Connect with us

Hi, what are you looking for?

သတင်း

ထားဝယ် အမြောက်တပ်သို့ အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်ကို KNLAနှင့် BHA ကြားဖြတ်တိုက်ခိုက်စစ်ကောင်စီတပ် အထိနာ

တနင်္သာရီတိုင်းတွင် KNLA က​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကို ယခုလပိုင်းအတွင်းပိုမိုတိုက်ခိုက်​လာရာ စစ်​ကောင်စီတပ်အထိနာ​နေသည်။

(စစ်ကူစစ်သားများတင်လာပြီး​ KNLA နှင့် ဗထူးတပ်မ​တော်-BHA တို့၏တိုက်ခိုက်မှု​ကြောင့်လမ်း​ဘေးတွင် ပျက်စီးကျန်ခဲ့​သော ​မြေသယ်ကား။ဓါတ်ပုံ-BHA)
(စစ်ကူစစ်သားများတင်လာပြီး​ KNLA နှင့် ဗထူးတပ်မ​တော်-BHA တို့၏တိုက်ခိုက်မှု​ကြောင့်လမ်း​ဘေးတွင် ပျက်စီးကျန်ခဲ့​သော ​မြေသယ်ကား။ဓါတ်ပုံ-BHA)

ထားဝယ်အမြောက်တပ်သို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့(မတ်၃၁) မနက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များခဲ့ကြောင်း တိုက်ခိုက်မှုတွင် ပါဝင်သည့် ဗထူးတပ်မတော်(BHA)က ထုတ်ပြန်သည်။

မတ်လ ၃၁ရက် မနက် ၇နာရီခွဲတွင် တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်ရှိ အမြောက်တပ်(၃၀၂) တပ်ရင်း သို့ အင်အားဖြည့်ရန်လာသည့် မြေတင်ကား ၂စီးပါ စစ်​ကောင်စီယာဉ်တန်းအား ရေး-ထားဝယ် လမ်းမကြီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်သည်။

“ကလိန်အောင်ဘက်ကနေထားဝယ်ဘက်ကို ရေး-ထားဝယ်လမ်းအတိုင်း ဆင်းလာတဲ့ စကစကား(2)စီးကို ကြားဖြတ်တိုက်ခိုက်တာ” ဟု ဗထူးတပ်မတော် သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောသည်။

(စစ်ကူစစ်သားများတင်လာပြီး​ KNLA နှင့် ဗထူးတပ်မ​တော်-BHA တို့၏တိုက်ခိုက်မှု​ကြောင့်လမ်း​ဘေးတွင် ပျက်စီးကျန်ခဲ့​သော ​မြေသယ်ကား။ဓါတ်ပုံ-BHA)
(စစ်ကူစစ်သားများတင်လာပြီး​ KNLA နှင့် ဗထူးတပ်မ​တော်-BHA တို့၏တိုက်ခိုက်မှု​ကြောင့်လမ်း​ဘေးတွင် ပျက်စီးကျန်ခဲ့​သော ​မြေသယ်ကား။ဓါတ်ပုံ-BHA)

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခဲ့ကြောင်း၊ မြေတင်ကာ တစ်စီး ထိမှန်ခဲ့ရာ ကားပေါ် ပါ စစ်ကောင်စီတပ်သား ၄၀ဦးခန့် အားလုံးနီးပါး ထိခိုက်သေဆုံးဒဏ်ရာရမှုများ ရှိခဲ့ကြောင်း ဖော်ပြသည်။သို့​သော် စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို လူထု​နွေဦးက သီးခြားအတည်မပြုနိုင်​သေးပါ။

Public Service Announcement

Public Service Announcement

အဆိုပါကားမှာလမ်း​ဘေးတွင် အပျက်အစီးများစွာဖြင့်ကျန်ရစ်ခဲ့​သောပုံကိုလည်း သတင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၆) တပ်ရင်း(၂၇) နှင့် ဗထူးတပ်မတော် တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု အသိပေးသည်။

(စစ်ကူစစ်သားများတင်လာပြီး​ KNLA နှင့် ဗထူးတပ်မ​တော်-BHA တို့၏တိုက်ခိုက်မှု​ကြောင့်လမ်း​ဘေးတွင် ပျက်စီးကျန်ခဲ့​သော ​မြေသယ်ကား။ဓါတ်ပုံ-BHA)
(စစ်ကူစစ်သားများတင်လာပြီး​ KNLA နှင့် ဗထူးတပ်မ​တော်-BHA တို့၏တိုက်ခိုက်မှု​ကြောင့်လမ်း​ဘေးတွင် ပျက်စီးကျန်ခဲ့​သော ​မြေသယ်ကား။ဓါတ်ပုံ-BHA)

စစ်ကောင်စီတပ်အား စစ်ရေးအရှိန်မြှင့် တိုက်ခိုက်ချေမှုန်းမည်ဖြစ်၍ ပြည်သူများ စစ်ရေး သတိဖြင့် သွားလာနေထိုင်ကြရန် ထုတ်ပြန်ထားရာ ထုတ်ပြန်ချက်အား လေးစားလိုက်နာရန် ထပ်လောင်း ဖော်ပြသည်။

ထို့ပြင် စစ်ကောင်စီ လက်ကိုင်တုတ်ဖြစ်သောပျူစောထီးများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့်စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာကျရှုံးမှုပေါင်းများစွာ ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်အား စွန့်ခွာ၍ ပြည်သူ့ရင်ခွင်အမြန်ဆုံးခိုလှုကြရန်လည်း ဗထူးတပ်မတော်က တိုက်တွန်းသည်။

တနင်္သာရီတိုင်းတွင် KNLA က​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကို ယခုလပိုင်းအတွင်းပိုမိုတိုက်ခိုက်​လာရာ စစ်​ကောင်စီတပ်အထိနာ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်