Connect with us

Hi, what are you looking for?

နိုင်ငံတကာ

MiGတွေအစား F-16တွေ မောင်းနှင်ရတာ Nokiaကနေ iPhone ပြောင်းကိုင်ရသလိုပဲလို့ ယူကရိန်း တိုက်လေယာဉ်မှူးပြော

သူမောင်းနှင်နေကျ MiGတွေနဲ့ ယှဉ်လိုက်ရင် F-16တွေက အရမ်းပေါ့ပါးဖျတ်လတ်ပြီး စိတ်ထဲရှိတဲ့အတိုင်း ပျံသန်းနိုင်စွမ်း အများကြီး ပိုသာကြောင်းလည်း Moonfishက ပြောပါတယ်။

MiGတွေအစား F-16တွေ မောင်းနှင်ရတာ Nokiaကနေ iPhone ပြောင်းကိုင်ရသလိုပဲလို့ ယူကရိန်း တိုက်လေယာဉ်မှူးပြော
MiGတွေအစား F-16တွေ မောင်းနှင်ရတာ Nokiaကနေ iPhone ပြောင်းကိုင်ရသလိုပဲလို့ ယူကရိန်း တိုက်လေယာဉ်မှူးပြော

F-16 တိုက်လေယာဉ်တွေကို မောင်းနှင်ရတာဟာ Nokia ဖုန်းအဟောင်းလေးကနေ iPhoneကို ပြောင်းကိုင်လိုက်ရသလို ခံစားရတယ်လို့ ယူကရိန်း တိုက်လေယာဉ်မှူး တစ်ဦးက ပြောပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ကာလရှည်ကြာ တောင်းဆိုမှုကို အနောက်မဟာမိတ် နိုင်ငံတွေက လိုက်လျောပြီး အမေရိကန်လုပ် F-16တွေ ထောက်ပံ့ပေးဖို့ သဘောတူခဲ့တဲ့နောက် ယူကရိန်း လေယာဉ်မှူးတွေကို F-16တွေနဲ့ စတင်လေ့ကျင့်ပေးနေပြီ ဖြစ်ပါတယ်။ လေ့ကျင့်မှုတွေ ပြီးမြောက်ရင် ယူကရိန်းဆီ ပထမအသုတ် F-16တွေ လွှဲပေးဖို့လည်း အနောက်မဟာမိတ် နိုင်ငံတွေက စီစဉ်ထားပါတယ်။

ယူကရိန်းဟာ အစဉ်အလာအရ MiG-29လိုမျိုး ဆိုဗီယက်လုပ် သက်တမ်းရင့် တိုက်လေယာဉ်တွေကိုသာ အားကိုးခဲ့ရပြီး ရုရှားနဲ့ စစ်ဖြစ်လာချိန်မှာ ဝေဟင်စိုးမိုးမှုကို ရန်သူ့ဆီ စောစောစီးစီး ဆုံးရှုံး ခံလိုက်ရပါတယ်။ ဇီလန်စကီးကတော့ F-16တွေ ပိုင်ဆိုင်လာရင် အဲဒီ အခြေအနေကို ပြောင်းလဲပစ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ အမေရိကန်ရဲ့ စဉ်ဆက်မပြတ် အဆင့်မြှင့်ထားတဲ့ တိုက်လေယာဉ်တွေရဲ့ စွမ်းဆောင်ရည်၊ နည်းပညာ မြင့်မားမှုတွေဟာ လက်ရှိ လေ့ကျင့် ပျံသန်းနေတဲ့ ယူကရိန်း တိုက်လေယာဉ်မှူးတွေကို အံ့ဩ မင်သက်စေခဲ့တယ်လို့ ဆိုပါတယ်။

Moonfishဆိုတဲ့ ကုတ်ဒ်နာမည်ကို ယူထားတဲ့ တိုက်လေယာဉ်မှူးဟာ ဒိန်းမတ်နိုင်ငံ၊ စခရစ်ပ်ထရုပ် လေတပ်စခန်းမှာ F-16တွေကို လေ့ကျင့် ပျံသန်းနေတဲ့ ယူကရိန်း လေယာဉ်မှူး ၆ ဦးထဲမှာ ပါဝင်ပါတယ်။ F-16တွေဟာ တကယ့်ကို အံ့ဩလောက်အောင် ထူးကဲတဲံ လေယာဉ်တွေလို့ သူက ညွှန်းဆိုပါတယ်။

Public Service Announcement

Public Service Announcement

F-16တွေဟာ ထိန်းကျောင်း ပျံသန်းရတာ ပိုလွယ်ကူသလို စစ်ကစားနိုင်စွမ်းလည်း အရမ်းမြင့်မားကြောင်း၊ ဒါပေမဲ့ နည်းပညာပိုင်းက ခေတ်ရှေ့ပြေးလွန်းတဲ့အတွက် အမီလိုက်ဖို့တော့ နည်းနည်း ရုန်းကန်ရကြောင်း Moonfishက ရှင်းပြပါတယ်။

သူမောင်းနေကျ တိုက်လေယာဉ်တွေပေါ်ကနေ F-16တွေဆီ ကူးပြောင်းရတာဟာ Nokia ဖုန်းအဟောင်းလေး သုံးနေရာကနေ ရုတ်တရက် iPhone ပြောင်းကိုင်ရသလို ဖြစ်သွားပြီး အဆင့်တွေ အတော်များများကို ခုန်ပျံ ကျော်လွှားခဲ့ရကြောင်းလည်း လေယာဉ်မှူးက ဆိုပါတယ်။

သူမောင်းနှင်နေကျ MiGတွေနဲ့ ယှဉ်လိုက်ရင် F-16တွေက အရမ်းပေါ့ပါးဖျတ်လတ်ပြီး စိတ်ထဲရှိတဲ့အတိုင်း ပျံသန်းနိုင်စွမ်း အများကြီး ပိုသာကြောင်းလည်း Moonfishက ပြောပါတယ်။

ဒိန်းမတ် ကာကွယ်ရေးဝန်ကြီး ထရိုးလ်စ်လွန် ပူလ်ဆန်က ပထမအသုတ် F-16တွေဟာ အခုနွေရာသီမှာ ဒိန်းမတ်ကို ရောက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။ ဒါပေမဲ့ ယူကရိန်း လေယာဉ်မှူးတွေ သင်တန်းဆင်းနိုင်မယ့် အချိန်နဲ့ လေယာဉ်တွေ လက်လွှဲပေးမယ့် ကာလကို အတိအကျ သတ်မှတ်ဖို့တော့ အဆင်မပြေသေးဘူးလို့ ဝန်ကြီးက မှတ်ချက်ပေးသွားခဲ့ပါတယ်။

F-16တွေဟာ ပေါ့ပါးပြီး ဘက်စုံသုံး စစ်ဆင်ရေးတွေအတွက် ရည်ရွယ် တည်ဆောက်ထားသလို ပေါင် ၂၀၀၀ လောက် အလေးချိန်ရှိတဲ့ ဗုံးတွေ၊ ဒုံးကျည်တွေကို တင်ပြီး မိုင် ၅၀၀ ကျော်ထိ ပျံသန်းနိုင်ပါတယ်။ F-16တွေမှာ တာဝေးပစ် ဒုံးကျည်တွေ တပ်ဆင်နိုင်ခြင်းကလည်း ရုရှားရဲ့ မြေပြင်အခြေစိုက် လေကြောင်း ကာကွယ်ရေး စနစ်တွေပေါ်ကနေ စွန့်စား ဖြတ်ပျံစရာ မလိုဘဲ ပစ်မှတ်တွေကို အဝေးကနေ ချေမှုန်းနိုင်မှာ ဖြစ်တာကြောင့် ယူကရိန်းအတွက် ကြီးမားတဲ့ စစ်ရေး အားသာချက်တွေ ရရှိလာနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ကိုးကား: Business Insider

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။