Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်ရှိ အင်အား ၃၀ခန့်ရှိ စစ်ကောင်စီစခန်းကုန်းတစ်ခု သိမ်းပိုက်နိုင်ခဲ့ဟု စစ်ဒေသ(၁) ထုတ်ပြန်

ရန်သူ့လက်နက်ငယ် (၁)လက်၊ ကျည်မျိုးစုံ ၂၅၀၀ကျော်၊ ဗုံးသီး (၁၀၇) လုံး၊ Equipment (၁) ခု၊ ကျည်အိမ် ၊ မိုင်း၊ အီနာဂါ နှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြထားသည်။

(ကနီနယ်ရှိ စစ်ကောင်စီစခန်းကုန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ)
(ကနီနယ်ရှိ စစ်ကောင်စီစခန်းကုန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲရာ နေရာတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ်(၁) စစ်ဒေသက ထုတ်ပြန်သည်။

မုံရွာ-ယာကြီး- ကလေးဝလမ်း (ရန်သူ့ဆက်သွယ်ရေး ဗျူဟာလမ်း) ပေါ်ရှိ စစ်ကောင်စီ အင်အား ၃၀ခန့်အခြေပြုနေသည့် အရေးကြီး Station ကုန်းအား ယင်းမာပင်ခရိုင် တပ်ရင်း-၂ နှင့် ကနီမြို့နယ်(ပကဖ)တို့မှ နှစ်ရက်ဆက် တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ကနီနယ်ရှိ စစ်ကောင်စီစခန်းကုန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ)
(ကနီနယ်ရှိ စစ်ကောင်စီစခန်းကုန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – အမှတ်(၁)စစ်ဒေသ)

အဆိုပါ ရန်သူ့စခန်းကုန်းအား နိုဝင်ဘာ ၂၂ရက်တွင် တစ်ကြိမ်ပစ်ခတ်တိုက်ခိုက် သိမ်းပိုက်ရာ အခွင့်မသာ၍ ပြန်လည်ဆုတ်ခွာခဲ့ရပြီး နိုဝင်ဘာ ၂၃ရက်တွင် ထပ်မံတိုက်ခိုက်ရာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံး၊ ၁၁ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော် သုံးဦး ကျဆုံးခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ထောက်ပို့တပ်ပုံစံမျိုး၊ ဆက်သွယ်ရေးကုန်းပေါ့။ လှိုဏ်ခေါင်းတွေရှိတယ်။ အရှည်ကြီးပဲ။ ပထမရက်မှာတင် ဂျက်ဖိုက်တာနဲ့ပစ်တယ်။ ဗုံးသီး၂လုံးချတယ်။ ဂန်းငယ်နဲ့ပစ်တယ်။ ထိခိုက်မှုတွေမရှိဘူး။ ရဲဘော်တွေက စခန်းကုန်းတက်တဲ့အချိန်မှာကျတာ။ တေ့ပစ်ခံရတာ။ စခန်းသိမ်းနိုင်ခဲ့တယ်။ မီးလည်း ရှို့နိုင်ခဲ့တယ်။”ဟု ဒေသတွင်း ပြည်သူ့ရဲဘော်တစ်ဦးက ပြောသည်။

ရန်သူ့လက်နက်ငယ် (၁)လက်၊ ကျည်မျိုးစုံ ၂၅၀၀ကျော်၊ ဗုံးသီး (၁၀၇) လုံး၊ Equipment (၁) ခု၊ ကျည်အိမ် ၊ မိုင်း၊ အီနာဂါ နှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

သင်္ဘောစောင့်စစ်သားတွေ ထွက်ပြေး၊ ၁၀၇ မမ လက်နက်ကြီးကြောင့် သင်္ဘောရေဝင်နေ

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်