Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီမြို့နယ်ရှိ အင်အား ၃၀ခန့်ရှိ စစ်ကောင်စီစခန်းကုန်းတစ်ခု သိမ်းပိုက်နိုင်ခဲ့ဟု စစ်ဒေသ(၁) ထုတ်ပြန်

ရန်သူ့လက်နက်ငယ် (၁)လက်၊ ကျည်မျိုးစုံ ၂၅၀၀ကျော်၊ ဗုံးသီး (၁၀၇) လုံး၊ Equipment (၁) ခု၊ ကျည်အိမ် ၊ မိုင်း၊ အီနာဂါ နှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြထားသည်။

(ကနီနယ်ရှိ စစ်ကောင်စီစခန်းကုန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ)
(ကနီနယ်ရှိ စစ်ကောင်စီစခန်းကုန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲရာ နေရာတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ်(၁) စစ်ဒေသက ထုတ်ပြန်သည်။

မုံရွာ-ယာကြီး- ကလေးဝလမ်း (ရန်သူ့ဆက်သွယ်ရေး ဗျူဟာလမ်း) ပေါ်ရှိ စစ်ကောင်စီ အင်အား ၃၀ခန့်အခြေပြုနေသည့် အရေးကြီး Station ကုန်းအား ယင်းမာပင်ခရိုင် တပ်ရင်း-၂ နှင့် ကနီမြို့နယ်(ပကဖ)တို့မှ နှစ်ရက်ဆက် တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ကနီနယ်ရှိ စစ်ကောင်စီစခန်းကုန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ)
(ကနီနယ်ရှိ စစ်ကောင်စီစခန်းကုန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – အမှတ်(၁)စစ်ဒေသ)

အဆိုပါ ရန်သူ့စခန်းကုန်းအား နိုဝင်ဘာ ၂၂ရက်တွင် တစ်ကြိမ်ပစ်ခတ်တိုက်ခိုက် သိမ်းပိုက်ရာ အခွင့်မသာ၍ ပြန်လည်ဆုတ်ခွာခဲ့ရပြီး နိုဝင်ဘာ ၂၃ရက်တွင် ထပ်မံတိုက်ခိုက်ရာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံး၊ ၁၁ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော် သုံးဦး ကျဆုံးခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ထောက်ပို့တပ်ပုံစံမျိုး၊ ဆက်သွယ်ရေးကုန်းပေါ့။ လှိုဏ်ခေါင်းတွေရှိတယ်။ အရှည်ကြီးပဲ။ ပထမရက်မှာတင် ဂျက်ဖိုက်တာနဲ့ပစ်တယ်။ ဗုံးသီး၂လုံးချတယ်။ ဂန်းငယ်နဲ့ပစ်တယ်။ ထိခိုက်မှုတွေမရှိဘူး။ ရဲဘော်တွေက စခန်းကုန်းတက်တဲ့အချိန်မှာကျတာ။ တေ့ပစ်ခံရတာ။ စခန်းသိမ်းနိုင်ခဲ့တယ်။ မီးလည်း ရှို့နိုင်ခဲ့တယ်။”ဟု ဒေသတွင်း ပြည်သူ့ရဲဘော်တစ်ဦးက ပြောသည်။

ရန်သူ့လက်နက်ငယ် (၁)လက်၊ ကျည်မျိုးစုံ ၂၅၀၀ကျော်၊ ဗုံးသီး (၁၀၇) လုံး၊ Equipment (၁) ခု၊ ကျည်အိမ် ၊ မိုင်း၊ အီနာဂါ နှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ဒီဇင်ဘာ ၂၂ရက်မှ စတင်ခဲ့ရာ ၄လကျော် ကြာမြင့်ခဲ့ပြီး နယ်မြေခံ CDF-ကန်ပက်လက်၊ အခြား CDFပူးပေါင်းတပ်ဖွဲ့များနှင့် PDFများက တိုက်ပွဲစတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။