Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ ရွာရှည်ကျေးရွာကို စစ်ကောင်စီတပ် ရွာလုံးကျွတ်မီးတင်ရှို့

ဆုံရွာ တိုက်ခိုက်ခံရမှုမှာ PDFတွေဒရုန်းနဲ့ဗုံးချတာ ၊လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ကျေးရွာထဲက ကလေးငယ် အပါအဝင် ၃၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၄ ဦး ရခဲ့တယ်လို့စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မြင်းခြံ ရွာရှည်ကျေးရွာကို စစ်ကောင်စီတပ် ရွာလုံးကျွတ်မီးတင်ရှို့
မြင်းခြံ ရွာရှည်ကျေးရွာကို စစ်ကောင်စီတပ် ရွာလုံးကျွတ်မီးတင်ရှို့

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ရွာရှည်ကျေးရွာ ဒေသခံတွေဟာ PDF ကို ကြိုဆိုအောင်ပွဲခံလို့ဆိုပြီး အဲဒီရွာကို မေလ ဒုတိယပတ်အတွင်း စစ်ကောင်စီတပ်က စီးနင်းကာ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

ရွာရှည်ရွာကို မေလ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ စစ်ကောင်စီအင်အား ၂၀၀ ခန့် စစ်ကြောင်းထိုးပြီး ရွာလုံးကျွတ်မီးရှို့သွားတာလို့ မြင်းခြံ.အခြေစိုက်. Myingyan Black Tiger အဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီအဖွဲ့ရဲ့ ထုတ်ပြန်တဲ့ ဓာတ်ပုံတွေအရ ရွာရှည်ရွာ တစ်ရွာလုံးနီးပါး မီးလောင်ပြာကျသွားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

မြင်းခြံ ရွာရှည်ကျေးရွာကို စစ်ကောင်စီတပ် ရွာလုံးကျွတ်မီးတင်ရှို့
မြင်းခြံ ရွာရှည်ကျေးရွာကို စစ်ကောင်စီတပ် ရွာလုံးကျွတ်မီးတင်ရှို့

ပြီးခဲ့တဲ့ မေလ ၉ ရက်က ရွာရှည်ရွာ နဲ့ တစ်မိုင်ခန့်သာဝေးတဲ့ ဆုံရွာက ပျုစောထီးစခန်းကို ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဆုံရွာ တိုက်ခိုက်ခံရမှုမှာ PDFတွေဒရုန်းနဲ့ဗုံးချတာ ၊လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ကျေးရွာထဲက ကလေးငယ် အပါအဝင် ၃၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၄ ဦး ရခဲ့တယ်လို့စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မြင်းခြံ ရွာရှည်ကျေးရွာကို စစ်ကောင်စီတပ် ရွာလုံးကျွတ်မီးတင်ရှို့
မြင်းခြံ ရွာရှည်ကျေးရွာကို စစ်ကောင်စီတပ် ရွာလုံးကျွတ်မီးတင်ရှို့

Myingyan Black Tiger အဖွဲ့ရဲ့ တာဝန်ခံ ကိုမိုက်ခဲက တော့ ဆုံရွာကို တိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့လက်နက်ကိုင် ပျုစောထီးစခန်းတွေကိုပဲ ပစ်မှတ်ထားခဲ့တာလို့ မြန်မာနောင်းမ် မီဒီယာကိုဖြေထားပါတယ်။

တိုက်ပွဲအတွင်း ဆုံရွာနဲ့မဝေးတဲ့ဧရာဝတီမြစ် ၊ ဆီမီးခုံဆိပ်ကမ်းမှာ နေရာယူထားတဲ့ စစ်သင်္ဘောနဲ့ မြစ်ကမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေက လက်နက်ကြီးနဲ့ တိုက်ပွဲဖြစ်ရာဆီပစ်ခတ်ခဲ့တယ်လို့ ကိုမိုက်ခဲက ပြောထားပါတယ်။

တော်လှန်ရေးအဖွဲ့ဝင်တွေပြန်ဆုတ်တဲ့အချိန် ထိ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဆက်လက်ပစ်ခတ်နေဆဲဖြစ်ပြီး လက်နက်ကြီးကြောင့် တော်လှန်ရေးအဖွဲ့ဝင် အချို့ လည်း ဒဏ်ရာရခဲ့တယ်လို့ကိုမိုက်ခဲက ဆိုထားပါတယ်။

ဆုံရွာက ပျုစောထီးစခန်းကိုတိုက်ခိုက်ပြီးပြန်လာတဲ့ တော်လှန်ရေးအင်အားစုတွေကို ရွာရှည်ရွာ ဒေသခံတွေက အောင်ပွဲခံကြိုဆိုတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဓာတ်ပုံတွေ ၊ ဒေသခံတွေရဲ့အမည်တွေနဲ့တကွ ဖြန့်ဝေတာတွေလုပ်ဆောင်ခဲ့ပါတယ်။

မြင်းခြံ ရွာရှည်ကျေးရွာကို စစ်ကောင်စီတပ် ရွာလုံးကျွတ်မီးတင်ရှို့
မြင်းခြံ ရွာရှည်ကျေးရွာကို စစ်ကောင်စီတပ် ရွာလုံးကျွတ်မီးတင်ရှို့

ဒီလိုဖြန့်ဝေပြီး ရက်ပိုင်းအတွင်းမှာပဲ ရွာရှည်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးတာကို ဒေသခံတွေကြုံရတာပါ။

ရွာရှည်ရွာက အိမ်ခြေ ၃၀၀ ခန့် မီးရှို့ခံရပြီး ဒေသခံ ၁,၀၀၀ ဝန်းကျင်ထွက်ပြေးနေရတယ်လို့သိရပါတယ်။

မေလ ၁၃ ရက်ကစပြီး အင်အား ၂၀၀ ခန့်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပထမရက်မှာ ခုခံနိုင်ပေမယ့် နောက်ရက်မှာတော့ ဆီမီးခုံဆိပ်ကမ်း ရေတပ်ကနေ ပစ်ကူပေးတာ ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေကြောင့် ဆုတ်ပေးလိုက်ရတာလို့ Myingyan Black Tiger အဖွဲ့က ဆိုပါတယ်။

အဲဒီနောက်မှာတော့ စစ်ကောင်စီစစ်ကြောင်းက ရွာလုံးကျွတ်မီးရှို့ပြီး ဒေသခံ ၄ ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ Myingyan Black Tiger အဖွဲ့က ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။