Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့တွင် ယနေ့နံနက် တိုက်ပွဲပြင်းထန်နေ

လွိုင်ကော်မြို့ စက်မှုဇုန်တည်နေရာသည် လွိုင်ကော် -မိုးဗြဲ- ဆီဆိုင် လမ်းခွဲပေါ်တွင်ရှိပြီး စစ်ကောင်စီက အဆိုပါလမ်းပိုင်းကို ကနဦးထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

(Loikaw Local PDF Alpha-4မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Loikaw Local PDF Alpha-4)
(Loikaw Local PDF Alpha-4မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Loikaw Local PDF Alpha-4)

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊စက်မှုဇုန်၌ ယနေ့(မေလ ၃၀ရက်)နံနက်အစောပိုင်းကစ၍ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံနှင့် ရဲဘော်အချို့က ပြောသည်။

လွိုင်ကော်နှင့် မိုးဗြဲမြို့ကို ပြန်လည်ရရှိရေးအတွက် ရှမ်းပြည်နယ် ဆီဆိုင်မြို့မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်နေခြင်းဟု ဆိုသည်။

“ ၆ နာရီလောက်ကတည်းက တိုက်ပွဲစဖြစ်နေတာ။ စကစဘက်က စစ်ကြောင်းတိုးလာလို့ တိုက်ပွဲ ဖြစ် နေတာလို့ လောလာဆယ်ပြောလို့ရတယ်” ဟု လွိုင်ကော်မြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(Loikaw Local PDF Alpha-4မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Loikaw Local PDF Alpha-4)
(Loikaw Local PDF Alpha-4မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – Loikaw Local PDF Alpha-4)

လွိုင်ကော်မြို့ စက်မှုဇုန်တည်နေရာသည် လွိုင်ကော် -မိုးဗြဲ- ဆီဆိုင် လမ်းခွဲပေါ်တွင်ရှိပြီး စစ်ကောင်စီက အဆိုပါလမ်းပိုင်းကို ကနဦးထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

“ ကယန်းသာယာ ကိုကျော်ပြီး စက်မှုဇုန်ဘက်တိုးလာတဲ့ပုံအရ လွိုင်ကော်နဲ့ မိုးဗြဲလမ်းပိုင်းကို ထိန်းချုပ်မယ်။ပြီးရင် လွိုင်ကော်ကို အင်နဲ့အားနဲ့ ဝင်စောင့်လိမ့်မယ်လို့ ယူဆရတယ်” ဟု ၎င်းက ပြောသည်။

လွိုင်ကော် -မိုးဗြဲ- ဆီဆိုင် လမ်းခွဲအနီးတစ်ဝိုက် တိုက်ပွဲများဖြစ်ပွားနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ပြောထားသည်။

“ အရင်နဲ့မတူတဲ့အချက်က စကစစစ်ကြောင်းမှာ ဒရုန်းကောင်းကောင်းတွေပါလာတယ်။ ဒရုန်းထောက် ၊ဒရုန်းချပြီး ရွေ့လျားလာတယ်” ဟု လွိုင်ကော်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

(Loikaw Local PDF Alpha-4မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Loikaw Local PDF Alpha-4)
(Loikaw Local PDF Alpha-4မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – Loikaw Local PDF Alpha-4)

လက်ရှိ စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီးမော့ဆိုမြို့ အဝင်၊အထွက်လမ်းများအားလုံးကို ယာယီပိတ်လိုက်ကြောင်းလည်း သိရသည်။

ထို့အပြင် လွိုင်ကော်မြို့တွင် နေထိုင်သူများနှင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် စစ်ရေးအထူးသတိပြုရန်လည်း တော်လှန်ရေးအင်အားစုများက သတိပေးသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီပင်မ အခြေစိုက်ရာ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ (၂၆၁)၊ ခလရ (၂၅၀)၊ခလရ (၅၄)၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊တပ်မတော် ဆေးရုံ (တဆရ – အမှတ် ၇)၊ထောက်ပို့နှင့်ပို့ဆောင်ရေးတပ်ခွဲ(ထပခ -၇၂၂) တို့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က မိုးကုတ်လမ်းပိုင်းပေါ်မှာရှိတဲ့ လမ်းလယ်ကျစ်ကျေးရွာမှာ တိုက်ပွဲတွေပြင်းထန်ပြီးနောက် စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ−၂၁) အပါအဝင် နေရာ သုံးနေရာထက်မနည်းတွင် ယနေ့(ဩဂုတ်၂၆ရက်) တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်တပ်က ပြင်ဦးလွင်စစ်တက္ကသိုလ်ကျောင်းတွေက ဗိုလ်လောင်းတွေ နဲ့ ရဲတပ်ရင်းတွေကရဲ​တွေကိုပါထုတ်ပြီးအသုံးပြုနေတယ်လို့ ဆို

သတင်း

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ကို စစ်တပ်က အင်အားအများအပြားစစ်ကူပို့နေပြီး တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ ကော့ကရိတ်ဒေသမှ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။