Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းလေကြောင်းတိုက်ခိုက်မှု သံဃာနှစ်ပါးနှင့် ရဲဘော်များအပါအဝင် ရှစ်ဦးခန့်သေဆုံး

တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းရှိ သံဃာနှစ်ပါး ပျံလွန်တော်မူပြီး ရဲဘော်နှင့် ပြည်သူ ခြောက်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောသည်။

(စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေသည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေသည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်း၌ ပသုံးလုံး အစည်းအဝေးပြုလုပ်နေစဥ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ သံဃာနှစ်ပါး အပါအဝင် ရှစ်ဦးခန့် သေဆုံးကြောင်း ဒေသတွင်းရဲဘော်များက ပြောသည်။

ယနေ့(ဇွန်လ ၈ရက်)နံနက် ၁၁ နာရီဝန်းကျင်က သပြေသာကျေးရွာဘုန်းကြီးကျောင်းတွင် ပသုံးလုံးဟုခေါ်သည့် စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)နှင့် ပြည်သူများ အစည်းအဝေးပြုလုပ်နေစဥ် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောသည်။

တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းရှိ သံဃာနှစ်ပါး ပျံလွန်တော်မူပြီး ရဲဘော်နှင့် ပြည်သူ ခြောက်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“အစည်းအဝေးဆိုတော့ တော်တော်များတယ်ဗျ။ ရဲဘော်က လေးဦး ကျွန်တော်တို့သိရသလောက်ပေါ့။ စာရင်းကတော့ ခုမှကောက်နေတုန်းရှိသေးတယ်။ ဘုန်းကြီးနှစ်ပါးပါတယ်။”ဟု Wetlet Informational Network အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသူများအနက် ငါန်းဇွန်မြို့နယ်မှ တော်လှန်ရေးလုပ်ငန်းများ တက်ကြွစွာလုပ်ကိုင်ခဲ့သည့် ဇနီးမောင်နှံဖြစ်သူ ဦးသန်းဆွေ၊ ဒေါ်ရွှေဇင်နှင့် ၎င်းတို့သား ရဟန်းဝတ်နေသူတို့ပါဝင်ပြီး မိသားစုဝင် သုံးဦးလုံး ကျဆုံးခဲ့သည်ဟု ဆိုသည်။

“အခုတော့ ဆွမ်းကပ်နေတဲ့ အဖေနဲ့ အမေရယ် ဆွမ်းစားဖို့ ပြင်နေတဲ့ ဦ်းဇင်းသားငယ်ရယ် တနေ့ထဲတချိန်ထဲ‌ တနေရာထဲမှာ စစ်ကောင်စီမှ ချခဲ့သော ဗုံးများအနက် ဗုံး နှစ်လုံး ဘေးကပ်လျက်ကျ၍ နိုင်ငံအတွက်(ငါန်းဇွန်မြို့အတွက်)မြင့်မြတ်စွာ အသက်ပေးစတေးခဲ့ရလေပြီ။”ဟု ဘဏ္ဍာရှာဖွေရေးနှင့် အောင်ပန်းဝေဝေ ငါန်းဇွန်မြေတာဝန်ခံ Haru Nakakima က ရေးသားထားသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသည့် ရဲဘော်နှင့် ပြည်သူများလည်းရှိနေပြီး ဆေးကုသမှုပေးနေကြောင်း သိရသည်။

သေဆုံးစာရင်းပတ်သက်၍ စစ်ကိုင်းပသုံးလုံးအဖွဲ့များထံ ဆက်သွယ်မေးမြန်းအတည်ပြုရန် ကြိုးပမ်းနေပြီး လက်တလောဆက်သွယ်၍ မရသေးပေ။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ပြည်သူများအပေါ် လေကြောင်းမှ တိုက်ခိုက်မှုများ ခပ်စိတ်စိတ်ပြုလုပ်နေသည်။

ဇွန်လ ၃ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မတောရွာကျေးရှိ မင်္ဂလာဆောင် အခမ်းအနားတစ်ခုကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ခုနစ်ဦးအပါအဝင် ပြည်သူ ၃၀ခန့် သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။