Connect with us

Hi, what are you looking for?

သတင်း

ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုရှိ ၊ လက်နက်ခဲယမ်းများရဟု PDF Zoland အသိပေး

စစ်ကောင်စီတပ်ကလည်း နေ့လယ် ၁၂နာရီခန့်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ရာ ကာကွယ်ရေးရဲဘော်များ လုံခြုံရာသို့ တိမ်းရှောင်ခဲ့သည်ဟု ထုတ်ပြန်သည်။

(ကနေဒီတောင် စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ရဲဘော်Pau Tawng နှင့် က​နေဒီ​တောင်ရှိ စစ်တပ်စခန်းကိုသိမ်းယူပြီး​နောက် PDF Zoland ကအလံလွှင့်ထူစဥ်။ ဓာတ်ပုံ - PDF Zoland)
(ကနေဒီတောင် စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ရဲဘော်Pau Tawng နှင့် က​နေဒီ​တောင်ရှိ စစ်တပ်စခန်းကိုသိမ်းယူပြီး​နောက် PDF Zoland ကအလံလွှင့်ထူစဥ်။ ဓာတ်ပုံ - PDF Zoland)

▪️PDF Zoland ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ကနေဒီတောင် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)-Zoland က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးမှုရှိခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။

နိုဝင်ဘာ ၂၁ရက် နံနက် ၄နာရီတွင် ကနေဒီတောင်ရှိ စစ်ကောင်စီတပ်စခန်းကို စတင်တိုက်ခိုက်ခဲ့ရာ ၄နာရီအကြာတွင် စခန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု အသိပေးသည်။

(ကနေဒီတောင် စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ရဲဘော်Pau Tawng နှင့် က​နေဒီ​တောင်ရှိ စစ်တပ်စခန်းကိုသိမ်းယူပြီး​နောက် PDF Zoland ကအလံလွှင့်ထူစဥ်။ ဓာတ်ပုံ - PDF Zoland)
(ကနေဒီတောင် စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော ရဲဘော်Pau Tawng နှင့် က​နေဒီ​တောင်ရှိ စစ်တပ်စခန်းကိုသိမ်းယူပြီး​နောက် PDF Zoland ကအလံလွှင့်ထူစဥ်။ ဓာတ်ပုံ – PDF Zoland)

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံးနှစ်ဦး သေဆုံးပြီး၊ တစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်သည်။ PDF Zoland မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟုလည်း ဖော်ပြသည်။

“ရဲဘော် Pau Tawng။ မင်းကတော့ ထွက်ခွါသွားပြီ။ ဒါပေမဲ့ မင်းအသက်နဲ့လဲပြီးတိုက်ယူခဲ့တဲ့ မြေဟာ လှပစွာရှိနေမယ်။ မင်းအသွေးနဲ့လဲခဲ့တဲ့ အောင်ပွဲ ပြည်သူတွေရဲ့အပြုံးက အမြဲတမ်းရှင်သန်နေမယ်။ မင်းရဲ့ ရဲရင့်မှုအမြတ်ဆုံး စွန့်လွှတ်ပေးဆပ်မှုတွေဟာ သမိုင်းမှာ ထာဝရ ကျန်ရစ်မယ်။ ငါတို့နာကျင်ဝမ်းနည်းရတယ်။ ဒါပေမဲ့ ငါတို့ဂုဏ်ယူတယ် ရဲဘော်။ ရဲဘော် Pau Tawng အား ညှိုးငယ်စွာအလေးပြုပါတယ်”ဟု PDF Zoland က ကျဆုံးရဲဘော်အတွက် စာရေးသားထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တပ်စခန်းရှိ ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွား၍ လိုက်လံဖမ်းဆီးလျက်ရှိကြောင်း ဖော်ပြထားပြီး ကနေဒီတိုက်ပွဲမှ လက်နက်ကြီး အချို့နှင့်ကျည်မြောက်များစွာ သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်ကလည်း နေ့လယ် ၁၂နာရီခန့်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ရာ ကာကွယ်ရေးရဲဘော်များ လုံခြုံရာသို့ တိမ်းရှောင်ခဲ့သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။