Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီး၊ ကန်ကောက်ရွာရှိ ​နေအိမ်တစ်​ထောင်ခန့်ကို ဓာတ်အားလိုင်းနှင့်မလွတ်ဟုဆိုကာ ရက်ပိုင်းအတွင်းဖယ်ရှားရန် စစ်ကောင်စီစာပို့

ရန်ကုန်မြို့တွင်လည်း လှိုင်သာယာ၊ မဂ်လာဒုံ ၊မရမ်းကုန်း စ​သဖြင့် မြို့နယ်များစွာတွင် ​နေအိမ်​​ပေါင်းသာင်းနှင့်ချီ၍ ကျူး​ကျော်ဟုဆိုကာအင်အားသုံးဖျက်ဆီးဖယ်ရှားခဲ့သည်။

(ယမန်နှစ်က ဖယ်ရှားပေးရမည့် ကန်ကောက်ရွာရှိ နေအိမ်အချို့အား စစ်ကောင်စီက အမှတ်အသားပြုခဲ့သည်ကို တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ယမန်နှစ်က ဖယ်ရှားပေးရမည့် ကန်ကောက်ရွာရှိ နေအိမ်အချို့အား စစ်ကောင်စီက အမှတ်အသားပြုခဲ့သည်ကို တွေ့ရစဥ်။ဓာတ်ပုံ-CJ)

မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စု၊ ကန်ကောက်ကျေးရွာရှိ မဟာဓာတ်အားလိုင်းနှင့်မလွတ်သည့် နေအိမ်တစ်​ထောင်ခန့် ဧပြီလ(၄)ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် စစ်ကောင်စီက စာပို့သွားကြောင်း ဒေသခံများက ပြောသည်။

ကန်ကောက်ကျေးရွာရှိ ၂၃၀ ကေဗွီ ရွှေစာရံ-အောင်ပင်လယ် မဟာဓါတ်အားလိုင်း၏ ဧရိယာ ဘေးဘယ်ညာ ၇၅ပေစီ၊စုစုပေါင်း ​ပေ ၁၅၀ အတွင်း ကျရောက်နေသည့်နေအိမ်များမှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည်ဟုဆိုကာ ဧပြီလ (၄)ရက်နေ့ ည (၁၂)နာရီ နောက်ဆုံးထား အပြီးဖယ်ရှားရန် အာဏာသိမ်းစစ်တပ်၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက နေအိမ်ရှင်များအားမတ်လ(၃၀)ရက်နေ့က စာပို့သွားကြောင်း ဒေသခံများက ပြောသည်။

“သေချာသွားပြီ။ နောက်လ ၄ ရက်နေ့နောက်ဆုံးဖယ်ပေးဖို့ စာပို့သွားတယ်။ မီတာတွေလည်းလာဖြုတ်သွားတယ်။ အခုကိုပစ္စည်းတွေထုပ်သိမ်းနေကြပြီ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများ၏ အဆိုအရ ဖယ်ရှားရမည့်အိမ်ခြေတစ်ထောင်ခန့်ရှိသည်ဟု​ပြောသည်။ဆိုသော် People’s Spring က ဖယ်ရှားခံရမည့် အိမ်အ​ရေအတွက်ကို သီးခြားအတည်ပြု၍ မရသေးပေ။

Public Service Announcement

Public Service Announcement

နန်းဦးလွင်ကျေးရွာအား မတ်လ(၆)ရက်နေ့မှစတင်၍စစ်​ကေုင်စီတပ်လက်အောက်ခံဝန်ထမ်းများက နေအိမ်များဆောက်လုပ်ထားမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် မတ်လကုန်တွင် စာပို့ကာ နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။

“မီးကြိုးနဲ့လွတ်လားမလွတ်လားမသိတော့ ဝယ်မိတာ။လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တည်းက ၅၀၀ (ကျပ်သိန်း ၅၀၀ ) နီးနီးပေးဝယ်ခဲ့ရတာ။ ကျူးဆိုတာလုံးဝမဟုတ်ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

နန်းဦးလွင်ကျေးရွာအုပ်စုရှိ ကျေးရွာအချို့မှနေအိမ်များကို ၂၀၂၃ခုနှစ် ဇူလိုင်လကလည်း စစ်ကောင်စီက လယ်ယာမြေဥပဒေကိုင်၍ ပြောင်းရွှေ့ရန် ကြိုးစားခဲ့သေးသည်။ သို့သော် မအောင်မြင်ခဲ့ဘဲ ယခုနှစ်တွင် ကန်ကောက်ကျေးရွာကနေအိမ်များကို ဓါတ်အားလိုင်းအကြောင်းပြ၍ ထပ်မံရွှေ့ပြောင်းရန် ကြိုးစားလာခြင်းဖြစ်သည်။

ဧပြီလ(၄)ရက်နေ့နောက်ဆုံးထား ဖယ်ရှားခြင်းမရှိပါက ရှင်းလင်းသွားမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်သည်။

စစ်ကောင်စီသည် ယမန်နှစ် ဇွန်လအတွင်း၌လည်း ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု (၁) ဘက်ရှိ နေအိမ်များကို ဖယ်ရှားခဲ့သည်။ထိုအပြင် စစ်​ကောင်စီသည် မန္တလေးမြို့သစ် ကံကြီးကုန်း ၊ဇီးအုပ်ရပ်ကွက်ရှိနေအိမ်များ အပါအဝင် မန္တလေးမြို့အနှံ့က ​သောင်းနှင့်ချီ​သော ​နေအိမ်များကိုလည်း ကျူး​ကျော်ဆိုကာဖျက်ဆီးခဲ့သည်။

စစ်​ကောင်စီက ပြည်သူပိုင်​နေအိမ်များကို ဖျက်ဆီး သိမ်းဆည်းပြီး စစ်​ကောင်စီ အရာရှိများကို အကွက်ရိုက်​ပေး​ဝေခြင်း ၊​ရောင်းစားခြင်းများပြုလုပ်ကြ​ကြောင်း ပြည်သူအချို့က​ပြောသည်။

ရန်ကုန်မြို့တွင်လည်း လှိုင်သာယာ၊ မဂ်လာဒုံ ၊မရမ်းကုန်း စ​သဖြင့် မြို့နယ်များစွာတွင် ​နေအိမ်​​ပေါင်းသာင်းနှင့်ချီ၍ ကျူး​ကျော်ဟုဆိုကာအင်အားသုံးဖျက်ဆီးဖယ်ရှားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။