Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ်တွင် ပျူစောထီးများက အရပ်သား ၂၃ဦးဖမ်းဆီးပြီး လေးဦးကို သတ်ဖြတ်

ဒေသခံအချို့သည် အဆိုပါကျေးရွာမှ ထွက်ပြေးလာပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ခိုလှုံလေ့ရှိကြသည်။

(ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်လာသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - File Photo)
(ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်လာသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - File Photo)

▪️၁၉ဦးနှိပ်စက်ခံရပြီး ငွေကြေးဖြင့် ပြန်ရွေးရ

ဇော်ထိန်/People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပျူစောထီးများက ရွာသစ်ကျေးရွာဒေသခံ ၂၃ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး လေးဦးကိုသတ်ဖြတ်ကာ ကျန် ၁၉ဦးအား ရိုက်နှက်နှိပ်စက်ပြီး ငွေကြေးဖြင့်ပြန်ရွေးခိုင်းခဲ့သည်။

ရွာသစ်ကျေးရွာမှ အမျိုးသမီးရှစ်ဦးနှင့် အမျိုးသား ၁၅ဦးသည် အင်မထီးကျေးရွာအနီးရှိ တောတွင် ထင်းခုတ်နေစဉ် မေလ ၂၄ရက်တွင် အဆိုပါကျေးရွာမှ ပျူစောထီးများက လာရောက်ဖမ်းဆီးသွားခြင်းဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

” အကုန်လုံးကို ရိုက်နှက်နှိပ်စက်တာ။ လေဦးသေဆုံးတယ်။ ကျန်တဲ့သူတွေမှာလည်း ဒဏ်ရာတွေနဲ့။ ပြန်လွတ်လာတာတောင် ငွေနဲ့ ပြန်ရွေးရတာ”ဟု ဦးဇော်ထက်က ပြောသည်။

Public Service Announcement

Public Service Announcement

ရွာသစ်ကျေးရွာဒေသခံ ၂၃ဦးသည် ကျေးရွာနှင့် (၁)မိုင်ခန့်ဝေးသော တောအတွင်း မေလ ၂၃ရက် တွင် သွားရောက်သစ်ခုတ်ခဲ့ကြောင်း၊ မေလ ၂၄ရက်တွင် သွားရောက်သယ်ဆောင်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

” ပထမနေ့က သစ်ခုတ်သဲကြားတော့ နောက်နေ့လာသယ်မှာဆိုပြီး အသင့်စောင့်နေပုံရတယ်။ ရွာနဲအလှမ်းဝေးလို့ အဲ့လို အဖမ်းခံလိုက်ရတာ”ဟု ဦးဇော်ထက်က ပြောသည်။

အဖမ်းခံရသူများအနက် ဦးကျော်ခိုင်(၅၀နှစ်)၊ ကိုထွန်းနိုင်(၃၀)နှစ်၊ ကိုတင့်ဇော်ဦး( ၂၅နှစ်)၊ကိုထွန်းနိုင်လင်း(၂၃နှစ်)တို့ သေဆုံးခဲ့ပြီး ကျန်သူအားလုံးသည် မေလ ၂၆ရက်တွင် ဒဏ်ရာအများအပြားဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ပြန်လည်လွတ်မြောက်လာသူများမှာ ကျပ်၂၅ သိန်းဖြင့်အပြင် အရက်ဖာ တစ်ဖာ၊ဘီယာဖာ သုံးဖာ၊ကြက်ဥ၊ဆန်နှင့်ရိက္ခာများဖြင့် လဲလှယ်ခဲ့ရကြောင်း သတင်းရရှိသည်။

ထို့အပြင် သေဆုံးသူလေးဦး၏ ရုပ်အလောင်းများကိုလည်း ပြန်လည်ရရှိခဲ့ခြင်းမရှိပေ။ ထိုဖြစ်စဉ်သည် အင်မထီးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စစ်ကြောင်းမှူး၌အဓိကတာဝန်ရှိပြီး နောင်တချိန် တွင် ဖြေရှင်းရမည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

အင်မထီးကျေးရွာသည် စစ်ကောင်စီထောက်ခံသည့်ကျေးရွာဖြစ်ပြီး စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် ဝင်ရောက်တပ်စွဲခဲ့ရာ ပျူစောထီးရွာဖြစ်လာသည်။ ထိုရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရိက္ခာဖြတ်တောက်ထားသည်။ အင်မထီးရွာမှ ပျူစောထီးများသည် စစ်ကောင်စစ်ကြောင်းနှင့်အတူ ဘေးပတ်ဝန်းကျင်ရွာများကို စစ်ကြောင်းထိုးခြင်းများပြုလုပ်လေ့ရှိသည်။

ဒေသခံအချို့သည် အဆိုပါကျေးရွာမှ ထွက်ပြေးလာပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ခိုလှုံလေ့ရှိကြသည်။

ပုလဲမြို့နယ်အတွင်း ကျေးရွာများမှ ဒေသခံများအနေဖြင့် အင်မထီးရွာအနီး သွားရောက်ခြင်းမပြုရန် ဒေသကာကွယ်ရဲဘော်များက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။