Connect with us

Hi, what are you looking for?

News

ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်အတည်ပြုချက်ကို ကျေးဇူး တင်ကြောင်း CRPH သဝဏ်လွှာပေးပို့

ဥရောပ ပါလီမန်က အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ကို ထောက်ခံအားပေးရေးအဆိုအား မဲအပြတ်အသတ်နဲ့ ဆုံးဖြတ် အတည်ပြုခဲ့တဲ့အပေါ် CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်က ကျေးဇူးတင်လွှာပေးပို့ခဲ့တာဖြစ်ပါတယ်။

ဥရောပပါလီမန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် ကျေးဇူးတ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)ဥက္ကဌ ဦးအောင်ကြည်ညွန့်က သဝဏ်လွှာပေးပို့ခဲ့တယ်လို့ CRPH က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

ဥရောပ ပါလီမန်က အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ကို ထောက်ခံအားပေးရေးအဆိုအား မဲအပြတ်အသတ်နဲ့ ဆုံးဖြတ် အတည်ပြုခဲ့တဲ့အပေါ် CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်က ကျေးဇူးတင်လွှာပေးပို့ခဲ့တာဖြစ်ပါတယ်။

CRPH ဟာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းအနေနဲ့ လွှတ်တော်ဆိုင်ရာသံတမန်ရေးကတဆင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်အသက်သွင်းရေး၊ စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေးပြန်လည်စတင်နိုင်ရေးအတွက် ဥရောပပါလီမန်နဲ့အနီးကပ်ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က ဥရောပပါလီမန်ဟာ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုကို ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ ၂၀၂၀ နိုဝင်ဘာ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲရလဒ်တွေကို တပ်မတော်က အပြည့် အ၀လေးစားဖို့ တောင်းဆိုကြောင်း အချက်တွေပါဝင်တဲ့ အဆိုတရပ်ကို တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဆုံးဖြတ်ချက်မှာ အရပ်သားအစိုးရကို ချက်ချင်းအာဏာပြန်လွှဲဖို့၊ နိုင်ငံတော်အရေးပေါ်ကြေညာချက်ကို အဆုံးသတ်ဖို့၊ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပေါ် အကြမ်းဖက်အသုံးပြုမှုတွေကို အဆုံးသတ်ဖို့၊ လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်ကို လေးစားဖို့ အချက်တွေလည်း ပါဝင်ပါတယ်။

နောက်ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါ အဝင်အခြားသော မတရားသဖြင့်ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဥရောပပါလီမန်က တောင်းဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ညီလာခံမှာ ဒေါက်တာဝင်းမြတ်အေးနဲ့ ဒေါ်ဇင်မာအောင်တို့ ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီနေ့ ထုတ်ပြန်လာပါတယ်။

နိုင်ငံတကာ

ရုရှားဆီက ဓာတ်ငွေ့ တင်သွင်း ဝယ်ယူမှုတွေကို အပြီးတိုင် ရပ်စဲတဲ့အထိ တစ်ဆင့်ချင်းစီ လျှော့ချဖို့ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေရဲ့ စွမ်းအင် ဝန်ကြီးတွေ ညှိနှိုင်း သဘောတူခဲ့ပါတယ်။

နိုင်ငံတကာ

အနာဂတ် အနောက် ဥရောပ နိုင်ငံတွေရဲ့ ဒရုန်းစစ်ဆင်ရေး နယ်ပယ်မှာ လွှမ်းမိုး နေရာယူလာနိုင်ဖို့ ရည်ရွယ်ထားတဲ့ တိုက်ခိုက်ရေး ဒရုန်းအသစ် တစ်မျိုးကို ဂျာမနီမှာ မိတ်ဆက် ပြသခဲ့ပါတယ်။

သတင်း

မင်းအောင်လှိုင်ဦးဆောင်သောစစ်အုပ်စုက စစ်ကောင်စီမှ စစ်ကော်မရှင်ဟု​အမည်​ပြောင်း​သော်လည်း အကြမ်းဖက်အုပ်စု၊ နိုင်ငံတော်နှင့် ပြည်သူ့ ရန်သူပင်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့က ယနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။