Connect with us

Hi, what are you looking for?

LuduNwayOo

News

သူရဘွဲ့ရ တပ်ကြပ်တစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

ပြည်သူ့စစ်သားအဖွဲ့သည် CDM ပြုလုပ်ထားသော တပ်မတော်သားများဖြင့်စုဖွဲ့ထားပြီး CDM ပြုလုပ်လိုသောတပ်မတော်သားများကို ကူညီပေးနေသော အဖွဲ့ဖြစ်သည်။

သူရဘွဲ့ရ တပ်ကြပ်တစ်ဦးက အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင်သို့ခိုလှုံလာကြောင်း ပြည်သူ့စစ်သား ( People’s Solder ) အဖွဲ့က ထုတ်ပြန်သည်။

“ပြည်သူ့စစ်သားခံယူလိုက်တဲ့ တပ်ကြပ်ဟာ လက်ဖြောင့်သေနတ်ပစ် ထူးချွန်ဆုရရှိထားသူလည်းဖြစ်ပါတယ်။ ပြည်သူက နွေးထွေးစွာကြိုဆိုလက်ခံပေးကြလိမ့်မယ်လို့လည်း ယုံ ကြည်မိပါတယ်။ ပြည်သူတွေရဲ့အမြော်အမြင်ရှိမှုနဲ့ အားပေးမှုတို့ကြောင့် Defection Strategy ဟာ အောင်မြင်လျှက်ရှိပါတယ်” ဟုပြည်သူ့စစ်သားအဖွဲ့ကထုတ်ပြန်သည်။ CDM ပြုလုပ်ခဲ့သော တပ်မတော်သားသည် ခမရ (၅)အင်းမ၊တမခ (၆၆) သူရဘွဲ့ရ တပ်ကြပ်ဇွဲမာန် ဖြစ်သည်။

ပြည်သူ့စစ်သားအဖွဲ့သည် CDM ပြုလုပ်ထားသော တပ်မတော်သားများဖြင့်စုဖွဲ့ထားပြီး CDM ပြုလုပ်လိုသောတပ်မတော်သားများကို ကူညီပေးနေသော အဖွဲ့ဖြစ်သည်။

“အရည်အချင်းရှိသော ၊ အမြော်အမြင်ရှိသော တပ်မတော် အရာရှိ စစ်သည်များစွာဟာ ပြည်သူ့စစ်သားအဖွဲ့နဲ့ ဆက်သွယ်ပြီး စစ်ကောင်စီကို စွန့်ခွါနေကြပါပြီ။ ခမရ (၅)အင်းမ၊တမခ (၆၆) သူရဘွဲ့ရ တပ်ကြပ် ဇွဲမာန်က ပြည်သူ့စစ်သားအဖွဲ့နဲ့ဆက်သွယ်ပြီး ပြည်သူ့ဘက်ရပ်တည်လာခဲ့ပါတယ်။ ပြည်သူ့စစ်သားအဖွဲ့ နေရာရွှေ့ပြောင်းရေးဌာနမှ စီစဉ်မှုဖြင့် လုံခြုံရာသို့ ပို့ဆောင်ပေးခဲ့ပြီး နေထိုင်စားသောက်ရေးကိုပါ ကူညီပေးသွားမှာဖြစ်ပါတယ်”ဟုလည်း ပြည်သူ့စစ်သားကထုတ်ပြန်ထား သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧပြီလ( ၂၇ )ရက်ကလည်း မြန်အောင်မြို့ ၊တာနှစ်ရာကျေးရွာရှိ သုသာန်အနီးလယ်ကွင်းထဲတွင် မြေမြုပ်ဝှက်ထားသော သေနတ်ခြောက်လက်တွေ့သည်ဟုဆိုကာ လယ်ပိုင်ရှင်အပါအဝင် ဒေသခံအချို့ကိုစစ်ကောက်စီတပ်ကဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။

သတင်း

အောင်ထက်နှင့်အဖော်အမျိုးသားတစ်ဦးသည် ဆိုင်ကယ်မောင်းနှင်လာစဉ် ဟင်္သာတမြို့၊ ပန်းပဲတန်းလမ်းမကြီးပေါ်တွင် မေလ ၅ရက်ည (၈) နာရီခန့်ကသေနတ်ဖြင့်ပစ်သတ်ခံရခြင်းဟု မြို့ခံများက‌ ပြောသည်။

သတင်း

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း (၂)နှစ်ကျော်အတွင်း ကရင်နီပြည်နယ်၌ CDM ပြုလုပ်ထားသည့် ရဲတပ်ဖွဲ့ဝင် ၃၀၀ကျော်ရှိပြီး စစ်ကောင်စီတပ်သား ၁၃၀ခန့်ရှိကြောင်း ကရင်နီပြည်သူ့ရင်ခွင်၏ အချက်အလက်များအရ သိရသည်။

သတင်း

"KTVမှာဝင်ဖမ်းတာ။ ကျန်တဲ့သူတွေကထွက်ပြေးသွားတာ။ နှစ်ယောက်တော့ရလိုက်တယ်" ဟု ယင်းဖြစ်စဥ်ကို သိ​သော ဒေသခံတစ်ဦးကပြောသည်။