Connect with us

Hi, what are you looking for?

သတင်း

ရဲ​ဘော်သစ် လုပ်လို၍ ဆက်သွယ်လာသူများကို ကြိုဆို​ကြောင်းKNDF တပ်ရင်း (၂ ) ထုတ်ပြန်

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

(KNDF တပ်ရင်း (၂ ) မှ တပ်ဖွဲ့ဝင်များ ကရင်နီပြည်မြို့တွင်းတိုက်ပွဲ၌ ပါဝင်တိုက်ခိုက်စဥ်။ဓါတ်ပုံ-KNDF-B2)
(KNDF တပ်ရင်း (၂ ) မှ တပ်ဖွဲ့ဝင်များ ကရင်နီပြည်မြို့တွင်းတိုက်ပွဲ၌ ပါဝင်တိုက်ခိုက်စဥ်။ဓါတ်ပုံ-KNDF-B2)

ရဲဘော်သွေးသစ်များကို အစီအစဉ်တကျ လက်ခံ၎ အခြေခံစစ်သင်တန်း၊ မွမ်းမံသင်တန်းများကို ပြု လုပ်နေပြီး ဆက်သွယ်လာသူများကိုကြိုဆိုကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၂ က ယနေ့ထုတ်ပြန်သည်။

မီဒီယာပလက်ဖောင်းများပေါ်မှ တရားဝင်တပ် သားသစ်ခေါ်ယူခြင်းများမကြေညာသော်လည်း မြေပြင်အဆက်အသွယ်နှင့်စည်းရုံးရေးများမှတစ်ဆင့် တပ် ရင်းတွင်တာဝန်ထမ်းဆောင်လိုသော ရဲဘော်သွေးသစ်များကို အစီအစဉ်တကျ လက်ခံစီမံကာအခြေခံစစ် သင်တန်း၊ မွမ်းမံသင်တန်းများကို ပြုလုပ်​ပေးနေကြောင်း ​ဖော်ပြထားသည်။

(KNDF တပ်ရင်း (၂ ) မှ တပ်ဖွဲ့ဝင်များ ကရင်နီပြည်မြို့တွင်းတိုက်ပွဲ၌ ပါဝင်တိုက်ခိုက်စဥ်။ဓါတ်ပုံ-KNDF-B2)
(KNDF တပ်ရင်း (၂ ) မှ တပ်ဖွဲ့ဝင်များ ကရင်နီပြည်မြို့တွင်းတိုက်ပွဲ၌ ပါဝင်တိုက်ခိုက်စဥ်။ဓါတ်ပုံ-KNDF-B2)

ထို့အတူ စစ်ကောင်စီ စစ်အုပ်ချုပ်မှုကိုဆန့်ကျင်ကြသူများအတွက် ခုခံတွန်းလှန်ခြင်းလမ်းစဉ်ကနေ ကကြိုဆိုပြီး နယ်ပယ်အလိုက် အကောင်းဆုံးကူညီနိုင်ဖို့ တတ်နိုင်သ၍ ကြိုးစားသွားမည်ဟု အသိ​ပေးထားသည်။

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“လက်ရှိအခြေအနေမှာ စစ်ကောင်စီညစ်လုံးဖြစ်တဲ့စစ်မှုထမ်းဥပဒေရဲ့ ဆိုးဝါးတဲ့ဖိနှိပ်မှုကြောင့် နောက် ထပ်ကြပ်တည်းမှုကြီးတစ်ရပ်ကို ကြုံနေကြရတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာစစ်ကောင်စီရဲ့ဘက် တော်သားအဖြစ် မခံယူချင်တဲ့ လူငယ်လူရွယ်အများအပြားဟာ ရွေးချယ်စရာလမ်းကြောင်းနည်းပါးလာပြီး နိုင်ငံကနေထွက်ခွာရှောင်တိမ်းခြင်းမပြုလုပ်နိုင်လျှင် စစ်ကောင်စီအလိုကျ ဖိနိပ်မှုယန္တရားကို တနည်းနည်းဖြင့်အားဖြည့်ပါဝင်ရခြင်းတို့ကို မလွဲရှောင်သာလုပ်ရတော့မှာဖြစ်ပြီးတော့ နောက်ထပ်ရွေးချယ်မှုတစ်ခုအနေနဲ့ လွတ်‌မြောက်နယ်မြေတွေပိုင်ဆိုင်ထားပြီး ဆက်လက်ဖော်ဆောင်တိုက်ပွဲဝင်နေကြတဲ့တော် လှန်ရေးအဖွဲ့အစည်းတွေဆီမှာ အားဖြည့်ပါဝင်ကြတာပါ”ဟု KNDF တပ်ရင်း ၂ က ပြောသည်။

(KNDF တပ်ရင်း (၂ ) မှ တပ်ဖွဲ့ဝင်များ ကရင်နီပြည်မြို့တွင်းတိုက်ပွဲ၌ ပါဝင်တိုက်ခိုက်စဥ်။ဓါတ်ပုံ-KNDF-B2)
(KNDF တပ်ရင်း (၂ ) မှ တပ်ဖွဲ့ဝင်များ ကရင်နီပြည်မြို့တွင်းတိုက်ပွဲ၌ ပါဝင်တိုက်ခိုက်စဥ်။ဓါတ်ပုံ-KNDF-B2)

တပ်ရင်းတွင် အခြေခံစစ်သင်တန်း(၃)ခု၊ မွမ်းမံစစ် သင်တန်း(၂)ခုကို ပြုလုပ်ပြီးစီးထားကာ သင်တန်းဆင်းရဲဘော်များသည် သက်ဆိုင်ရာ နေရာနယ်ပယ်များ၌ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း လည်းဖော်ပြသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ်(၂) ဟာ KNDF၏ စစ်ဗျူဟာအ မှတ်(၂)တွင်ပါဝင်နေပြီး လွိုင်ကော်မြို့အပါအဝင်အခြားဆက်စပ်နေရာများ၌ စစ်ရေးတာဝန်များ ထမ်းဆောင်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။