Connect with us

Hi, what are you looking for?

သတင်း

တီးတိန်မြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို ချင်းညီနောင်သိမ်းပိုက်

စစ်ကောင်စီအနေဖြင့် စစ်ရှောင်ပြည်သူများကို ဖမ်းဆီးပြီး PDF ဇိုလဲန်းတပ်ဖွဲ့ဝင်ကို ဖမ်းဆီးရမိသည်ဟု ဝါဒဖြန့်ခြင်းလည်း ရှိနိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

(တီးတိန်မြို့နယ်ရှိ နေအိမ်များ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်နှင့် တိုက်ပွဲကြောင့် ဘေးလွတ်ရာရှောင်နေကြသော ပြည်သူများ။ ဓာတ်ပုံ - ချင်းသတင်းရင်းမြစ်)
(တီးတိန်မြို့နယ်ရှိ နေအိမ်များ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်နှင့် တိုက်ပွဲကြောင့် ဘေးလွတ်ရာရှောင်နေကြသော ပြည်သူများ။ ဓာတ်ပုံ - ချင်းသတင်းရင်းမြစ်)

▪️စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦး ဖမ်းမိထား၊ စစ်ကောင်စီက မြို့ပေါ် နေအိမ်များ မီးလိုက်ရှို့နေ

ထားမြတ်/People’s Spring

ချင်းပြည်နယ် တီးတိန်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)-ဇိုလဲန်း (Zoland) တာဝန်ရှိသူက ပြောသည်။

မေလ ၂၆ရက် ညပိုင်းကစပြီး ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်စွဲရာ နေရာ ၂ခုကို သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု ဆိုသည်။

“စကစ စခန်းချတဲ့ နေရာ နတလနဲ့ တာဝါတိုင်ကုန်း စခန်း ချင်းညီနောင်အဖွဲ့တွေ သိမ်းပိုက်။ ရန်သူ့ဘက်က သုံ့ပန်း ၉ယောက်ရထားတယ်။ စကစ ဘက်က မြို့ပေါ်မှာ အိမ်တွေမီးလိုက်ရှို့နေတယ်”ဟု PDF ဇိုလဲန်း တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် တီးတိန်ရဲစခန်းကို ချင်းညီနောင်တပ်ဖွဲ့များက သိမ်းပိုက်နိုင်ပြီး ရဲအချို့ အရှင်ဖမ်းမိဟု ချင်းသတင်းရင်းမြစ်က ပြောပြသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

” တိုက်ပွဲတော့ ဆက်လက်ရှိနေဆဲ။ တီးတိန်ရဲစခန်းတော့ ရတယ်ပြောတယ်။ ပြီးရင် စကစ ရဲတွေရော ဖမ်းဆီးရတာတွေလည်း ရှိတယ်လို့ သိရတယ်။ PDF Zoland တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက် ကျဆုံးတယ်။ ကျနော်တို့ဘက်က ဒဏ်ရာရသူတွေများတယ်ပေါ့။ အတိအကျတော့ ပြောလို့မရသေးဘူး။ ကျနော်တို့ဘက်က မြို့အဝင် တစ်နေရာမှာ စကစတွေက PDF Zoland သုံးယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သတင်းလည်းရတယ်။ ဒါပေမဲ့ အဲဒါက ဆက်လက်စုံစမ်းနေဆဲ” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီအနေဖြင့် စစ်ရှောင်ပြည်သူများကို ဖမ်းဆီးပြီး PDF ဇိုလဲန်းတပ်ဖွဲ့ဝင်ကို ဖမ်းဆီးရမိသည်ဟု ဝါဒဖြန့်ခြင်းလည်း ရှိနိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည် တီးတိန်မြို့တိုက်ခိုက်ခံရမည့် သတင်းကိုကြိုရထား၍ မေလ ၂၆ရက် နံနက်ကတည်းက တီးတိန်မြို့နယ်ရှိ ကျေးရွာအချို့ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား အချို့ သေဆုံးထိခိုက်ရှိခဲ့သည်။

ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့များမှာ PDF ဇိုလဲန်း၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)၊ CDF မင်းတပ်၊ မရာတပ်ဖွဲ့ MDF၊ CDF ကန်ပက်လက်၊ CDF မတူပီ တပ်မဟာ(၁) တို့ဖြစ်ပြီး စစ်ရေး၊ နိုင်ငံရေး အတူပူးပေါင်းဆောင်ရွက်ရန် သဘောတူထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် တိုက်ပွဲမှာ စစ်တပ်နဲ့ လက်အောက်ခံ ဇိုမီးတပ်ဖွဲ့ ZRA တပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ကြောင်း PDF ဇိုလဲန်း က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။