Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့တွင် ယနေ့နံနက် တိုက်ပွဲပြင်းထန်နေ

လွိုင်ကော်မြို့ စက်မှုဇုန်တည်နေရာသည် လွိုင်ကော် -မိုးဗြဲ- ဆီဆိုင် လမ်းခွဲပေါ်တွင်ရှိပြီး စစ်ကောင်စီက အဆိုပါလမ်းပိုင်းကို ကနဦးထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

(Loikaw Local PDF Alpha-4မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Loikaw Local PDF Alpha-4)
(Loikaw Local PDF Alpha-4မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Loikaw Local PDF Alpha-4)

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊စက်မှုဇုန်၌ ယနေ့(မေလ ၃၀ရက်)နံနက်အစောပိုင်းကစ၍ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံနှင့် ရဲဘော်အချို့က ပြောသည်။

လွိုင်ကော်နှင့် မိုးဗြဲမြို့ကို ပြန်လည်ရရှိရေးအတွက် ရှမ်းပြည်နယ် ဆီဆိုင်မြို့မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်နေခြင်းဟု ဆိုသည်။

“၆ နာရီလောက်ကတည်းက တိုက်ပွဲစဖြစ်နေတာ။ စကစဘက်က စစ်ကြောင်းတိုးလာလို့ တိုက်ပွဲ ဖြစ် နေတာလို့ လောလာဆယ်ပြောလို့ရတယ်”ဟု လွိုင်ကော်မြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(Loikaw Local PDF Alpha-4မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Loikaw Local PDF Alpha-4)
(Loikaw Local PDF Alpha-4မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – Loikaw Local PDF Alpha-4)

လွိုင်ကော်မြို့ စက်မှုဇုန်တည်နေရာသည် လွိုင်ကော် -မိုးဗြဲ- ဆီဆိုင် လမ်းခွဲပေါ်တွင်ရှိပြီး စစ်ကောင်စီက အဆိုပါလမ်းပိုင်းကို ကနဦးထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

“ကယန်းသာယာ ကိုကျော်ပြီး စက်မှုဇုန်ဘက်တိုးလာတဲ့ပုံအရ လွိုင်ကော်နဲ့ မိုးဗြဲလမ်းပိုင်းကို ထိန်းချုပ်မယ်။ပြီးရင် လွိုင်ကော်ကို အင်နဲ့အားနဲ့ ဝင်စောင့်လိမ့်မယ်လို့ ယူဆရတယ်”ဟု ၎င်းက ပြောသည်။

လွိုင်ကော် -မိုးဗြဲ- ဆီဆိုင် လမ်းခွဲအနီးတစ်ဝိုက် တိုက်ပွဲများဖြစ်ပွားနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ပြောထားသည်။

“အရင်နဲ့မတူတဲ့အချက်က စကစစစ်ကြောင်းမှာ ဒရုန်းကောင်းကောင်းတွေပါလာတယ်။ ဒရုန်းထောက် ၊ဒရုန်းချပြီး ရွေ့လျားလာတယ်”ဟု လွိုင်ကော်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

(Loikaw Local PDF Alpha-4မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Loikaw Local PDF Alpha-4)
(Loikaw Local PDF Alpha-4မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – Loikaw Local PDF Alpha-4)

လက်ရှိ စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီးမော့ဆိုမြို့ အဝင်၊အထွက်လမ်းများအားလုံးကို ယာယီပိတ်လိုက်ကြောင်းလည်း သိရသည်။

ထို့အပြင် လွိုင်ကော်မြို့တွင် နေထိုင်သူများနှင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် စစ်ရေးအထူးသတိပြုရန်လည်း တော်လှန်ရေးအင်အားစုများက သတိပေးသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီပင်မ အခြေစိုက်ရာ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ (၂၆၁)၊ ခလရ (၂၅၀)၊ခလရ (၅၄)၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊တပ်မတော် ဆေးရုံ (တဆရ – အမှတ် ၇)၊ထောက်ပို့နှင့်ပို့ဆောင်ရေးတပ်ခွဲ(ထပခ -၇၂၂) တို့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာဒီနေ့ မနက်အစောပိုင်းကစပြီးတိုက်ပွဲပြင်းထန်ဖြစ်နေသလို စစ်တပ်ကမြို့ထဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားတယ်လို့ ကရင်နီအခြေစိုက်ရဲဘော်အချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာတိုက်ပွဲအလွန်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအပြင်းအထန်ပစ်ကူပေးခုခံနေပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က မိုးကုတ်လမ်းပိုင်းပေါ်မှာရှိတဲ့ လမ်းလယ်ကျစ်ကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်ပြီးနောက် စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။