Connect with us

Hi, what are you looking for?

သတင်း

လူထုထံမှလက်နက်ခဲယမ်းဖိုး ကောက်ခံမှုလုံး၀မရှိဟု PNLA ရှင်းလင်း

မဲနယ်တောင်ဒေသ ဖြစ်ရပ်မှာ စစ်ကောင်စီ လက်အောက်ခံ PNOက ပြည်သူထံ ငွေကြေးကောက်ခံပြီး PNLAကို အမည်ဖျက်ခြင်းဖြစ်နိုင်သည်ဟု ပြောသည်။

(ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
(ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)

ဟန်နွေ/People’s Spring

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)အနေဖြင့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားသည့် ကာလတလျောက် လက်နက်ခဲယမ်းဖိုး ပြည်သူလူထုထံမှ ငွေကြေးကောက်ခံခြင်းမရှိကြောင်း PNLAက ထုတ်ပြန်ရှင်းလင်းသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ကျေးရွာများ၌ PNLAက လက်နက်ခဲယမ်းဖိုးအတွက် ငွေကြေးကောက်ခံနေသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး(PYO)မှ မေလ ၂၈ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲအခြေအနေ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ရာ ယင်းအပေါ် PNLAက ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

မဲနယ်တောင်ဒေသရှိ တလျနွိုး၊ ကျောက္ကဆျား၊ ဗန်းကွန်စသည့် ကျေးရွာများတွင် ဇန်နဝါရီ ၁ ရက် လုံးဟီး(စံဖူး)ကျေးရွာတွင် ဖြစ်ပျက်သွားသည့် ပဋိပက္ခနှင့်စပ်လျဉ်းပြီး PNLAက ၎င်းတို့ဆုံးရှုံးသွားသည့် ၎င်းကျည်ဆံ လက်နက်များအတွက် တစ်အိမ်ထောင်လျှင် ငါးသောင်းကျပ်နှုန်းဖြင့် ကောက်ခံခဲ့ကြောင်း PYOက ဖော်ပြခဲ့ရာ ယင်းဖော်ပြချက်သည် သတင်းအချက်အလက် အမှားဖြစ်သည်ဟု PNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

PNLA အနေဖြင့် မဲနယ်တောင်ဒေသတွင် လက်နက်ခဲယမ်းဖိုးဟုဆိုကာ မည်သည့်အခွန်ငွေကြေးမှ ကောက်ခံခြင်းမရှိကြောင်း၊ PNLA အမည်အား မသမာသူများကအသုံးပြုပြီး ငွေကြေးလိမ်လည်ကောက်ခံပါကလည်း ပြည်သူများအနေဖြင့် တိုင်ကြားကြရန် အသိပေးအပ်ကြောင်း ဖော်ပြသည်။

” ကျနော်တို့ နဲ့ စစ်ကောင်စီ တိုက်ပွဲစဖြစ်တုန်းကလည်း ကျနော်တို့အဖွဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး တော့ ပြည်သူ့စစ်တွေက လိမ်လည်ပြီး လူစုဆောင်းတာတွေလုပ်ခဲ့တယ်။ အခုလည်း အဲဒီလို မျိုးပဲ ဖြစ်မယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ကျနော်တို့ အဖွဲ့ကို နာမည်ဖျက်ချင်တာလည်း ပါတာပေါ့” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

မဲနယ်တောင်ဒေသ ဖြစ်ရပ်မှာ စစ်ကောင်စီ လက်အောက်ခံ PNOက ပြည်သူထံ ငွေကြေးကောက်ခံပြီး PNLAကို အမည်ဖျက်ခြင်းဖြစ်နိုင်သည်ဟု ပြောသည်။

“ကျနော်တို့ သတင်းရတာကျတော့ စစ်ကောင်စီ လက်အောက်ခံ PNOပြည်သူ့စစ်တွေကပဲ တစ် အိမ်ကို ငါးသောင်း ကောက်ခံတယ်လို့ ကျနော်တို့ ကြားတာပေါ့။ ကျနော်တို့ တပ်ဖွဲ့တွေက အဲဒီလို ကောက်ခံတာ မရှိပါဘူး။ဒါကို စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်က လူထုဆီ ပိုက်ဆံကောက်တာကို ကောက်တယ်လို့ မဝန်ခံဘဲနဲ့ ကျနော်တို့ တပ်ဖွဲ့က ကောက်တယ်ဆိုပြီး လူထုကို လိမ်လည်လှည့်ဖျား လုပ်ကြံ သတင်းအမှားဖန်တီးတာ ဖြစ်နိုင်ပါတယ်”ဟု ခွန်ရိန်းယံက ပြောသည်။

PNLAအနေဖြင့် ထိုသို့ပြည်သူထံမှ ငွေကြေး အဓမ္မ ကောက်ခံမှု မရှိသော်လည်း စစ်ကောင်စီတပ်ထံမှ သိမ်းရထားသည့် ကာဘိုင် လက်နက် များအတွက် လိုအပ်လျက်ရှိသည့် ကျည်များ ဖြည့်တင်းနိုင်ရေး ပါဝင်ကူညီပံ့ပိုးပေးရန် ပြည်သူလူထုထံမေတ္တာရပ်ခံတောင်းဆိုထားသည်။

(ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – PNLA)

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook