Connect with us

Hi, what are you looking for?

သတင်း

စစ်လက်နက်ကြွင်းကျန်ပစ္စည်းများတွေ့ပါက အကြောင်းကြားရန် TNLA ထပ်မံသတိပေး

ဇွန်လ ၁၁ရက်တွင်လည်း မန်တုံမြို့ စစ်ကောင်စီတပ်စခန်းဟောင်း၌ မိုင်းပေါက်ကွဲမှုကြောင့် မှိုသွားရှာသည့် စစ်ရှောင်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

(နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးနေသည်ကို မေလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးနေသည်ကို မေလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

▪️မိုင်းနှင့် စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်မှု မကြာခဏဖြစ်နေ

ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)နယ်မြေအတွင်းမိုင်းရှင်းလင်းရေး အပြည့်အ၀ မလုပ်နိုင်သေး၍ စစ်လက်နက်ကြွင်းကျန်ပစ္စည်းများ တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြောင်းကြားရန်လိုအပ်ကြောင်း တအာင်းတပ်မတော်(TNLA) ကထပ်မံ အသိပေးသည်။

နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာ လက်ဖက်ခြံတစ်နေရာတွင် ဇွန်လ ၁၀ရက်က စစ်လက်နက်ကြွင်းကျန်ပစ္စည်းတစ်ခု ပေါက်ကွဲမှုကြောင့် အသက် (၁၄)နှစ်အရွယ် ကလေးငယ်တစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် အား အသိပေးစဉ် အထက်ပါအတိုင်း ထပ်မံ သတိပေးခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁၁ရက်တွင်လည်း မန်တုံမြို့ စစ်ကောင်စီတပ်စခန်းဟောင်း၌ မိုင်းပေါက်ကွဲမှုကြောင့် မှိုသွားရှာသည့် စစ်ရှောင်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဇွန်လ ၈ရက်တွင်လည်း ကျောက်မဲမြို့နယ် ပန်လော့ရွာတွင် ထောင်မိုင်းပေါက်ကွဲ၍ အရပ်သားပြည်သူတစ်ဦး ခြေထောက်တစ်ဖက်ပြတ်သွားခဲ့ကြောင်း ဖော်ပြသည်။

၁၀၂၇ စစ်ဆင်ရေးကာလတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဒေသများ၌ စစ်လက်နက် ကြွင်းကျန် များ မရှင်းလင်းနိုင်သေးသဖြင့် အရပ်သားပြည်သူများအနေဖြင့် တောတောင်နှင့် လက်ဖက်ခြံသို့သွားရာတွင် သတိပြုရန်လိုအပ်ကြောင်း TNLAက ထုတ်ပြန်သည်။

တအာင်းဒေသတွင် မိုင်းအပြင် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်မှုများ ဆက်ရှိနေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် ဇွန်လ ၁၂ရက် ညပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်၍ ဒေသခံအမျိုးသားတစ်ဦးဒဏ်ရာရခဲ့သည်ဟု TNLAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် မည်သည့်လက်နက်ကိုင် တပ်ဖွဲ့မျှမရှိသည့် ပြည်သူများနေထိုင်သည့် ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ရသည့် ရွာသားအချို့လည်းရှိခဲ့ကြောင်း၊ ယခု ဇွန်လ ၁ရက်မှ ၁၂ရက်အထိ စစ်ကောင်စီက နောင်ချိုမြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်မှု ၁၇ကြိမ်ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် ရှမ်းမြောက်တွင် စစ်အင်အားဖြည့်တင်းခြင်း၊ စစ်ရေးပြင်ဆင်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။