Connect with us

Hi, what are you looking for?

သတင်း

သတ္တုလုပ်ငန်းနှင့် ပုဂ္ဂလိကလုပ်ငန်းများ ၆လအတွင်း ခွင့်ပြုချက်မလျှောက်ထားပါက တအောင်းပြည်သူပိုင်အဖြစ်သိမ်းမည်ဟု TNLA ကြေညာ

မြန်မာအစိုးရအဆက်ဆက် လက်ထက် သက်ဆိုင်ရာ ဌာန အသီးသီးတွင် ခွင့်ပြုခဲ့သည့် ခွင့်ပြုမိန့် ၊ လိုင်စင်၊ အမိန့်များကို အသိအမှတ်မပြုကြောင်း TNLAက အသိပေးသည်။

(TNLAမှ ရဲဘော်များ အလံလွှင့်ထူနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(TNLAမှ ရဲဘော်များ အလံလွှင့်ထူနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

▪️မြန်မာအစိုးရအဆက်ဆက် ခွင့်ပြုခဲ့သည့် ခွင့်ပြုမိန့်၊ လိုင်စင်၊ အမိန့်များကို အသိအမှတ်မပြုဟု ဖော်ပြ

ဟန်နွေ/People’s Spring

မြန်မာအစိုးရအဆက်ဆက် လက်ထက် သက်ဆိုင်ရာဌာန အသီးသီးတွင် ခွင့်ပြုမိန့်၊ လိုင်စင်၊ အမိန့်စာရယူပြီး လည်ပတ်လျက်ရှိသည့် တအာင်းပြည်တွင်းရှိ သတ္တုလုပ်ငန်း၊ အခြား ပုဂ္ဂလိက လုပ်ငန်းများနှင့်ပတ်သက်ပြီး တအာင်းတပ်မတော်(TNLA)က မေလ ၃၁ရက်တွင် အသိပေးချက် ထုတ်ပြန်ခဲ့ရာ အထက်ပါ လုပ်ငန်းများ လာမည့် ၆လ နောက်ဆုံးထား၍ ခွင့်ပြုချက် လျှောက်ထားရမည်ဟု ဖော်ပြထားသည်။

မြန်မာအစိုးရအဆက်ဆက် လက်ထက် သက်ဆိုင်ရာ ဌာန အသီးသီးတွင် ခွင့်ပြုခဲ့သည့် ခွင့်ပြုမိန့် ၊ လိုင်စင်၊ အမိန့်များကို အသိအမှတ်မပြုကြောင်း TNLAက အသိပေးသည်။

ထိုလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားရမည်ဖြစ်ပြီး သက်ဆိုင်ရာ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်လိုပါက သတ်မှတ်ထားသည့်အတိုင်း ခွင့်ပြုချက်များကို ယခုနှစ် နိုဝင်ဘာ ၃၀ ရက် မတိုင်မီ နောက်ဆုံးထား ရယူလျှောက်ထား ကြရမည်ဟုလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

သတ်မှတ်ထားသည့် ကာလအတွင်းခွင့်ပြုချက် ရယူခြင်းမပြုပါက ထိုလုပ်ငန်းများ လုပ်ငန်းနှင့် ဆက်စပ်သည့် အဆောက်အအုံ ပစ္စည်း၊ အစရှိသည်များကို တအာင်းပြည်သူပိုင်အဖြစ် သိမ်းယူမည်ဖြစ်သည့်အပြင် ထိုလုပ်ငန်း လည်ပတ်ရန် ဆက်လက် ဆောင်ရွက်ပါက ဥပဒေအရထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ကို TNLA အထွေထွေအုပ်ချုပ်ရေးဌာန ဌာနမှူး ဗိုလ်မှူးချုပ်တားဂူးဇာရ် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်ပါ အကြောင်းအရာများနှင့်ပတ်သက်ပြီး မေးမြန်းရန် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်ထားဆဲဖြစ်သည်။

မေလ ၃၁ရက်ရက်စွဲဖြင့်ပင် PSLF/TNLA အထွေထွေအုပ်ချုပ်ရေးဌာန အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ရာ တအာင်းပြည်နယ်အတွင်း သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက် စီမံချက် လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်နေဆဲ ကာလဖြစ်၍ မြေရှား သတ္တုလုပ်ငန်းကို စမ်းသပ်ရှာဖွေ တိုင်းတာခြင်း ၊ တူးဖော်ထုတ်လုပ်ခြင်း၊ အသေးစား ထုတ်လုပ်ခြင်းနှင့် အကြီးစား ထုတ်လုပ်ခြင်းများအား မည်သည့် လုပ်ငန်းရှင်တစ်ဦးတစ်ယောက်မှ လုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုမည် မဟုတ်ကြောင်း ဖော်ပြထားပြီး မလိုက်နာပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ရှမ်းမြောက်ရှိ ကွတ်ခိုင်၊ နမ့်ဆန်၊နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့ မြို့များကို သိမ်းပိုက်ထားပြီး ၂၀၂၄ ဇန်နဝါရီလမှစ၍ တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် အပစ်ရပ်စဲရေးလုပ်ဆောင်ထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။