Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက နိုင်ငံတကာတားမြစ် ဓါတုလက်နက်တွေ အသုံးပြုနေကြောင်း သံသယ ဝင်စရာတွေရှိနေ

မြန်မာနိုင်ငံမှာ ဓာတုလက်နက် သုံးစွဲမှုဆိုင်ရာ စွပ်စွဲချက်တွေက ၂၀၀၅ နဲ့ ၂၀၁၄ ခုနှစ်တွေမှာလည်း ပေါ်ပေါက်ခဲ့ဖူးပေမယ့် တိကျတဲ့ လက်ဆုပ်လက်ကိုင် သက်သေ မရှိခဲ့ပါဘူး။

(စစ်​ကောင်စီတပ်က ကရင်နီ ပြည်တွင် ဗုံးကျဲစဥ် နှင့် KPDF တပ်ဖွဲ့ဝင်တစ်ဦး စစ်တပ်ဒရုန်းမှကြဲချ​သောဓါတုဗုံးဟုသံသယရှိ​သော လက်နက်​ကြောင့်ရရှိ​သော ဒဏ်ရာကိုပြသစဥ်။ဓါတ်ပုံ-FBR ၊KNDF ၊CJ )
(စစ်​ကောင်စီတပ်က ကရင်နီ ပြည်တွင် ဗုံးကျဲစဥ် နှင့် KPDF တပ်ဖွဲ့ဝင်တစ်ဦး စစ်တပ်ဒရုန်းမှကြဲချ​သောဓါတုဗုံးဟုသံသယရှိ​သော လက်နက်​ကြောင့်ရရှိ​သော ဒဏ်ရာကိုပြသစဥ်။ဓါတ်ပုံ-FBR ၊KNDF ၊CJ )

-People’s Spring

အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံတကာက ဥပဒေနဲ့ တားမြစ်ထားတဲ့ စစ်လက်နက်တွေကို အသုံးပြုနေတယ်လို့ ယုံကြည်ရကြောင်း တော်လှန်ရေး အဖွဲ့အစည်း တချို့က စွပ်စွဲခဲ့ပြီး ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို တောင်းဆိုနေပါတယ်။

Al Jazeera သတင်းဌာနရဲ့ ဆောင်းပါးမှာ ဖော်ပြချက်အရ နိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်ထဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဒရုန်းတွေ အသုံးပြု တိုက်ခိုက်ချိန်မှာ အဲဒီလို တားမြစ်လက်နက်တွေ အသုံးပြုတယ်ဆိုတဲ့ မသင်္ကာစရာ အထောက်အထားတွေ တွေ့မြင်ခဲ့ရကြောင်းပါရှိနေပါတယ်။

ဧပြီလကုန်ပိုင်းတုန်းကကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကချင် PDF)ရဲ့ တော်လှန်ရေး တပ်သားတချို့ ဒဏ်ရာရစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ရဲဘော်တစ်ဦးဖြစ်တဲ့ အောင်ငယ်က Al Jazeeraဆီ သူ့အတွေ့အကြုံတွေကို ပြန်ပြောပြခဲ့ပါတယ်။ သူ့ရဲ့ အဆိုအရ တိုက်ခိုက်မှုနောက်ပိုင်း ရဲဘော်တွေရဲ့ ဒဏ်ရာတွေမှာ ပိုးမွှားဝင်ရောက်ပြီး တစ်ရှူးတွေ မြန်မြန်ဆန်ဆန် ဆွေးမြေ့ပျက်စီးကုန်တဲ့၊ ရှင်းပြရခက်တဲ့ လက္ခဏာတွေ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်က ကရင်နီ ပြည်တွင် ဗုံးကျဲစဥ် နှင့် KPDF တပ်ဖွဲ့ဝင်တစ်ဦး စစ်တပ်ဒရုန်းမှကြဲချ​သောဓါတုဗုံးဟုသံသယရှိ​သော လက်နက်​ကြောင့်ရရှိ​သော ဒဏ်ရာကိုပြသစဥ်။ဓါတ်ပုံ-FBR ၊KNDF ၊CJ )
(စစ်​ကောင်စီတပ်က ကရင်နီ ပြည်တွင် ဗုံးကျဲစဥ် နှင့် KPDF တပ်ဖွဲ့ဝင်တစ်ဦး စစ်တပ်ဒရုန်းမှကြဲချ​သောဓါတုဗုံးဟုသံသယရှိ​သော လက်နက်​ကြောင့်ရရှိ​သော ဒဏ်ရာကိုပြသစဥ်။ဓါတ်ပုံ-FBR ၊KNDF ၊CJ )

