Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ်တွင် ရွာလုံခြုံရေးတပ်ဖွဲ့ဝင် အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ငါးဦးသေဆုံး

တည်တောရွာခံအချင်းချင်းဖြစ်ပွားသည့် ပြဿနာဖြစ်ပြီး အခြေအနေကို ထိန်းသိမ်းနိုင်ရေးအတွက် ရွှေဘိုခရိုင်တပ်ရင်း(၁၂)နှင့် ပကဖအဖွဲ့များက ကျေးရွာကို လုံခြုံရေးယူကာ အဝင်၊ အထွက် ကန့်သတ်ထားသည်။

(တည်တောရွာဖြစ်စဥ်အား ရွှေဘိုခရိုင်တပ်ရင်း (၁၂)က စစ်ဆေးမေးမြန်းနေစဥ်။ ဓာတ်ပုံ-ရွှေဘိုခရိုင်တပ်ရင်း - ၁၂)
(တည်တောရွာဖြစ်စဥ်အား ရွှေဘိုခရိုင်တပ်ရင်း (၁၂)က စစ်ဆေးမေးမြန်းနေစဥ်။ ဓာတ်ပုံ-ရွှေဘိုခရိုင်တပ်ရင်း - ၁၂)

▪️လူမှုရေးပြဿနာကစပြီး ကျူးလွန်သူဟုသံသရှိသူ ၁၈ဦးအား ဖမ်းဆီးစစ်ဆေးနေ

ဇော်ထိန်၊ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာတွင် ရွာလုံခြုံရေးတပ်ဖွဲ့ဝင်အချင်းချင်း လူမှုရေးပြဿနာမှစတင်ခဲ့သည့် ပစ်ခတ်မှုအတွင်း ငါးဦးသေဆုံးခဲ့ပြီး ကျူးလွန်သူဟု သံသရှိသူ ၁၈ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း ရွှေဘိုခရိုင်အမှတ် (၁၂)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

ရွာလုံခြုံရေးတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှု သည် တည်တောရွာတွင် မေ ၂၈ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Black Tiger အဖွဲ့ဝင်ဟောင်းတစ်ဦးနှင့် ၎င်း၏ မိသားစုဝင် လေးဦးသေဆုံးခဲ့ရပြီး (၃)လသားအရွယ် ကလေးငယ် တစ်ဦးနှင့် (၅)နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် (၁၂)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

(တည်တောရွာဖြစ်စဥ်အား ရွှေဘိုခရိုင်တပ်ရင်း (၁၂)က စစ်ဆေးမေးမြန်းနေစဥ်။ ဓာတ်ပုံ-ရွှေဘိုခရိုင်တပ်ရင်း - ၁၂)
(တည်တောရွာဖြစ်စဥ်အား ရွှေဘိုခရိုင်တပ်ရင်း (၁၂)က စစ်ဆေးမေးမြန်းနေစဥ်။ ဓာတ်ပုံ-ရွှေဘိုခရိုင်တပ်ရင်း – ၁၂)

လက်ရှိ သံသယရှိသူ ၁၈ဦးသည် ရွှေဘိုခရိုင် အမှတ် (၁၂)တပ်ရင်းထံ လက်နက်ချအဖမ်းခံခဲ့ပြီး ၎င်းတို့အား မြို့နယ်ပလဖအဖွဲ့ထံ အပ်နှံထားကြောင်း ရွှေဘိုခရိုင်အမှတ် (၁၂)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

တည်တောရွာခံအချင်းချင်းဖြစ်ပွားသည့် ပြဿနာဖြစ်ပြီး အခြေအနေကို ထိန်းသိမ်းနိုင်ရေးအတွက် ရွှေဘိုခရိုင်တပ်ရင်း(၁၂)နှင့် ပကဖအဖွဲ့များက ကျေးရွာကို လုံခြုံရေးယူကာ အဝင်၊ အထွက် ကန့်သတ်ထားသည်။

“ခြိမ်းခြောက်တာ လုံး၀မရှိပါဘူး။ ဒေသခံတွေက ဖမ်းဆီးဖို့လိုတဲ့ အရေးကြီး တရားခံကို ဖုံးကွယ် ပေးထားတဲ့အတွက် ရွာအဝင်အထွက်ကို ယာယီ ထိန်းသိမ်းတဲ့သဘောပါ။ စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲ ရှိရင်လည်း အချိန်မရွေး ပြောဖို့ ရွာခံတွေကို ပြောထားပါတယ်။ အမှုနဲ့ မသက်ဆိုင်တဲ့ ပြည်သူတွေကိုတော့ အဝင်အထွက် စိစစ်ပြီး ခွင့် ပြုထားပါတယ်။”ဟု ရွှေဘိုခရိုင် အမှတ်(၁၂)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

” လူမှုရေးကိစ္စကနေ စတင်တာလို့ပဲပြောရပါမယ်။ ရွာလုံခြုံရေးအဖွဲ့နှစ်ဖွဲ့ဖြစ်တာပါ။အခုဝောာ့ အခြေအနေကိုထိန်းသိမ်းထားနိုင်ပါပြီ။ စစ်ဆေးနေစဉ်ကာလမှာ ရွာကို Lock Down ချထားပါတယ်”ဟု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးလေးဆောင်ဆိုသူအပါအဝင် အမျိုးသားသုံးဦး၊အမျိုးသမီး နှစ်ဦးသေဆုံးပြီး ကလေးငယ်တဦးအပါအဝင်သုံး ဦးဒဏ်ရာရရှိခဲ့သည်။ ပစ်ခတ်မှုဖြစ်ပွားသည့်နှစ်ဖွဲ့စလုံးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန​နှင့် မဟာမိတ်များစစ်ဒေသအလိုက် တည်ဆောက် ထားသည့် Chain of Command(COC)အောက်၌ မရှိဟု သိရသည်။

” ယခင်ကတော့ ပူးပေါင်းဆောင်ရွက်မှုရှိတယ်။ နောက်ပိုင်းမှာလက်နက် ဖြုတ်သိမ်းထားခဲ့တာပါ။ အခုလိုမျိုးဖြစ်ရပ်ကိုရှုံ့ချပါတယ်”ဟု ဒီပဲယင်းမြို့မှပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

” လူမှုရေးပြဿနာကို လက်နက်နဲ့ဖြေရှင်းတာ တော်တော်လေး ဆိုးပါတယ်။ ဒါကို NUG အစိုးရအနေနဲ့ သေချာကိုင်တွယ်ဖြေရှင်းဖို့လိုပါတယ်” ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

အမှုလာရောက်ဖြေရှင်းပေးနေသည့် ရွှေဘိုခရိုင်တပ်ရင်း(၁၂)နှင့် တည်တောရွာခံများကြား နားလည်မှုလွဲချော်ခြင်းများ ဖြစ်ပေါ်နေသည်။

“တရားဥပဒေ စိုးမိုးရေးကို ပြည်သူတွေ အပါအဝင် အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့ လိုပါမယ်။ ဒါမှသာ နောက်ဆက်တွဲအပြန်အလှန် လက်စားချေတာတွေ ပပျောက်မှာပါ”ဟု ၎င်းက ဆိုသည်။

ဒီပဲယင်းမြို့နယ်သည် ရွှေဘိုခရိုင်၌ပါဝင်ပြီး စစ်အာဏာရှင်တော်လှန်ရေးအားကောင်းသည့် မြို့နယ်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။