Connect with us

Hi, what are you looking for?

သတင်း

ပြည်ပမှ သွင်းကုန်များတင်သွင်းမှုကို စစ်​ကာင်စီကန့်သတ်​လျှော့ချ

နိုင်ငံတကာနှင့် ကုန်သွယ်ရာတွင် ကုန်ပစ္စည်းအချင်းချင်းဖလှယ်သည့် စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကုန် သည်ကြီးများအသင်းကမကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထားသည်။

ပြည်ပမှ သွင်းကုန်များတင်သွင်းမှုကို စစ်​ကာင်စီကန့်သတ်​လျှော့ချ
ပြည်ပမှ သွင်းကုန်များတင်သွင်းမှုကို စစ်​ကာင်စီကန့်သတ်​လျှော့ချ

▪︎ကန့်သတ်ပိတ်ပင်ခံရ​​သောသွင်းကုန်ပစ္စည်းများ​ရှားပါး​ဈေးကြီးလာနိုင်ဟုလုပ်ငန်းရှင်အချို့​ပြော

ရဲခေါင်/People’s Spring

ပြည်ပမှ တင်သွင်းရမည့် ကုန်ပစ္စည်းများကို စစ်​ကောင်စီက ကန့်သတ်လျှော့ ချလိုက်ကြောင်းသွင်းကုန်လုပ်ငန်းရှင်အချို့က ပြောသည်။

ဆေးဝါး၊ လျှပ်စစ်သုံးယာဥ် နှင့် ဆက်စပ်ပစ္စည်းများ ၊ စက်မှုကုန်ကြမ်း နှင့် စက်မှု ဓာတုကုန်ကြမ်းပစ္စည်းများ၊စားသောက်ကုန်ကြမ်းများကိုသာ အကောက်ခွန် ကုန် လှောင်ရုံတွင် ကန့်သတ်အရေအတွက်ဖြင့် သို လှောင် ခွင့်ပြု​တော့မည်ဟု စစ်​ကောင်စီက ​မေလ ၃၀ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

ထို့အပြင် သွင်ကုန်လိုင်စင်ခွင့်ပြုချက် မရမီ ဆိပ်ကမ်း နှင့် လေဆိပ်သို့ ကြိုတင်ရောက်ရှိလာသည့် ကုန်ပစ္စည်းများကို အရေးယူမည်ဟု စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ကြေညာထား​သေးသည်။

Public Service Announcement

Public Service Announcement

“အဓိကတော့ ပြည်ပ က တင်သွင်းရမယ့် ကုန်တွေကို ရတဲ့ နည်းတဲ့ ပိတ်တဲ့သဘောပဲ။ အရင်က သွင်းကုန်လိုင်စင် မရသေးခင် ပြည်တွင်းကို သယ်နိုင်တဲ့ မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းတွေ၊စိုက်ပျိုးရေးနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေပြီးတော့ စက်ဆီ၊ချောဆီနဲ့ CMP လိုမျိုးပစ္စည်းတွေက သွင်းကုန်လိုင်စင် မဖြစ်မနေ လျှောက်ရတော့မယ်။သူတို့ ချပေးမှ သွင်းရမယ့် အခြေအနေမျိုးပေါ့”ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက လူထုနွေဦးသို့ပြောသည်။

ထိုကဲ့သို့ သွင်းကုန်များကန့်သတ်မှုသည် စစ်ကောင်စီက ​ပြည်သူများအတွက် ​ဒေါ်လာနှင့် နိုင်ငံခြား​ငွေသုံးစွဲမှု​လျော့ချရန်နှင့် ထိုကုန်ပစ္စည်းသွင်းကုန်လုပ်ငန်းရှင်များထံမှ ​ဒေါ်လာရရန် ကြံစည်နေခြင်းဖြစ်ကြောင်းလည်း အထက်ပါလုပ်ငန်းရှင်က သုံးသပ်သည်။

ထို့အပြင် သွင်းကုန်ပစ္စည်းကန့်သတ်မှုသည် ပြည်တွင်းစားသုံးသူများအပေါ် အ နည်းနှင့်အများ သက်ရောက်မှုရှိလာမည်ဖြစ်​ကြောင်းလုပ်ငန်းရှင် တစ်ဦးက​ပြောသည်။

