Connect with us

Hi, what are you looking for?

သတင်း

ဒုတိယဗိုလ်မှူးကြီးတစ်ဦး ရှေ့တန်းလိုက်သွားပြီးနှစ်ရက်အကြာတွင် တိုက်ပွဲ၌​ သေဆုံး

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် – မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

(ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်း နှင့် ​သေဆုံးစစ်သားများ၏နာ​ရေးကို​တွေ့ရစဥ်။ဓါတ်ပုံ- CJ )
(ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်း နှင့် ​သေဆုံးစစ်သားများ၏နာ​ရေးကို​တွေ့ရစဥ်။ဓါတ်ပုံ- CJ )

‌ဇော်ရမ်း/People’s Spring

စစ်တက္ကသိုလ်အပတ်စဉ်(၄၅)ဆင်း ဒုတိယဗိုလ်မှူးကြီးတစ်ဦးသည် ရှေ့တန်းသို့လိုက်ပါသွားပြီးနှစ်ရက်အကြာတွင် တိုက်ပွဲကျသွားကြောင်း သတင်းရရှိသည်။

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းဆိုသူ တိုက်ပွဲ၌သေဆုံးသွားသည့်အကြောင်းကို ၎င်း၏ ဦးလေးတော်စပ်သူ စစ်တပ်အရာရှိဟောင်းက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၌ ရေးထားသည်။ ၎င်းတို့၏ မိတ်ဆွေများကလည်း ဝမ်းနည်းကြောင်းမှတ်ချက်ပေးထားကြသလို အချို့ကလည်း လှောင်ပြောင်ထားသည်ကိုတွေ့ရသည်။

“တူအငယ်ဆုံးက ၄၅ကျောင်းဆင်း တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးဖြစ်ပြီး ဒီနေ့ပဲ သူ့အကို ၂ ယောက်နောက်လိုက်သွားရရှာတယ်။ ခရီးထွက်သွားတာမှ ၂ ရက်ပဲရှိသေးတယ်” ဟု အနှိုင်းမဲ့ရင်ခွင်အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသည့် စစ်တပ်အရာရှိဟောင်းက ဧပြီလ ၁၅ရက်တွင်​ရေးသားထားသည်။

Public Service Announcement

Public Service Announcement

(ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်း နှင့် ​သေဆုံးစစ်သားများ၏နာ​ရေးကို​တွေ့ရစဥ်။ဓါတ်ပုံ- CJ )
(ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်း နှင့် ​သေဆုံးစစ်သားများ၏နာ​ရေးကို​တွေ့ရစဥ်။ဓါတ်ပုံ- CJ )

အဆိုပါစစ်တပ်အရာရှိဟောင်း၌ တူသုံးဦးရှိပြီး ကျန်နှစ်ဦးမှာ လွန်ခဲ့သည့်နှစ်အနည်းငယ်က သေဆုံးခဲ့ပြီးဖြစ်၍ ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသေဆုံးပြီးနောက် ” ဒီနေ့ပဲ သူ့အကို ၂ယောက်နောက်လိုက်သွားရရှာတယ်”ဟု ရေးသားထားခြင်းဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် မည်သည့်တိုက်ပွဲ၌​သေဆုံးခဲ့သည်ကိုမသိရသေးပေ။စစ်တက္ကသိုလ်အပါတ်စဉ်(၄၅)ဆင်းဖြစ်ကြောင်း ၎င်း၏ဆွေမျိုးများတင်ထားသည့်ဓာတ်ပုံမှတ်တမ်းများအရသိရသည်။

၎င်း၏နာရေးကို ဧပြီလ ၁၅ရက်ညနေကပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါနာရေးဓါတ်ပုံများတွင် ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းနှင့်အတူ စစ်​ကောင်စီတပ်သား သေဆုံးသူ ၅ ဦးထက်မနည်း၏ ရုပ်အလောင်းများအား အခေါင်းတခုချင်းစီ၌ ထည့်ကာ လွမ်းသူပန်းခွေများ ချိတ်ဆွဲထားသည်ကိုတွေ့ရသည်။ ထို့ကြောင့် ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းနှင့်အတူ စစ်ကောင်စီဘက်မှ ငါးဦးထက်မနည်း သေဆုံးခဲ့ခြင်းဟုသုံးသပ်ရသည်။

ရင်ဆိုင်တိုက်ပွဲဖြစ်ချိန်တွင် ဘာမှမဖြစ်ခဲ့ဘဲ ပြန်ဆုတ်ခွာချိန်၌ပစ်ခတ်ခံရခြင်းဖြစ်သည်ဟုစစ်တပ်ထောက်ခံသူတစ်ဦးက ရေးသားထားသည်ကိုတွေ့ရသည်။

“သွားလိုက်ပါအုံးတော့ ငါ့တူရေ။မင်းအတွက် ငါတာဝန်တွေမကြေခဲ့ဘူး။နောင်ဘဝရှိသေးရင်တော့ ပြန်ဆုံချင်ပါသေးတယ်။ကောင်းမွန်မြင့်မြတ်တဲ့ဘုံဘဝမှာအေးချမ်းစွာရှိနေနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်” ဟု အနှိုင်းမဲ့ရင်ခွင်အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသည့် စစ်တပ်အရာရှိဟောင်းက ရေးတင်းထားသည်။ ၎င်းသည် စစ်တပ်မှအငြိမ်းစားယူထားသော်လည်း စစ်တပ်အားထောက်ခံကြောင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူများအား ပြစ်တင်ရှုတ်ချသည့်စာများ လူမှုကွန်ရက်နာရေးသားထားသည်ကိုတွေ့ရသည်။

(ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်း နှင့် ​သေဆုံးစစ်သားများ၏နာ​ရေးကို​တွေ့ရစဥ်။ဓါတ်ပုံ- CJ )
(ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်း နှင့် ​သေဆုံးစစ်သားများ၏နာ​ရေးကို​တွေ့ရစဥ်။ဓါတ်ပုံ- CJ )

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်း၏ မိသားစုဝင်အချို့က၎င်းတို့၏ ဖေ့စ်ဘွတ်ခ် အ​ကောင့်များတွင် အမဲရောင် ပရိုဖိုင်ချိန်းထားကြ သည်ကို​တွေ့ရသည်။ ၎င်းတို့၏မိတ်ဆွေအချို့ကအကျိုးအကြောင်းမေးမြန်းရာတွင် ရတ(ရှေ့တန်း)၌ တိုက်ပွဲကျသွားခြင်းဖြစ်ကြောင်းသာ ပြန်လည်ဖြေကြားထားသည်ကိုတွေ့ရသည်။

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် – မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် မြဝတီမြို့ကို ပြန်လည်သိမ်းယူရန်ဟုဆိုကာ စစ်ကောင်စီက တင့်ကားများ၊ သံချပ်ကာကားများသုံး၍ စစ်ကြောင်းထိုးရန်ကြိုးစားနေသည်ကို KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က ကော့ကရိတ် မြို့နယ်မှစောင့်၍ တိုက်ခိုက်နေပြီး စစ်တပ်စစ်​ကြောင်းအထိနာ​နေသည်။

ထိုအပြင် ယခုရက်ပိုင်း၌ ရခိုင်ပြည်နယ် ၊ကချင်ပြည်နယ် ၊ကရင်နီပြည် ၊ ပြင်ဦးလွင်နှင့် ​နောင်ချို မြို့နယ် အစပ်တို့တွင်လည်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား​နေပြီး စစ်​ကောင်စီတပ် ​သေဆုံးဒဏ်ရာရသူများပြား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။