Connect with us

Hi, what are you looking for?

သတင်း

ဆင်ဘို ခလရ(၁၄၁)တပ်ရင်းကို KIAသုံးကြိမ်မြောက် ဆက်လက်ထိုးစစ်ဆင်

KIAသည် လိုင်ဇာ၊ ဝိုင်းမော်၊ ဆွမ်ပရာဘွမ်၊ ဖားကန့်၊ မိုးမောက်စသည့် ဒေသများရှိ စစ်ကောင်စီတပ်စခန်း ၃၀ကျော်ကို ယခုလအတွင်း တိုက်ခိုက် သိမ်းပိုက်ထားသည်။

(KIA ရဲဘော်တစ်ဦး တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Myu Tsaw Kasa/FB)
(KIA ရဲဘော်တစ်ဦး တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Myu Tsaw Kasa/FB)

▪️လိုင်ဇာအနီး ပိတ်မိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲတုဖန်တီးပြီး လေကြောင်း ပစ်ကူတောင်းဟု စစ်ရေးသတင်းရင်းမြစ်ပြော

ကချင်ပြည်နယ် ဆင်ဘိုမြို့အနီး စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ (မတ်လ ၁၉ရက်)တွင် ပြန်လည်ထိုးစစ်ဆင်နေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီ ၁၀ရက်တွင် ဆင်ဘိုမြို့ကို KIA ကသိမ်းပိုက်ပြီးနောက် မြို့အနီး ခလရ(၁၄၁) တပ်ရင်းကို ပထမအကြိမ်တိုက်ခိုက်ခဲ့ရာ သိမ်းပိုက်နိုင်ခြင်းမရှိပေ။ ဖေဖော်ဝါရီ ၂၄ရက်တွင် ဒုတိယ အကြိမ်ထပ်မံတိုက်ခိုက်ရာတွင်လည်း အဆိုပါ တပ်ရင်းကို မသိမ်းနိုင်ခဲ့၍ ယခု တတိယအကြိမ် ထိုးစစ်ဆင်ခြင်းဖြစ်သည်။

“ဆင်ဘို ခလရ(၁၄၁)ကို ဒီနေ့ ထိုးစစ်ပြန်စတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ အခြေအနေကို ပြောပြသည်။

အခြား စစ်ရေးသတင်းတစ်ရပ်မှာ KIA ဌာနချုပ် လိုင်ဇာ အနီးပိတ်မိနေသည့် စစ်ကောင်စီတပ်က တိုက်ပွဲတု ဖန်တီးနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ KIAသည် လိုင်ဇာအနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ခုပြီးတစ်ခုသိမ်းပိုက်ထားပြီးဖြစ်ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးကာ ဒေသအချို့၌ ပိတ်မိနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“လိုင်ဇာနား ပိတ်မိနေတဲ့ နာဖော့ဝန်းကျင်က တပ်စခန်းတွေ မနေ့က ၄နာရီလောက်ကနေ ကျနော်တို့ဘက်က ဝင်တိုက်တာမရှိဘဲ သူတို့ တစ်ဖက်သတ် လက်နက်ကြီး၊ လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်နေတယ်။ မနေ့ညက သူတို့ လေယာဉ်ပစ်ကူလည်း ခေါ်တယ်။ လေယာဉ်ကလည်း ဘယ်သူမှ မရှိတဲ့ တောထဲကို ပစ်ထည့်တယ်။ ဒီမနက် ၅နာရီ ကနေပြန်ပြီး သူတို့ တဖက်သတ် ပြန်ပစ်တယ်။ မနက် ၉နာရီ ၁၀နာရီလောက်အထိ ပစ်တယ်။ ညနေပိုင်းတော့ ပြန် ငြိမ်သွားပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲတုဖန်တီးခြင်းမှာ ၎င်းတပ်များအနေဖြင့် တိုက်ပွဲဖြစ်သည်ကို အကြောင်းပြပြီး လက်နက်ချရန် အပါအဝင် လွတ်မြောက်ရန် နည်းလမ်းများအတွက် လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ကျနော်တို့ သူတို့ကို ဝင်မတိုက်ရင်လည်း သူတို့ အဲဒီမှာ ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး။ သူတို့ ထွက်လမ်းလည်းမရှိဘူး။ ပိတ်မိနေပြီဆိုတော့လေ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIAသည် လိုင်ဇာ၊ ဝိုင်းမော်၊ ဆွမ်ပရာဘွမ်၊ ဖားကန့်၊ မိုးမောက်စသည့် ဒေသများရှိ စစ်ကောင်စီတပ်စခန်း ၃၀ကျော်ကို ယခုလအတွင်း တိုက်ခိုက် သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။