“ချောင်ပိတ်ရိုက်ခံနေရတဲ့အခြေအနေ မျိုးပဲ။သူတို့ ပေးတာကိုပဲရတော့မယ်။သူတို့ လိုအပ်တယ်ထင်တဲ့ ပစ္စည်းမျိုးကိုပဲ နိုင်ငံ ခြားက သွင်းရမယ်။အဲဒါဆို ပြည်တွင်းမှာ အရင်ကတည်းက သုံးနေကြစားသုံးသူတွေက အရင်ပစ္စည်းမျိုးမရနိုင်တော့ဘူး။ရလာရင်လည်း စျေးကွက်ထဲ နည်းနည်းပဲရောက်မယ်။ပြောချင်တာက ပေါပေါသီသီ မရှိတော့ စျေးကြီးမယ်”ဟု ၎င်းက ရှင်းပြသည်။

နိုင်ငံတကာနှင့် ကုန်သွယ်ရာတွင် ကုန်ပစ္စည်းအချင်းချင်းဖလှယ်သည့် စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကုန် သည်ကြီးများအသင်းကမကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထားသည်။

စစ်​ကောင်စီက ​ဒေါ်လာကို နိုင်ငံတဝန်းဖြစ်ပွား​နေ​သောတိုက်ပွဲများတွင် ​ အသုံးပြုရန် စစ်လက်နက် နှင့် ​လေယာဥ်ဆီ ဝယ်ယူရန် အတွက်သာအဓိက အသုးပြုပြီး ပြည်သူများအတွက် စား​သောက်ကုန်၊လူသုံးကုန် ​ဆေးဝါးစ​သောသွင်းကုန်ပစ္စည်းများဝယ်ယူတင်သွင်းမှုကိုမူ ​ဒေါ်လာမကုန်ရန် သွင်းခွင့်ကို နည်းမျိုးစုံဖြင့် ကန့်သတ်​နေခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက ပို့ကုန်ရငွေများကို တစ် လအတွင်း ပြည်တွင်းပြန်ယူလာရန် နှင့် ပို့ကုန်ရ​ငွေအားလုံး၏ ၃၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာကို ၂၁၀၀ကျပ်ဖြင့် လုပ်ငန်းရှင်များအား မ​ရောင်းမ​နေရ သတ်မှတ်၍ ​စစ်​ကောင်စီကဒေါ်လာရရန် လုပ်ငန်းရှင်များကို ကန့်သတ်ထားသည်။

ကျပ်​ငွေတန်ဖိုးစံချိန်တင်​ဖောင်းပွပြီး ​ဒေါ်လာ နှင့် ​ရွှေ​ဈေးများသမိုင်းတ​လျောက်အမြင့်ဆုံး​ဈေးတက်လာချိန် စစ်​ကောင်စီက ​ဒေါ်လာ​ရောင်းဝယ်သူနှင့် ​ရွှေဆိုင်ပိုင်ရှင် ၊​ရွှေကုန်သည်များကိုဖမ်းဆီး​​သောနည်းဖြင့်​ဖြေရှင်း​နေသည်။တချိန်တည်းတွင် ​ဒေါ်လာအကုန်နည်းရန် နိုင်ငံတကာနှင့် ကုန်သွယ်ရာတွင် ကုန်ပစ္စည်းချင်းဖလှယ်​​သောစနစ်ကို လုပ်ငန်းရှင်များကိုလုပ်ကိုင်​စေသည်။ စစ်တပ်အာဏာမသိမ်းခင်က နိုင်ငံ​တော်၏ နိူင်ငံခြားအရန်​ငွေမှာ ​ဒေါ်လာ ၆.၈ ဘီလီယံခန့်ရှိ​သော်လည်း အာဏာသိမ်းစစ်​ကောင်စီလက်​အောင်တွင် နိုင်ငံခြားအရန်​ငွေ ​ဒေါ်လာ ၃ ဘီလီယံဝန်းကျင်​လျော့နည်းသွားပြီဖြစ်​ကြောင်း NUG စီမံကိန်း ၊ဘဏ္ဍာ​ရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။