရထားတစ်စီးကို ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီက ပုဂ္ဂလိက လေကြောင်းသိပ္ပံ ကုမ္ပဏီ တစ်ခုဟာ အာကာသထဲကို ဒုံးပျံတစ်စင်း ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ပစ်လွှတ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် စစ်ပွဲရဲ့ ဂယက်ကြောင့် ဥရောပမှာ ဖြန့်ကျက်ထားတဲ့ Patriot လေကြောင်းကာကွယ်ရေး စနစ်တွေအတွက် ဒုံးခွင်းဒုံးတွေ စိုးရိမ်စရာ အဆင့်မျိုးထိ လျော့နည်းလာတာကို အမေရိကန် စစ်တပ်က ကြုံတွေ့နေကြောင်း သိရပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၁၄ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။