အဲဒီလို အခြေအနေမျိုးတွေကို ကူညီ ကုသပေးဖို့ လေ့ကျင့်ထားတဲ့ ဒေါက်တာ စိုးမင်းကလည်း တိုက်ခိုက်မှုအပြီး ကြုံရတဲ့ ဒဏ်ရာတွေရဲ့ လက္ခဏာတွေဟာ ပေါက်ကွဲမှုကြောင့်ရလာတဲ့ ဒဏ်ရာတွေနဲ့ ပုံစံမတူဘူးလို့ မှတ်ချက် ပေးခဲ့ပါတယ်။ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေ လျင်လျင်မြန်မြန် ပျက်စီးတဲ့ necrosis ဖြစ်စဉ်မျိုး တွေ့ရှိရတာကို အကြောင်းပြုပြီး စစ်ကောင်စီဟာ နိုင်ငံတကာက တားမြစ်ပိတ်ပင်ထားတဲ့ ဓာတုလက်နက်တွေ အသုံးပြုနေသလားဆိုတဲ့ စိုးရိမ်စရာ မေးခွန်းတွေ ခေါင်းထောင်လာတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်တုန်းက မြန်မာအစိုးရဟာ ဓာတုလက်နက်ဆိုင်ရာ ကွန်ဗင်းရှင်း သဘောတူညီချက်တွေကို လေးစားလိုက်နာကြောင်း ထပ်လောင်း အတည်ပြုခဲ့ပေမယ့် တချို့သော သမားရိုးကျ စစ်လက်နက်တွေ ကန့်သတ်ရေး ကွန်ဗင်းရှင်း သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး အလားတူ ချဉ်းကပ်မှုမျိုး မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ဓာတုလက်နက် သုံးစွဲမှုဆိုင်ရာ စွပ်စွဲချက်တွေက ၂၀၀၅ နဲ့ ၂၀၁၄ ခုနှစ်တွေမှာလည်း ပေါ်ပေါက်ခဲ့ဖူးပေမယ့် တိကျတဲ့ လက်ဆုပ်လက်ကိုင် သက်သေ မရှိခဲ့ပါဘူး။

အရပ်သားတွေကိုပါ ချမ်းသာမပေးဘဲ ရက်စက်တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အာဏာသိမ်း စစ်တပ်ဟာ လတ်တလော စစ်ရေးအရ ဆက်တိုက် ရှုံးနိမ့်နေမှုတွေကြောင့် ဓာတုလက်နက်တွေ အသုံးပြုတာမျိုး လုပ်ဆောင်လာနိုင်တယ်ဆိုတဲ့ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ အဲဒီအတွက်လည်း တိကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ အကောင်အထည် ဖော်နိုင်ဖို့ တောင်းဆိုမှုတွေ ပိုမို မြင့်တက်လာနေပါတယ်။

(စစ်​ကောင်စီတပ်က ကရင်နီ ပြည်တွင် ဗုံးကျဲစဥ် နှင့် KPDF တပ်ဖွဲ့ဝင်တစ်ဦး စစ်တပ်ဒရုန်းမှကြဲချ​သောဓါတုဗုံးဟုသံသယရှိ​သော လက်နက်​ကြောင့်ရရှိ​သော ဒဏ်ရာကိုပြသစဥ်။ဓါတ်ပုံ-FBR ၊KNDF ၊CJ )
(စစ်​ကောင်စီတပ်က ကရင်နီ ပြည်တွင် ဗုံးကျဲစဥ် နှင့် KPDF တပ်ဖွဲ့ဝင်တစ်ဦး စစ်တပ်ဒရုန်းမှကြဲချ​သောဓါတုဗုံးဟုသံသယရှိ​သော လက်နက်​ကြောင့်ရရှိ​သော ဒဏ်ရာကိုပြသစဥ်။ဓါတ်ပုံ-FBR ၊KNDF ၊CJ )

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM)တို့ဟာ စစ်ကောင်စီက တော်လှန်ရေး အင်အားစုတွေအပေါ် ဓာတုလက်နက်တွေ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲမှုတွေကို သက်သေပြနိုင်ဖို့ အပမ်းတကုတ် ကြိုးစားနေကြပါတယ်။

Al Jazeera အပါအဝင် နိုင်ငံတကာ မီဒီယာတွေက အဲဒီ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ နှုတ်ဆိတ်နေမှုတွေကြောင့်လည်း ပိုပြီးပွင့်လင်းမြင်သာမှုရှိ၊ တာဝန်ယူ တာဝန်ခံမှုရှိတဲ့ တုံ့ပြန်မှုမျိုးအပေါ် တောင်းဆိုမှုတွေ မြင့်တက်လာခဲ့ပါတယ်။

စစ်​ကောင်စီဟာ စစ်ရှုံးပြီးအထိနာလာရင် ဓါတုအဆိပ်ဗုံး​တွေကြဲတယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး) ၊ ကျားဖြူစစ်​ကြောင်း ၊ TNLA အပါအဝင် ​တော်လှန်​ရေူအဖွဲ့​တွေက ထုတ်ပြန်ဖူးပါတယ် ။

ကိုးကား-Al Jazeera

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။