Connect with us

Hi, what are you looking for?

သတင်း

စစ်သင်တန်းကျောင်းသို့ သွားသော စစ်ကားခြောက်စီးအား တိုက်ခိုက်မှု ၂၀ ခန့်သေဆုံး၊ ၄၅ ဦးအရှင်ဖမ်းမိ

တိုက်ခိုက်မှုကြောင့် စစ်ကား (၃) စီး ပျက်စီးပြီး ယာဥ်တန်းပါ ဗိုလ်ကြီး (၁) ဦးအပါအဝင် သင်တန်းသား (၂၀) ခန့် သေဆုံးပြီး (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက အသိပေးသည်။

(ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်သင်တန်းသားများ၊ လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-အမှတ် (၁) စစ်ဒေသရုံး)
(ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်သင်တန်းသားများ၊ လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-အမှတ် (၁) စစ်ဒေသရုံး)

အောင်ဇေယျ၊ဆလိုင်း/People’s Spring

အရာတော်မြို့နယ်မှစစ်အခြေခံသင်တန်းကျောင်းသို့ သွားသော စစ်ကောင်စီကားခြောက်စီးအား တိုက်ခိုက်ခဲ့ရာ ကားသုံးစီးပျက်ပြီး သင်တန်းသားများအပါအဝင် ၂၀ဦးခန့်သေဆုံးခဲ့ကာ ၄၅ ဦး အရှင်ဖမ်းမိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)ဒေသကသတင်းထုတ်ပြန်သည်။

“မုံရွာနမခကနေ ထွက်လာတာ။ ကားသုံးစီးက ပြည်သူတွေနဲ့နီးသွားလို့ မပစ်တော့ လွတ်သွားတာ။ကျန်တာရလိုက်တယ်။ ကားတစီးက မီးလောင်ပြီး နှစ်စီးက သုံးမရတော့ဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးကပြောသည်။

(ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်သင်တန်းသားများ၊ လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-အမှတ် (၁) စစ်ဒေသရုံး)
(ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်သင်တန်းသားများ၊ လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-အမှတ် (၁) စစ်ဒေသရုံး)

ဧပြီ(၁၂)ရက်နေ့က မုံရွာခရိုင်၊ မုံရွာမြို့ (နမခ) ထပရ-၉၂၉ မှ အရာတော်မြို့နယ် (စခတ-၁၀)စစ်အခြေခံသင်တန်းကျောင်းသို့သွားသော သင်တန်းသားအသစ် (၂၅၀) ဦးပါ စစ်ကောင်စီ၏ ၁၂ ဘီးကား (၅) စီးနှင့် Express ကား (၁) စီးအား အရာတော်မြို့နယ်၊ ကမ်းဖြူရွာအနီး၌ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက ယနေ့(ဧပြီ၁၄)တွင် သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် စစ်ကား (၃) စီး ပျက်စီးပြီး ယာဥ်တန်းပါ ဗိုလ်ကြီး (၁) ဦးအပါအဝင် သင်တန်းသား (၂၀) ခန့် သေဆုံးပြီး (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက အသိပေးသည်။

ထို့အပြင် ဒု-အရာခံဗိုလ် (၁) ဦး၊ တပ်ကြပ်ကြီး (၁) ဦး၊ တပ်ကြပ် (၁) ဦး၊ အားကစားသိပ္ပံမှ (၁) ဦးနှင့် သင်တန်းသား အသစ် (၄၅) ဦးအား ဖမ်းဆီးရမိကြောင်း အမှတ်(၁)စစ်ဒေသရုံးက ထပ်မံအသိပေးသည်။

(ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်သင်တန်းသားများ၊ လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-အမှတ် (၁) စစ်ဒေသရုံး)
(ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်သင်တန်းသားများ၊ လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-အမှတ် (၁) စစ်ဒေသရုံး)

“ဖြစ်စဥ်က ဟုတ်ပါတယ်။ လောလောဆယ်စစ်ကြောင်းပြန်ထိုးနေတယ်။ နောက်ထပ်အင်အားတပ်ကူဖြည့်ပြီး စစ်ကြောင်းထိုးနေတယ်။ ပစ်ခတ်မှုတွေလည်းရှိနေတယ်။”ဟု Danger Force LPDFအဖွဲ့၏ တာဝန်ရှိသူက ယနေ့ ဧပြီ(၁၄)ရက် နံနက်ပိုင်းတွင်လူထု​နွေဦးသို့ ပြောသည်။

ထိုစစ်အုပ်စုထံမှ လက်နက်ငယ် (၇) လက်၊ ကျည်မျိုးစုံ (၅၅၀၀) ခန့်၊ ဗုံးသီး မျိုးစုံ (၈၀) ခန့်၊ RPG-7 ဒုံးသီး (၁၀) လုံး၊ မိုင်းမျိုးစုံ (၇၀) ခန့်၊ Jammer စက်အကြီး (၁) လုံး၊ ကျည်အိမ် (၇) ခု၊ Detonater (၅၀) ချောင်း၊ ကျည်ကာ ဦးထုပ် (၃) လုံး၊ စစ်ဖိနပ် (၂၀) ရံ၊ Equipment (၁) ခု၊ ကျောပိုးအိတ် (၁) လုံး၊ ဖိုင်တွဲ (၈၈) ဖိုင် သိမ်းဆည်းရမိကြောင်း အမှတ် (၁) စစ်ဒေသရုံးက ထုတ်ပြန်သည်။

အဆိုပါယာဉ်တန်း၌ စုစုပေါင်းအင်အား ၂၅၀ခန့်ပါဝင်ပြီး သေဆုံးသူနှင့်ဖမ်းမိသူများမှလွဲ၍ ကျန်သူများသည် ကားသုံးစီးဖြင့်ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

ထိုစစ်ဆင်ရေးအား မုံရွာခရိုင် တပ်ရင်း (၆၊ ၁၉၊ ၂၄)၊ မုံရွာခရိုင် ကွန်မန်ဒိုတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ပကဖ၊ မိတ္ထီလာခရိုင် တပ်ရင်း-၂၊ Danger Force LPDF၊ ကျားသစ်နက် LPDF နှင့် Special Revolution Force LPDF အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook