Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် ဘုန်းကြီးကျောင်း ၃၀နီးပါးမှကိုယ်စားပြု သံဃာတော်များစုပေါင်းပြီး စစ်​ကောင်စီကို ကံဆောင်သပိတ်မှောက်

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်အား ယမန်နေ့ (ဇွန်လ ၂၃ ရက်​)တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တနေရာရှိ ဘုရားတစ်ဆူတွင် သံဃာတော်များစုဝေး၍ စတင်ပြုလုပ်ခဲ့သည်။

(ဒီပဲယင်းမြို့နယ် ကျောင်းတစ်ကျောင်းရှိ သိမ်တွင် ဆရာတော်သံဃာတော်များစုဝေး၍ စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေစဥ်။ ဓာတ်ပုံ - CJ)
(ဒီပဲယင်းမြို့နယ် ကျောင်းတစ်ကျောင်းရှိ သိမ်တွင် ဆရာတော်သံဃာတော်များစုဝေး၍ စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေစဥ်။ ဓာတ်ပုံ - CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ဘုန်းကြီးကျောင်း ၃၀နီးပါးမှ ကိုယ်စားပြု သံဃာတော်များစုပေါင်းပြီး စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေကြောင်း သတင်းရရှိသည်။

ယနေ့ (ဇွန်လ ၂၄ ရက်)တွင် ဒီပဲယင်းမြို့နယ် ကျေးရွာပေါင်း ၃၀ နီးပါးရှိ ဘုန်းကြီးကျောင်းများမှ ကိုယ်စားပြု သံဃာတော် ၃၀ နီးပါးက ကျောင်းတစ်ကျောင်းရှိသိမ်၌ စုဝေး၍ စစ်ကောင်စီကို ဝိနည်းတော်နှင့်အညီ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေကြောင်း အဆိုပါ ဆရာတော်၊ သံဃာတော်များက မိန့်ကြားသည်။

“စစ်ကောင်စီက နွေဦးတော်လှန်ရေးကာလမှာ စစ်ကောင်စီဖမ်းဆီးနှိပ်စက်သတ်ဖြတ် ထောင်ချထားတဲ့ သံဃာတွေဟာ ဆယ်ချီရာချီမြောက်မြားစွာ ရှိနေပါတယ်။ ဒီသံဃာတော်တွေအပေါ်မှာ ပြုလုပ်ခဲ့တဲ့ ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊ နှိပ်စက်မှု၊ အနိုင်ကျင့်မှု ဒါတွေကြောင့်လည်း စစ်ကောင်စီကို ဦးဇင်းတို့က ပတ္တနိက္ကုဇ္ဇနကံဆောင် ဒဏ်ခတ်ခြင်းဖြစ်ပါတယ်။”ဟု ဒီပဲယင်း ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ဦးဆောင်ဆရာတော်တစ်ပါးက မိန့်ကြားသည်။

Public Service Announcement

Public Service Announcement

(ဒီပဲယင်းမြို့နယ် ကျောင်းတစ်ကျောင်းရှိ သိမ်တွင် ဆရာတော်သံဃာတော်များစုဝေး၍ စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေစဥ်။ ဓာတ်ပုံ - CJ)
(ဒီပဲယင်းမြို့နယ် ကျောင်းတစ်ကျောင်းရှိ သိမ်တွင် ဆရာတော်သံဃာတော်များစုဝေး၍ စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေစဥ်။ ဓာတ်ပုံ – CJ)

စစ်ကောင်စီသည် အညာဒေသ၌ စစ်ကြောင်းထိုး၍ မီးရှို့ခြင်း၊ ပြည်သူများနှင့် ရဟန်းသံဃာများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် ပြည်သူများနှင့်အတူ ရဟန်းသံဃာများပါ သေကြေပျက်စီးခြင်း၊ ထိုကဲ့သို့ အကြမ်းဖက်သတ်ဖြတ်နေခြင်းများအား ရပ်တန့်ရန်နှင့် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီက ပြည်သူကျေနပ်အောင်တောင်းပန်ရန်၊ နောက်နောင်ယခုကဲ့သို့အကြမ်းဖက်မှုများ လုံးဝမပြုလုပ်ရန် ဝိနည်းနှင့်အညီ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ခြင်းဖြစ်ကြောင်း ဦးဆောင်ဆရာတော်က မိန့်သည်။

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ သံဃာတော်များကလည်း ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ခြင်းများ ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရာမှအစပြု၍ စစ် အာဏာရှင်အပေါ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ခဲ့ခြင်း​ဖြစ်သည်။

ထို့အပြင် ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်များကလည်း ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်၍ စစ် အာဏာရှင်ကို အနိုင်ရသည်အထိ ပူးပေါင်းပါဝင်ပေးရန် ယနေ့(ဇွန်လ ၂၄ ရက်)တွင် တောင်းဆိုထားသည်။

“သပိတ်မှောက်တဲ့အဖွဲ့တွေကလည်း သပိတ်တွေမှောက်နေပြီ။ လှုပ်ရှားလို့ရတဲ့ဆီကနေ လှုပ်ရှားနေပြီ။ ဆရာတော်ကြီးရဲ့ စျာပနာကို မြို့ထဲကကောအဝေးကကော လိုက်ပါ ပို့ဆောင်ဖို့ပေါ့၊ အားလုံးချိတ်ဆက်ပြီးတော့ မြို့နယ်အလိုက်တွေအစုံ ဝိုင်းဝန်းပြီး သပိတ်မှောက်ဖို့ အဲဒီလိုအကြမ်းဖျင်းplanတွေ သိရပါတယ်။”ဟု ဆရာတော်ကြီး၏ တပည့်ဟောင်းသံဃာတော်တစ်ပါးဖြစ်သူ ဆရာတော်မင်းပုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားသည်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်အား ယမန်နေ့ (ဇွန်လ ၂၃ ရက်​)တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တနေရာရှိ ဘုရားတစ်ဆူတွင် သံဃာတော်များစုဝေး၍ စတင်ပြုလုပ်ခဲ့သည်။

စစ်ကောင်စီတပ်သည် ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် အား ဇွန်လ ၁၉ ရက် နံနက်ပိုင်းက မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန် – မြို့သာလမ်းပိုင်းတွင် ပစ်ခတ်ခဲ့ရာမှ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook