Connect with us

Hi, what are you looking for?

သတင်း

မိုးတား​ကျေးရွာအုပ်စုတွင် မိုးကြိုးပစ်ခံရ၍အမျိုးသားတစ်ဦး နှင့် နွား ၄ ကောင် သေဆုံး

ယခု​နွေရာသီတွင် မြန်မာအပါအဝင် အာရှနိုင်ငံအများစုတွင် အယ်လ်နီညို ရာသီဥတု​ကြောင့် အပူဒဏ်ပြင်းစွာကြုံရပြီးအစွန်း​ရောက်ရာသီဥတုဒဏ်ခံ​နေရသည်။

(​မေလ ၂ ရက်ည​နေပိုင်းက မိုးကောင်းမြို့နယ်တွင် မိုးကြိုးပစ်​သော​ကြောင့်နွား၂၂ကောင်သေဆုံးစဥ်။ဓါတ်ပုံ-CJ)
(​မေလ ၂ ရက်ည​နေပိုင်းက မိုးကောင်းမြို့နယ်တွင် မိုးကြိုးပစ်​သော​ကြောင့်နွား၂၂ကောင်သေဆုံးစဥ်။ဓါတ်ပုံ-CJ)

-ဇော်ရမ်း/People’s Spring

ကသာမြို့နယ်၊ မိုးတားကျေးရွာအုပ်စု ဂျပန်ကျွန်းတွင် ယမန်နေ့(မေလ ၅ရက်) ညနေပိုင်းက မိုးကြိုးပစ်​သော​ကြောင့် အမျိုးသားတစ်ဦး နှင့် နွားလေးကောင် သေဆုံးခဲ့သည်။

“လယ်ကွင်းထဲက အပြန်မှာ မိုးကြိုးအပစ်ခံရတာ။ နေရာမှာတင်သေဆုံးသွားကြတာ။ ကျတော်တို့ NUG အစိုးရက ထောက်ပံ့ကြေးပေးမယ်လို့ ကြားရပါတယ်” ဟု မိုးတား​ရွာမှဒေသခံတစ်ဦးကပြောသည်။

​မေလ ၅ ရက်က တ‌နေကုန် နေပူပြီး ညနေပိုင်းတွင် ရုတ်တရက်မိုးခြိမ်းကာ မိုးကြိုးပစ်ခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“သတိပေးချက်တွေ ထုတ်ထားပါတယ်။ ဒီလိုကာလက လေပြင်းနဲ့ မိုးကြိုးဘေး တော်တော်ကိုကြီးနေတယ်။ အညာတကြောလုံးပဲ” ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

မေလဆန်းမှစတင်၍ ဒေသအများစု၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုသက်​လေပြင်းကျခြင်းနှင့် မိုးကြိုးပစ်ခြင်း၊​လေဆင်နှာ​​မောင်းတိုက်ခတ်ခြင်းများမကြာခဏ ဖြစ်ပွားနေသည်။

မေလ ၁ရက် နှင့် မေလ၂ရက်​နေ့များကလည်း ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့၊ နမ္မတူမြို့၊ကချင်ပြည်နယ် မိုးကောင်း နှင့် မိုးညှင်းမြို့၊မန္တလေးတိုင်းရှိ သပိတ်ကျင်းမြို့၊ စစ်ကိုင်းတိုင်းရှိ ယင်းမာပင်၊ဆားလင်းကြီး၊ မုံရွာ၊ ဒီပဲယင်းမြို့နယ်တို့၌ လေပြင်းတိုက်ခက်ခြင်း၊ မိုးသက်​လေပြင်းကျခြင်း ၊ မိုးကြိုးပစ်ခြင်း စသည်တို့​ကြောင့် ဒေသခံများ၏နေအိမ်များ ပျက်စီးမှုရှိခဲ့သည်။ သပိတ်ကျင်းမြို့တွင် မေလ ၂ရက်က မိုးကြိုးထိမှန်၍ လူသုံးဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရခဲ့သည်။

မိုးကောင်းမြို့နယ်တွင် လည်း ​မေ ၂ ရက်ည​နေပိုင်းကမိုးကြိုးပစ်​သော​ကြောင့် နွား၂၂ကောင်သေဆုံးခဲ့​ကြေညင်း​ဒေသခံများက​ပြောသည်။

တအာင်း​ဒေသ၊ နမ္မတူမြို့နယ်တွင် ​မေလ ၁ ရက်နံနက်၁၀ နာရီ​ကျော်တွင် လေဆင်နှမောင်း တိုက်ခတ်​သောကြောင့် နေအိမ်(၈၀) ကျော် ပျက်စီးခဲ့ရသည်။ မိုးရွာသွန်းပြီး လေဆင်နှာမောင်း (၁၅)မိနစ်ခန့်ကြာ တိုက်ခတ်မှုကြောင့်နမ္မတူ ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ ဘုန်းကြီးကျောင်းနှင့် ဘာသာရေး အဆောက်အဦးများ စုစုပေါင်း (၈၀)ကျော် ပျက်စီးခဲ့သည်ဟု သတ္တုတွင်းရပ်ကွက် နေထိုင်သူတစ်ဦးက ​ပြော​ကြောင်း TNLA ကထုတ်ပြန်သည်။

မိုးဦးကာလတွင် မိုးတိမ်​တောင်ရာသီဥတု​ ကြောင့်စိုက်ဆင်း​လေးပြင်းတိုက်ခတ်ခြင်း၊ မိုးသက်​လေပြင်းကျခြင်း၊မိုးကြိုးပစ်ခြင်း၊ မိုးသီး​ကြွေကျခြင်း၊​လေပြင်းနှင့်​လေဆင်နှာ​မောင်းတိုက်ခတ်ခြင်းစ​သောအစွန်း​ရောက်ရာသီဥတုများကြုံရတက်​ကြောင်းမိုး​လေဝသပညာရှင်များကသတိ​ပေးထားသည်။အထူးသဖြင့် ည​နေပိုင်းအချိန်များတွင်ဖြစ်သည်။

ယခု​နွေရာသီတွင် မြန်မာအပါအဝင် အာရှနိုင်ငံအများစုတွင် အယ်လ်နီညို ရာသီဥတု​ကြောင့် အပူဒဏ်ပြင်းစွာကြုံရပြီးအစွန်း​ရောက်ရာသီဥတုဒဏ်ခံ​နေရသည်။

ကသာမြို့နယ်တွင် လတ်တလော၌ မြေပြင်တိုက်ပွဲမရှိသော်လည်းစစ်​ကောင်စီတပ်က ဧပြီလ ၂၆ရက်နေ့လယ်တွင်မြိုင်သာယာရွာစာသင်ကျောင်းကိုပေါင် ၅၀၀ ဗုံးကြဲချခဲ့သည်။ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ဒေသခံ အရပ်သား သုံးဦးဒဏ်ရာရခဲ့ပြီး စာသင်ကျောင်းအပါအဝင်နေအိမ်ရှစ်လုံးပျက်စီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။