Connect with us

Hi, what are you looking for?

သတင်း

မြို့ပြပြောက်ကျားအဖွဲ့များ(UG)အတွင်း စစ်ကောင်စီသူလျှိုများစိမ့်ဝင်နေဟု လှိုင်ပကဖ သတိပေး

ဇွန်လ ၈ ရက်ကလည်း ရန်ကုန်မြို့၌ Dark Shadow အဖွဲ့ဝင် လေးဦးအပါအဝင် မြို့ပြပြောက်ကျားအဖွဲ့ဝင် ၉ဦးမှာ စစ်ဆင်ရေးမပြုမီ စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးမှုခံခဲ့ရသည်။

(ရန်ကုန်မြို့၌ ညပိုင်းအချိန် လိုက်လံစစ်ဆေးနေသော စစ်ကောင်စီအဖွဲ့ဝင်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့၌ ညပိုင်းအချိန် လိုက်လံစစ်ဆေးနေသော စစ်ကောင်စီအဖွဲ့ဝင်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ရဲခေါင်/People’s Spring

မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့များ(UG)အတွင်း စစ်ကောင်စီသူလျှိုများစိမ့်ဝင်နေကြောင်း လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(ဇွန်လ ၂၂ရက်) သတိပေးထုတ်ပြန်သည်။

လက်ရှိကြုံတွေ့ရသော အကြောင်းအရာများကို အခြားသောတော်လှန်ရေးအဖွဲ့များနှင့် မြို့ပြ UG အဖွဲ့ဝင်များအနေဖြင့် အထူးသတိပြုစိစစ်ဆောင်ရွက်နိုင်ရန်ဟု ဆိုသည်။

လွန်ခဲ့သော တစ်လခွဲကျော်က သက်ဆိုင်ရာ ခရိုင်တာဝန်ခံနှင့်ချိတ်ဆက်ကာ မစ်ရှင်တစ်ခုဖော်ဆောင်နိုင်ရန် ခရိုင်တာဝန်ခံထံသို့ လိုအပ်သောအသုံးအဆောင်ပစ္စည်းများကို လှိုင်မြို့နယ် ပကဖက ပေးအပ်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

သို့သော် အကြောင်းအမျိုးမျိုးကြောင့် မစ်ရှင်ဖော်ဆောင်နိုင်ခြင်းမရှိသည့်အတွက် ၎င်းတို့ပေးအပ်ထားသော ပစ္စည်းများအားပြန်လည်တောင်းခံခဲ့ပြီးနောက် လှိုင် ပကဖ၏ ပစ္စည်းများအပြင်အခြားအပိုပစ္စည်း (လက်လုပ်မိုင်း) အား အပိုပေးအပ်မည့်အကြောင်း ဆက်သွယ်ပြောကြားလာသော်လည်း လှိုင်ပကဖ မှ ငြင်းဆိုခဲ့ကြောင်း အသိပေးသည်။

ပစ္စည်းများပြန်လည်အပ်နှံသောနေ့တွင် လှိုင်ပကဖ၏ ပစ္စည်းများအပြင် လေးထောင့်ကော်ဗူး တစ်ဗူးအပိုပါဝင်လာသည့်အတွက် လမ်းတွင်ဖွင့်ဖောက်စစ်ဆေးရာ ယင်းဗူးသည်အပေါ်ယံ ( လက်လုပ်မိုင်း )ကဲ့သို့ ပြင်ဆင်ထားပြီး အလုံပိတ်ထားသော အတွင်းတွင် Mytel Sim Card အသုံးပြုထားသည့် GPS တစ်ခု ပါဝင်လာသည်ကို စီစစ်တွေ့ရှိရကြောင်း လှိုင်ပကဖက ပြောသည်။

ထိုဖြစ်စဥ်ကြောင့် ပစ္စည်းသွားရောက်ယူဆောင်သော အဖွဲ့ဝင်များမှ ချက်ခြင်းသတင်းပို့ကာ လမ်းတွင် ပစ္စည်းများအား ဖျောက်ဖျက်ပစ်လိုက်ကြောင်း အသိပေးသညိ။

ဖြစ်စဥ်အား သုံးသပ်ချက်အရ လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဲ့သို့ အခြားသောမြို့ပြပျောက်ကြားအဖွဲ့များအား အကြမ်းဖက်စစ်ကောင်စီမှ နည်းမျိုးစုံဖြင့် ဖြိုခွင်းနိုင်ရန်အတွက် ၎င်းတို့၏ အယောင်ဆောင်သူလျှိုများအား မြို့ပြတော်လှန်ရေးအဖွဲ့များအတွင်းသို့ထည့်သွင်း စိမ့်ဝင်နေသည်ကိုတွေ့ရှိရသည်ဟု ဆိုသည်။

“နဂိုကတည်းက စကစသူလျှိုကြောင့်ပါခဲ့ရတဲ့ ဖြစ်စဥ်တွေရှိခဲ့တယ်။အခုလည်း ရှိနိုင်သလို နောက်လည်းရှိနေမှာပဲ။တစ်ခုပဲ သတိမလွတ်ဖို့ ပဲ။ဒီရက်ပိုင်း သန်လျင်ကိစ္စဖြစ်သွားတာလည်း သူလျှိုကြောင့်ပဲလို့ သတင်းပေါက်နေတယ်။ရန်ကုန် UGအဖမ်းဆီးလည်း ခပ်စိတ်စိတ် ဖြစ်နေတယ်”ဟု ရန်ကုန်မြို့ရှိ တော်လှန်ရေးတပ်သားတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တော်လှန်ရေးအဖွဲ့အစည်းများ၊ မြို့ပြပြောက်ကျားအဖွဲ့များအားလုံး အထူးသတိပြုကာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းသည်။

“စိမ့်ဝင်နေတာတွေရှိ ကောင်းရှိမယ်လေ။ ကျနော်တို့ဒီကြားထဲကနေပဲ အကောင်းဆုံးဆက်လက်တော်လှန်နေကြရတာပါ။ အတတ်နိုင်ဆုံးတော့ သတိမပျက်ရအောင် ပြင်ဆင်ဆောင်ရွက်နေပါတယ်”ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

ဇွန်လ ၈ ရက်ကလည်း ရန်ကုန်မြို့၌ Dark Shadow အဖွဲ့ဝင် လေးဦးအပါအဝင် မြို့ပြပြောက်ကျားအဖွဲ့ဝင် ၉ဦးမှာ စစ်ဆင်ရေးမပြုမီ စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးမှုခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။