Connect with us

Hi, what are you looking for?

သတင်း

အမ်းရှိ ​တောဟိန်း​တောင် ​စစ်ကောင်စီဗျူဟာကို AA သိမ်းပိုက်

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

ရခိုင်ပြည်နယ်ရှိ စစ်တပ်စခန်းများဆက်တိုက်သိမ်းပိုက်​နေ​သော အာရက္ခတပ်​တော်(AA) တပ်ဖွဲ့ဝင်များ​ကျောက်​တော်ရှိစစ်တပ်စခန်းများကို ပြီးခဲ့သည့်​ဖေ​ဖော်ဝါရီလဆန်းပိုင်းကသိမ်းပိုက်ခဲ့စဥ်
ရခိုင်ပြည်နယ်ရှိ စစ်တပ်စခန်းများဆက်တိုက်သိမ်းပိုက်​နေ​သော အာရက္ခတပ်​တော်(AA) တပ်ဖွဲ့ဝင်များ​ကျောက်​တော်ရှိစစ်တပ်စခန်းများကို ပြီးခဲ့သည့်​ဖေ​ဖော်ဝါရီလဆန်းပိုင်းကသိမ်းပိုက်ခဲ့စဥ်

ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ်အမ်းမြို့ ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး တောဟိန်းတောင်စစ်ကောင်စီဗျူဟာကုန်းကို အာရက္ခတပ်တော်(AA )က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား​သေဆုံးထိခိုက်မှုများကာ စစ်သုံ့ပန်းများလည်း ဖမ်းမိကြောင်း သတင်းရရှိသည်။

“တောဟိန်းတောင်ဗျူဟာကို တပ်တော်ကရပါပြီ။ လနဲ့ချီတိုက်ခဲ့ရတာပါ။ သုံ့ပန်းတွေလည်း ရထားတယ်လို့ သိရပါတယ်” ဟု AAနှင့် နီးစပ်သည့်သတင်းရင်းမြစ်က ပြောသည်။

အမ်းမြို့နယ်၊ကဇုကိုင်းကျေးရွာအနီးရှိ တောဟိန်းတောင်၌ အခြေချထားသော တောဟိန်းတောင်ဗျူဟာတပ်စခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းမှစတင်၍ AAက တိုက်ခိုက်ခဲ့သည်။ဖေဖော်ဝါရီ ၁၈ ရက်ညနေတွင် စစ်ကောင်စီက စခန်းအား ကိုယ်တိုင်မီးရှို့ကာ ထွက်ပြေးသွားခဲ့ကြသည်ဟု စခန်းအတွင်း မီးလောင် နေသော ရုပ်သံမှတ်တမ်းနှင့်အတူ AAက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

တောဟိန်း​တောင်ဗျူဟာကို Google Earth တွင်​တွေ့ရမှု
တောဟိန်း​တောင်ဗျူဟာကို Google Earth တွင်​တွေ့ရမှု

သို့သော်ရက်အနည်းငယ်ကြာ၌ စစ်ကောင်စီကပြန်လည်တပ်စွဲခဲ့ပြီး တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် ဧပြီလ ၂၅ရက်က သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း AAနှစ်နီးစပ်သည့် သတင်းရင်းမြစ်ကပြောသော်လည်း AAက တရားဝင်သတင်းမထုတ်ပြန်သေးပေ။

လူမှုကွန်ရက်တွင် မြင်‌‌တွေ့ရသည့် ရုပ်သံဖိုင်၌ စစ်ကောင်စီက အခိုင်အမာပြုလုပ်ထားသည့် ဘန်ကာအတွင်းမှ စစ်တပ်မိသားစုဝင် အမျိုးသမီးများ၊ ကလေးငယ်များ ထွက်လာနေပြီး AAတပ်ဖွဲ့ဝင်များက ထိန်းကျောင်းခေါ်ဆောင်နေသည်ကို တွေ့ရသည်။

ဗျူဟာကုန်းအား ဆုံးရှုံးသွားသည့်စစ်ကောင်စီတပ်ကတိုင်းစစ်ဌာနချုပ်အခြေစိုက်ထားသည့် အမ်းမြို့နယ် ရှိအ​နောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ခမရ(၃၇၃)၊ ခမရ (၃၇၂)၊ဆောက်လုပ်ရေးအင်ဂျင်နီယာ (GE)တပ်များမှနေ၍ လက်နက်ကြီးများ ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

“ဗျူဟာက ရနေပြီ။ ထွက်ပြေးတာတွေကို လိုက်ရှင်း၊လိုက်ဖမ်းနေတယ်။ လက်နက်မချရင်တော့ တပ်တော်က ပြောသလို လုပ်မှာ”ဟု အမ်းမြို့ဒေသခံတဦးကပြောသည်။

တောဟိန်း​တောင်ဗျူဟာကို Google Earth တွင်​တွေ့ရမှု
တောဟိန်း​တောင်ဗျူဟာကို Google Earth တွင်​တွေ့ရမှု

အမ်းမြို့မှ စခန်းများ တိုက်ခိုက်ခံရပါက ဒရုန်းဗုံးအန္တရာယ်ခံနိုင်ရည် ရှိအောင် ဗုံးခို ကျင်းများ အခိုင်အမာ တည်ဆောက်ရန် ယခု အနားပေးခံထားရသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထင်လတ်ဦက ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ညွှန်ကြားခဲ့သည်။

သိုသော် ရခိုင်တွင် အထိနာနေသည့် စစ်ကောင်စီတပ်က မတ်လ တတိယလပတ်ထဲတွင်ဗိုလ်ချုပ်ထင်လတ်ဦးအား ရာထူးမှဖယ်ရှားလိုက်ပြီးဗိုလ်မှူးချုပ်ကျော်စွာဦးအား အစားထိုးခဲ့သည်။

တောဟိန်း​တောင်ဗျူဟာကို Google Earth တွင်​တွေ့ရမှု
တောဟိန်း​တောင်ဗျူဟာကို Google Earth တွင်​တွေ့ရမှု

ယခုအခါ စစ်ကောင်စီနှင့် AAသည် အမ်းမြို့နယ်အပြင် သံတွဲ၊ တောင်ကုတ်၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့ရှိ စစ်​ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရန် အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။ထိုအ‌တောအတွင်းဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် ဧပြီ ၂၆ရက် မှစ၍ ည ၇နာရီ မှ နံနက် ၆နာရီ အချိန်အတွင်း ညမထွက်ရ အမိန့်ကို AAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

(ရခိုင်ပြည်နယ်ရှိ စစ်တပ်စခန်းများဆက်တိုက်သိမ်းပိုက်​နေ​သော အာရက္ခတပ်​တော်(AA) တပ်ဖွဲ့ဝင်များ​ကျောက်​တော်ရှိစစ်တပ်စခန်းများကို ပြီးခဲ့သည့်​ဖေ​ဖော်ဝါရီလဆန်းပိုင်းကသိမ်းပိုက်ခဲ့စဥ်/ ​တောဟိန်း​တောင်ဗျူဟာကို Google Earth တွင်​တွေ့ရမှု ။ဓါတ်ပုံ-AA Info Desk)

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။