Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့မှ စစ်ဘေးသင့်ပြည်သူများအတွက် ပြည်ပအလှူရှင်များက ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့

စစ်ဘေးရှောင်များထံသွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများပေးအပ်‌စဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က လုံခြုံရေးယူပေးခဲ့ကြသည်။

(ဗန်းမောက်မြို့မှ စစ်ဘေးသင့်ပြည်သူများအတွက် ပြည်ပအလှူရှင်များက ပေးပို့သော ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနေစဉ်။ ဓာတ်ပုံ - CJ)
(ဗန်းမောက်မြို့မှ စစ်ဘေးသင့်ပြည်သူများအတွက် ပြည်ပအလှူရှင်များက ပေးပို့သော ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနေစဉ်။ ဓာတ်ပုံ - CJ)

အညာသား/People’s Spring

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှ စစ်ဘေးသင့် ပြည်သူများအတွက် ပြည်ပနိုင်ငံအချို့မှအလှူရှင်များက ပေးပို့သည့်ကယ်ဆယ်ရေးပစ္စည်းများကို ဒေသတွင်းလူမှုကူညီရေးအဖွဲ့အစည်းများက သွားရောက်လှူဒါန်းခဲ့ကြသည်။

စစ်ဘေးသင့် အိမ်ထောင်စုတစ်ရာကျော်အတွက် စားသောက်ကုန်အချို့နှင့် အိမ်သုံးပစ္စည်းအချို့ပါဝင်သည့် ကယ်ဆယ်ရေးပစ္စည်းများကို မေလ ၂၆ရက်တွင် အိမ်ထောင်စုတစ်စုချင်းစီအလိုက် သွားရောက်ထောက်ပံ့ခဲ့ခြင်းဟု လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

(ဗန်းမောက်မြို့မှ စစ်ဘေးသင့်ပြည်သူများအတွက် ပြည်ပအလှူရှင်များက ပေးပို့သော ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနေစဉ်။ ဓာတ်ပုံ - CJ)
(ဗန်းမောက်မြို့မှ စစ်ဘေးသင့်ပြည်သူများအတွက် ပြည်ပအလှူရှင်များက ပေးပို့သော ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနေစဉ်။ ဓာတ်ပုံ – CJ)

“ဗန်းမောက်မှာ စစ်ဘေးသင့်ပြည်သူသုံးထောင်လောက်ရှိတယ်။ အခုကတော့ အိမ်ထောင်စုတစ်ရာကျော်အတွက် ထောက်ပံ့နိုင်ခဲ့တာပါ။ ပြည်ပကနေလှူတာတွေလည်းပါပါတယ်။ ဒီလိုပဲ ပြည်သူကနေပြည်သူကို စာနာ ဖေးမကြတာပါ”ဟု စစ်ဘေးရှောင်များအား သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ဘေးရှောင်များထံသွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများပေးအပ်‌စဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က လုံခြုံရေးယူပေးခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ‌၏ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူအချို့ကလည်း လိုက်လံကူညီပေးခဲ့ကြောင်း သတင်းရရှိသည်။

ဗန်းမောက်မြို့နယ်အတွင်း ကျေးရွာအများစုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ မြို့ပေါ်တွင် စစ်ကောင်စီတပ်ရင်းများမရှိသော်လည်း ဌာနဆိုင်ရာရုံးအချို့၊ ဘာသာရေး အဆောက်အအုံအချို့၌ တပ်စွဲပြီး ခုခံစစ်အတွက်ပြင်ဆင်နေသည်။

စစ်ကောင်စီသည် ဒေသတွင်း၌နေထိုင်သော ရှမ်းနီလူမျိုးများအား ကချင်လွတ်လပ်‌ရေးတပ်မတော်(KIA)နှင့် PDFများ​၏ မဟုတ်မှန်လူမျိုးရေးအမုန်းစကားများဖြန့်ဝေကာ လူသစ်စုဆောင်းနေကြောင်းဒေသခံများက ပြောသည်။

ထို့အပြင် ဗန်းမောက်မြို့ မြနန္ဒာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် တပ်မ(၇၇)လက်အောက်ခံ ခမရ(၈)မှ ဒုတပ်ကြပ်တစ်ဦးသည် မေလ ၂၄ရက် တွင် ဗန်းမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ဝက်လက်ဒေသက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့တာတွေ ဒီကနေ့ (ဧပြီ ၃)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့အပြင်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့(SNA) အနေဖြင့် အချိန်မနှောင်းခင် တော်လှန်ရေးဘက် ပူးပေါင်းသင့်ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က တိုက်တွန်းသည်။