Connect with us

Hi, what are you looking for?

သတင်း

လွယ်ဂျယ်မြို့မှရရှိသည့် ကျပ်သိန်း ၅သောင်းကျော် KIO ဘဏ္ဍာရေးဌာနထံ အပ်နှံ

လွယ်ဂျယ်က ရရှိခဲ့သည့် ငွေများနှင့်ပတ်သက်ပြီး မည်သို့ စီမံသည်ဆိုသည်ကို ဗိုလ်ချုပ်ကြီး ဂွန်မော်က KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်းအမှတ်(၆၄)၌ ပြဌာန်းထားသည့် အချက်များကို ၎င်း၏ Facebookမှ တဆင့် ရှင်းပြခဲ့သည်။

(လွယ်ဂျယ်မြို့ ခလရ(၁၄၂)တပ်ရင်းအတွင်းမှ သိမ်းဆည်းရရှိသော ငွေများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(လွယ်ဂျယ်မြို့ ခလရ(၁၄၂)တပ်ရင်းအတွင်းမှ သိမ်းဆည်းရရှိသော ငွေများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️အောင်ပွဲသည် စုပေါင်းလုပ်ဆောင်မှုရလဒ် ဖြစ်၍ အများနှင့်သက်ဆိုင်ဟု အသိပေး

ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီ၏ ခလရ(၁၄၂)တပ်ရင်းအား သိမ်းပိုက်စဉ် ကျပ်သိန်းပေါင်း ၅သောင်းကျော်( ၅,၃၅၈,၂၀၀,၀၀၀)ရရှိခဲ့ရာ အဆိုပါ ငွေများအား KIA တပ်မဟာ(၃) တပ်မဟာမှူးက အရှေ့ပိုင်းတိုင်း ဘဏ္ဍာရေးဌာနသို့ စာရင်းသွင်း ပေးအပ်ပြီးဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး ဂွန်မော်က အသိပေး ရှင်းလင်းသည်။

လွယ်ဂျယ်က ရရှိခဲ့သည့် ငွေများနှင့်ပတ်သက်ပြီး မည်သို့ စီမံသည်ဆိုသည်ကို ဗိုလ်ချုပ်ကြီး ဂွန်မော်က KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်းအမှတ်(၆၄)၌ ပြဌာန်းထားသည့် အချက်များကို ၎င်း၏ Facebookမှ တဆင့် ရှင်းပြခဲ့သည်။

အဆိုပါစည်းမျဉ်းတွင် တိုက်ပွဲမှရရှိသော ငွေကြေးနှင့် တန်ဖိုးရှိသော ပစ္စည်းများအား ဘဏ္ဍာရေးဌာနသို့ အပ်နှံရန်၊ ပြည်သူမှ အောင်ပွဲအတွက် အလှူငွေပေးပါက အလှူငွေ စာရင်းနှင့်တကွ ဘဏ္ဍာရေးဌာနသို့ အပ်နှံရန် အချက်များ ပါရှိပြီး အောင်ပွဲဆိုသည်မှာ အားလုံးစုပေါင်း လုပ်ဆောင်မှု၏ရလဒ်ဖြစ်၍ အများနှင့် သက်ဆိုင်သည်ဟု သတ်မှတ်ဖော်ပြထားကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သတ်မှတ်စည်းမျဉ်းများအတိုင်း လွယ်ဂျယ်မြို့မှ ရရှိသော ကျပ်သိန်း ၅သောင်းကျော်ကို တပ်မဟာ(၃)တပ်မဟာမှူးက ဘဏ္ဍာရေးဌာနသို့ စာရင်းသွင်း ပေးအပ်ပြီးဖြစ်ကြောင်း ဖော်ပြသည်။

ဘဏ္ဍာရေးဌာန လုပ်ထုံးလုပ်နည်းများနှင့် အခြား အကြောင်းအရာများကို ထပ်မံရေးသားဖော်ပြသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဂွန်မော်က အသိပေးထားသည်။

KIAသည် လွယ်ဂျယ်မြို့ကို မတ်လကုန်ပိုင်းက စတင်ဝိုင်းရံပိတ်ဆိုကာ ဧပြီလဆန်းတွင် မြို့တွင်း ဝင်ရောက်နေရာယူပြီး မြို့၌ ကျန်နေသည့် စစ်ကောင်စီတပ် ခလရ(၁၄၂) တပ်သားများ သည် ဧပြီ ၈ရက်ညပိုင်း၌ တရုတ်ဘက်သို့ ထွက်ပြေးသွားပြီးနောက် အဆိုပါ တပ်ရင်းကိုပါ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။