Connect with us

Hi, what are you looking for?

News

သူရဘွဲ့ရ တပ်ကြပ်တစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

ပြည်သူ့စစ်သားအဖွဲ့သည် CDM ပြုလုပ်ထားသော တပ်မတော်သားများဖြင့်စုဖွဲ့ထားပြီး CDM ပြုလုပ်လိုသောတပ်မတော်သားများကို ကူညီပေးနေသော အဖွဲ့ဖြစ်သည်။

သူရဘွဲ့ရ တပ်ကြပ်တစ်ဦးက အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင်သို့ခိုလှုံလာကြောင်း ပြည်သူ့စစ်သား ( People’s Solder ) အဖွဲ့က ထုတ်ပြန်သည်။

“ပြည်သူ့စစ်သားခံယူလိုက်တဲ့ တပ်ကြပ်ဟာ လက်ဖြောင့်သေနတ်ပစ် ထူးချွန်ဆုရရှိထားသူလည်းဖြစ်ပါတယ်။ ပြည်သူက နွေးထွေးစွာကြိုဆိုလက်ခံပေးကြလိမ့်မယ်လို့လည်း ယုံ ကြည်မိပါတယ်။ ပြည်သူတွေရဲ့အမြော်အမြင်ရှိမှုနဲ့ အားပေးမှုတို့ကြောင့် Defection Strategy ဟာ အောင်မြင်လျှက်ရှိပါတယ်” ဟုပြည်သူ့စစ်သားအဖွဲ့ကထုတ်ပြန်သည်။ CDM ပြုလုပ်ခဲ့သော တပ်မတော်သားသည် ခမရ (၅)အင်းမ၊တမခ (၆၆) သူရဘွဲ့ရ တပ်ကြပ်ဇွဲမာန် ဖြစ်သည်။

ပြည်သူ့စစ်သားအဖွဲ့သည် CDM ပြုလုပ်ထားသော တပ်မတော်သားများဖြင့်စုဖွဲ့ထားပြီး CDM ပြုလုပ်လိုသောတပ်မတော်သားများကို ကူညီပေးနေသော အဖွဲ့ဖြစ်သည်။

“အရည်အချင်းရှိသော ၊ အမြော်အမြင်ရှိသော တပ်မတော် အရာရှိ စစ်သည်များစွာဟာ ပြည်သူ့စစ်သားအဖွဲ့နဲ့ ဆက်သွယ်ပြီး စစ်ကောင်စီကို စွန့်ခွါနေကြပါပြီ။ ခမရ (၅)အင်းမ၊တမခ (၆၆) သူရဘွဲ့ရ တပ်ကြပ် ဇွဲမာန်က ပြည်သူ့စစ်သားအဖွဲ့နဲ့ဆက်သွယ်ပြီး ပြည်သူ့ဘက်ရပ်တည်လာခဲ့ပါတယ်။ ပြည်သူ့စစ်သားအဖွဲ့ နေရာရွှေ့ပြောင်းရေးဌာနမှ စီစဉ်မှုဖြင့် လုံခြုံရာသို့ ပို့ဆောင်ပေးခဲ့ပြီး နေထိုင်စားသောက်ရေးကိုပါ ကူညီပေးသွားမှာဖြစ်ပါတယ်”ဟုလည်း ပြည်သူ့စစ်သားကထုတ်ပြန်ထား သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲမှာ စစ်သား ၂၄ဦး ထိုင်းဘက်ထွက်ပြေး

သတင်း

ရန်ကုန်မြို့တွင်လည်း စစ်မှုထမ်းရန် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ ရပ်ကွက်ရုံးများနှင့်ဆက်သွယ်ကြရန် စစ်ကောင်စီက ဖိအားပေးနေသည်။

သတင်း

တန်ဆောင်တိုင်ပွဲတော်ကို အရင် သီတင်းကျွတ်ပွဲတော်တုန်းကလိုပုံစံအတိုင်း ပြုလုပ်နေတာဖြစ်ပြီး ထူးထူးခြားခြားအနေနဲ့ မီးပုံးပျံ လွှတ်တဲ့အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဧပြီလ( ၂၇ )ရက်ကလည်း မြန်အောင်မြို့ ၊တာနှစ်ရာကျေးရွာရှိ သုသာန်အနီးလယ်ကွင်းထဲတွင် မြေမြုပ်ဝှက်ထားသော သေနတ်ခြောက်လက်တွေ့သည်ဟုဆိုကာ လယ်ပိုင်ရှင်အပါအဝင် ဒေသခံအချို့ကိုစစ်ကောက်စီတပ်ကဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။

Facebook